တောင်ကိုရီးယားနိုင်ငံရှိ၊ ကွမ်ဟို တာယာ စက်ရုံမှ မီးလောင်မှုကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရ

 94

ရောင်နီ (NP News) - မေ ၁၈
တောင်ကိုရီးယားရဲ့အကြီးဆုံး တာယာ စက်ရုံသစ် ကွမ်ဟိုဟာ စနေနေ့ (မေလ ၁၇ ရက်) နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရတယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
နိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ဂျူမြို့မှာ တည်ဆောက်ထားတဲ့ ကွမ်ဟိုစက်ရုံရဲ့ထုတ်လုပ်မှုနှုန်းဟာ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုစွမ်းရည်ရဲ့ ၂၀ ရာခိုင်နှုန်း နီးပါးရှိပြီး တစ်နှစ်ကို တာယာ ၁၂ သန်း ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ကွမ်ဟိုစက်ရုံက ထုတ်လုပ်လိုက်တဲ့ တာယာတွေဟာ ဥရောပကို အများဆုံး ပို့ဆောင်လေ့ရှိပါတယ်။ မီးလောင်မှုကြောင့် ဝန်ထမ်းတစ်ဦးနဲ့ မီးသတ်သမား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မီးငြိမ်းသတ်ဖို့ မီးသတ်သမား ၃၅၅ ဦး၊ ယာဉ်အစီးရေ ၁၀၀ ခန့် အသုံးပြုခဲ့ရတယ်လို့ ဒေသတွင်း မီးသတ်အေဂျင်စီက ပြောပါတယ်။ ဒါအပြင် မီးလောင်မှု အလွန်ကြီးလွန်းတာကြောင့် ရက်အတော်ကြာ ဆက်လောင်ကျွမ်းသွားနိုင်တယ်လို့ အေဂျင်စီက ပြောပါတယိ။
မီးလောင်မှုဖြစ်ရတဲ့အကြောင်းရင်းကတော့ မီးလောင်လွယ်တဲ့ဓာတုပစ္စည်းတွေကို ရော်ဘာနဲ့ရောစပ်တဲ့ လုပ်ငန်းစဉ်မှာ မတော်တဆမှုဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားႏိုင္ငံရွိ၊ ကြမ္ဟို တာယာ စက္႐ုံမွ မီးေလာင္မႈေၾကာင့္ ထုတ္လုပ္မႈ ရပ္ဆိုင္းလိုက္ရ
ေရာင္နီ (NP News) - ေမ ၁၈

ေတာင္ကိုရီးယားရဲ႕အႀကီးဆုံး တာယာ စက္႐ုံသစ္ ကြမ္ဟိုဟာ စေနေန႔ (ေမလ ၁၇ ရက္) နံနက္ပိုင္းက မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့ၿပီး ထုတ္လုပ္မႈ ရပ္ဆိုင္းလိုက္ရတယ္လို႔ ကုမၸဏီ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားပါတယ္။
ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဂြမ္ဂ်ဴၿမိဳ႕မွာ တည္ေဆာက္ထားတဲ့ ကြမ္ဟိုစက္႐ုံရဲ႕ထုတ္လုပ္မႈႏႈန္းဟာ တစ္ကမာၻလုံး ထုတ္လုပ္မႈစြမ္းရည္ရဲ႕ ၂၀ ရာခိုင္ႏႈန္း နီးပါးရွိၿပီး တစ္ႏွစ္ကို တာယာ ၁၂ သန္း ထုတ္လုပ္ႏိုင္တယ္လို႔ သိရပါတယ္။ ကြမ္ဟိုစက္႐ုံက ထုတ္လုပ္လိုက္တဲ့ တာယာေတြဟာ ဥေရာပကို အမ်ားဆုံး ပို႔ေဆာင္ေလ့ရွိပါတယ္။ မီးေလာင္မႈေၾကာင့္ ဝန္ထမ္းတစ္ဦးနဲ႔ မီးသတ္သမား ႏွစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး မီးၿငိမ္းသတ္ဖို႔ မီးသတ္သမား ၃၅၅ ဦး၊ ယာဥ္အစီးေရ ၁၀၀ ခန႔္ အသုံးျပဳခဲ့ရတယ္လို႔ ေဒသတြင္း မီးသတ္ေအဂ်င္စီက ေျပာပါတယ္။ ဒါအျပင္ မီးေလာင္မႈ အလြန္ႀကီးလြန္းတာေၾကာင့္ ရက္အေတာ္ၾကာ ဆက္ေလာင္ကြၽမ္းသြားႏိုင္တယ္လို႔ ေအဂ်င္စီက ေျပာပါတယိ။
မီးေလာင္မႈျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့ မီးေလာင္လြယ္တဲ့ဓာတုပစၥည္းေတြကို ေရာ္ဘာနဲ႔ေရာစပ္တဲ့ လုပ္ငန္းစဥ္မွာ မေတာ္တဆမႈျဖစ္ကာ ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္တယ္လို႔ မီဒီယာေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.