ဂါဇာ-ပါလက်စတိုင်းတို့ထံ တရုတ်က လေကြောင်းမှ ရိက္ခာချပေးနေကြောင်း ကမ္ဘာ့နိုင်ငံအချင်းချင်းကြား အထင်အမြင်လွှဲမှားစေသည့် သတင်းဗွီဒီယိုတု ပျံ့နှံ့နေ

 592

Htay Oung (NP News) - မေ ၁၈

အစ္စရေးစစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ ဂါဇာပါလက်စတိုင်းတို့ထံ တရုတ်က လေကြောင်းမှ ရိက္ခာနဲ့ ဆေး ဝါးများချပေးနေကြောင်း သတင်းဗွီဒီယိုတိုလေးတွေကို ယခုရက်ပိုင်း TikTok နဲ့ လူမှုကွန်ရက်မှာ တွေ့မြင်ရ ပါတယ်။
တကယ်တော့ အဲဒီဗွီဒီယိုတွေဟာ လွန်ခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဇွန်လလည်ပိုင်းကတည်းက လူမှုကွန်ရက်မှာ ဖြန့် ဝေခဲ့ဖူးပြီး သတင်းမှားဖြစ်ကြောင်း Fact Check များက ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက သတင်းတု ဗွီဒီယိုတွေကို X (Twitter)၊ Facebook နဲ့ TikTok မှာ တစ်ပြိုင်တည်း လွှင့်တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တချို့ ဗွီဒီယိုတွေဟာ ၂၀၂၄-ခုနှစ် မတ်လ ၂ ရက် ဂါဇာကမ်းမြှောင်နေသူများထံ အမေရိကန်က အစားအစာများ ချပေးခဲ့တဲ့ဖြစ်ရပ်မှန်ဗွီဒီယိုကို အသုံးချပြီး တရုတ်က ချပေးတယ်လို့ လိမ်လည်ပုံစာရေးထိုးထားပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဂါဇာနေ ပါလက်စတိုင်းမြို့ကြီးများမှာ ဟားမတ်စ် စစ်သွေးကြွတို့ ပုန်းခိုရောနှောနေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အစ္စရေးက ဝိုင်းပတ်စစ်တိုက်နေခြင်းဖြစ်ပါတယ်။ အဲဒီလိုအချိန် အစ္စရေးမဟာမိတ် အမေရိကန်ရဲ့ပြိုင်ဘက် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံက ဂါဇာပါလက်စတိုင်းတို့ထံ လေကြောင်းမှ အကူအညီ များ ချပေးနေတယ်ဆိုခြင်းဟာ အခြေအနေကို အလွန်ရှုတ်ထွေးသွားအောင် ဖန်တီးရာ ရောက်ပါတယ်။
တရုတ်က ဂါဇာကမ်းမြောင်ဒေသနေ ပြည်သူများထံ လေကြောင်းမှ ရိက္ခာဆေးဝါးချပေးကြောင်း ယုံကြည်ရ လောက်တဲ့ သတင်းရင်းမြစ် မရှိသေးပါဘူး။ ဂါဇာ ပါလက်စတိုင်းတို့ထံ ရိက္ခာ-ဆေးဝါးနဲ့ အသက်ရှင်ရပ်တည်ရေး ပစ္စည်းများပေးပို့ နေကြတဲ့ နိုင်ငံများမှာ ဂျော်ဒန်၊ အမေရိကန်၊ ဗြိတိန်၊ ယူအေအီး၊ ဂျာမနီ၊ ပြင်သစ်၊ အင်ဒို နီးရှား၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ အီဂျစ်တို့ ပါဝင်ပါတယ်။
တရုတ်အစိုးရ ဝဘ်ဆိုဒ်မှာ ဖော်ပြချက်အရ ဂါဇာကမ်းမြှောင်ဒေသ အကျပ်အတည်းကို လျော့နည်း သက်သာ စေရန် အကူအညီပေးပို့တယ်လို့ဖော်ပြထားပေမယ့် လေယာဉ်နဲ့ ပို့ဆောင်ပေးတဲ့ အစားအသောက်များ အကြောင်း ပါဝင်ခြင်း မရှိပါဘူး။ ငွေကြေး၊ အစားအစာ၊ ဆေးဝါးနဲ့ အခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အီဂျစ်မှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရမ်မာဇန် လမြတ်ကာလ ရိက္ခာများကို ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း၊ မတ် ၂၈ ရက်နေ့မှာ ဆန်များကို အီဂျစ်နိုင်ငံ ပို့ဆက်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့ပြီး (ဂါဇာတောင်ပိုင်း) “ရာဖာစခန်း”မှတစ်ဆင့် ပါလက်စတိုင်း အရပ်သားများထံ ပေးပို့ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်များအသုံးပြုပြီး အစားအစာများကို ဝေဟင်မှ ပစ်ချခြင်းဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်အထီး ကျန် နေခိုက် လူတစ်ဦးချင်းစီအတွက် အသက်ကယ်အကူအညီများ အလွန်အမင်းလိုအပ်နေပြီး ဆိုးရွားတဲ့အကျပ် အတည်း အခြေအနေမျိုးမှာ အသုံးပြုတဲ့ နည်းဗျူဟာဖြစ်ပါတယ်။ အလှမ်းဝေးတဲ့ ဒေသများမှာ ပဋိပက္ခတစ်ခုခု သို့မဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အခါ ထောက်ပံ့ရေးပစ္စည်းများ အလျင်အမြန်ပေးပို့နိုင်ဖို့ အခြား နည်းလမ်း မရှိရင် အသုံးပြုကြပါတယ်။
လေယာဉ်မှ အစားအသောက်များကို ချပေးခြင်းမှာ အားနည်းချက်များ ရှိပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေဟာ မရည်ရွယ်သူ လက်တွင်း သို့မဟုတ် အန္တရာယ်ရှိတဲ့ နေရာများမှာ ကျဆင်းသွားနိုင်တဲ့အတွက် ချိန်ဆရန် အလွန် ခက်ခဲပါတယ်။ ပစ်ချသမျှ အဖတ်မတင်ပဲ အလေအလွင့်ဖြစ် ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒါအပြင် လေယာဉ်မှ အစား အစာများကို ချပေးခြင်းဟာ လက်ပူတိုက်အဖြေရှာခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းများအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခု မဟုတ်ပါဘူး။ အစားအစာများကို လူအများအပြားတို့က အလုအယက် ကောက်ယူတဲ့အတွက် လူစုလူဝေးဖြစ်စေနိုင်ပါတယ်။ ပစ်ချတဲ့ပစ္စည်းထုပ်ထိမှန်ပြီး လူသေဆုံးဒဏ်ရာရရှိခဲ့ကြဖူးပါ တယ်။ ဒါကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သို့မဟုတ် ကုလသမဂ္ဂလိုမျိုး နိုင်ငံတကာအဖွဲ့အစည်း များရဲ့ညှိနှိုင်း ဆောင်ရွက်မှုမရှိဘဲ ဝေဟင်မှ ရိက္ခာအကူအညီချပေးတာမျိုး လုပ်ဆောင်လေ့မရှိပါဘူး။
ဂါဇာ ပါလက်စတိုင်းတို့ထံ တရုတ်က လေကြောင်းမှ ရိက္ခာချပေးနေကြောင်း သတင်းလိမ် ဗွီဒီယိုကို ကမ္ဘာအ ရပ်ရပ် အကောင့်ပိုင်ရှင်များက လွှင့်တင်နေကြခြင်းဖြစ်ပါတယ်။ ယခုလို လွှင့်တင်ရခြင်းရဲ့ရည်ရွယ်ချက်ကို ခန့် မှန်းရန် မဖြစ်နိုင်ပေမယ့် “အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ တရုတ်လောက်တောင် အားမကိုးရဘူး” လို့ စာ သားရေးထိုးထားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအချင်းချင်းကြား အထင်အမြင်လွှဲမှားစေလိုကြောင်း သုံးသပ်ရပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ဂါဇာ-ပါလက္စတိုင္းတို႔ထံ တ႐ုတ္က ေလေၾကာင္းမွ ရိကၡာခ်ေပးေနေၾကာင္း ကမာၻ႔ႏိုင္ငံအခ်င္းခ်င္းၾကား အထင္အျမင္လႊဲမွားေစသည့္ သတင္းဗြီဒီယိုတု ပ်ံ႕ႏွံ႔ေန
Htay Oung (NP News) - ေမ ၁၈

အစၥေရးစစ္တပ္က ဝိုင္းပတ္ပိတ္ဆို႔ထားတဲ့ ဂါဇာပါလက္စတိုင္းတို႔ထံ တ႐ုတ္က ေလေၾကာင္းမွ ရိကၡာနဲ႔ ေဆး ဝါးမ်ားခ်ေပးေနေၾကာင္း သတင္းဗြီဒီယိုတိုေလးေတြကို ယခုရက္ပိုင္း TikTok နဲ႔ လူမႈကြန္ရက္မွာ ေတြ႕ျမင္ရ ပါတယ္။
တကယ္ေတာ့ အဲဒီဗြီဒီယိုေတြဟာ လြန္ခဲ့တဲ့ ၂ဝ၂၄ ခုႏွစ္ ဇြန္လလည္ပိုင္းကတည္းက လူမႈကြန္ရက္မွာ ျဖန႔္ ေဝခဲ့ဖူးၿပီး သတင္းမွားျဖစ္ေၾကာင္း Fact Check မ်ားက ေဖာ္ျပခဲ့ဖူးပါတယ္။ အဲဒီတုန္းက သတင္းတု ဗြီဒီယိုေတြကို X (Twitter)၊ Facebook နဲ႔ TikTok မွာ တစ္ၿပိဳင္တည္း လႊင့္တင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
တခ်ိဳ႕ ဗြီဒီယိုေတြဟာ ၂၀၂၄-ခုႏွစ္ မတ္လ ၂ ရက္ ဂါဇာကမ္းေျမႇာင္ေနသူမ်ားထံ အေမရိကန္က အစားအစာမ်ား ခ်ေပးခဲ့တဲ့ျဖစ္ရပ္မွန္ဗြီဒီယိုကို အသုံးခ်ၿပီး တ႐ုတ္က ခ်ေပးတယ္လို႔ လိမ္လည္ပုံစာေရးထိုးထားပါတယ္။ အားလုံးသိၾကတဲ့အတိုင္း ဂါဇာေန ပါလက္စတိုင္းၿမိဳ႕ႀကီးမ်ားမွာ ဟားမတ္စ္ စစ္ေသြးႂကြတို႔ ပုန္းခိုေရာေႏွာေနတယ္ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အစၥေရးက ဝိုင္းပတ္စစ္တိုက္ေနျခင္းျဖစ္ပါတယ္။ အဲဒီလိုအခ်ိန္ အစၥေရးမဟာမိတ္ အေမရိကန္ရဲ႕ၿပိဳင္ဘက္ ကမာၻ႔အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံက ဂါဇာပါလက္စတိုင္းတို႔ထံ ေလေၾကာင္းမွ အကူအညီ မ်ား ခ်ေပးေနတယ္ဆိုျခင္းဟာ အေျခအေနကို အလြန္ရႈတ္ေထြးသြားေအာင္ ဖန္တီးရာ ေရာက္ပါတယ္။
တ႐ုတ္က ဂါဇာကမ္းေျမာင္ေဒသေန ျပည္သူမ်ားထံ ေလေၾကာင္းမွ ရိကၡာေဆးဝါးခ်ေပးေၾကာင္း ယုံၾကည္ရ ေလာက္တဲ့ သတင္းရင္းျမစ္ မရွိေသးပါဘူး။ ဂါဇာ ပါလက္စတိုင္းတို႔ထံ ရိကၡာ-ေဆးဝါးနဲ႔ အသက္ရွင္ရပ္တည္ေရး ပစၥည္းမ်ားေပးပို႔ ေနၾကတဲ့ ႏိုင္ငံမ်ားမွာ ေဂ်ာ္ဒန္၊ အေမရိကန္၊ ၿဗိတိန္၊ ယူေအအီး၊ ဂ်ာမနီ၊ ျပင္သစ္၊ အင္ဒို နီးရွား၊ နယ္သာလန္၊ ဘယ္လ္ဂ်ီယံနဲ႔ အီဂ်စ္တို႔ ပါဝင္ပါတယ္။
တ႐ုတ္အစိုးရ ဝဘ္ဆိုဒ္မွာ ေဖာ္ျပခ်က္အရ ဂါဇာကမ္းေျမႇာင္ေဒသ အက်ပ္အတည္းကို ေလ်ာ့နည္း သက္သာ ေစရန္ အကူအညီေပးပို႔တယ္လို႔ေဖာ္ျပထားေပမယ့္ ေလယာဥ္နဲ႔ ပို႔ေဆာင္ေပးတဲ့ အစားအေသာက္မ်ား အေၾကာင္း ပါဝင္ျခင္း မရွိပါဘူး။ ေငြေၾကး၊ အစားအစာ၊ ေဆးဝါးနဲ႔ အျခား လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားကို အီဂ်စ္မွတစ္ဆင့္ ဂါဇာကမ္းေျမာင္သို႔ေပးပို႔ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ ရမ္မာဇန္ လျမတ္ကာလ ရိကၡာမ်ားကို ထပ္မံေထာက္ပံ့ေပးခဲ့ေၾကာင္း၊ မတ္ ၂၈ ရက္ေန႔မွာ ဆန္မ်ားကို အီဂ်စ္ႏိုင္ငံ ပို႔ဆက္ဆိပ္ကမ္းသို႔ သေဘၤာျဖင့္ ပို႔ေဆာင္ခဲ့ၿပီး (ဂါဇာေတာင္ပိုင္း) “ရာဖာစခန္း”မွတစ္ဆင့္ ပါလက္စတိုင္း အရပ္သားမ်ားထံ ေပးပို႔ခဲ့ တယ္လို႔ ေဖာ္ျပထားပါတယ္။

ေလယာဥ္မ်ားအသုံးျပဳၿပီး အစားအစာမ်ားကို ေဝဟင္မွ ပစ္ခ်ျခင္းဟာ ျပင္ပကမာၻနဲ႔ အဆက္ျပတ္အထီး က်န္ ေနခိုက္ လူတစ္ဦးခ်င္းစီအတြက္ အသက္ကယ္အကူအညီမ်ား အလြန္အမင္းလိုအပ္ေနၿပီး ဆိုး႐ြားတဲ့အက်ပ္ အတည္း အေျခအေနမ်ိဳးမွာ အသုံးျပဳတဲ့ နည္းဗ်ဴဟာျဖစ္ပါတယ္။ အလွမ္းေဝးတဲ့ ေဒသမ်ားမွာ ပဋိပကၡတစ္ခုခု သို႔မဟုတ္ သဘာဝေဘးအႏၲရာယ္က်ေရာက္တဲ့အခါ ေထာက္ပံ့ေရးပစၥည္းမ်ား အလ်င္အျမန္ေပးပို႔ႏိုင္ဖို႔ အျခား နည္းလမ္း မရွိရင္ အသုံးျပဳၾကပါတယ္။
ေလယာဥ္မွ အစားအေသာက္မ်ားကို ခ်ေပးျခင္းမွာ အားနည္းခ်က္မ်ား ရွိပါတယ္။ ေထာက္ပံ့ေရးပစၥည္းေတြဟာ မရည္႐ြယ္သူ လက္တြင္း သို႔မဟုတ္ အႏၲရာယ္ရွိတဲ့ ေနရာမ်ားမွာ က်ဆင္းသြားႏိုင္တဲ့အတြက္ ခ်ိန္ဆရန္ အလြန္ ခက္ခဲပါတယ္။ ပစ္ခ်သမွ် အဖတ္မတင္ပဲ အေလအလြင့္ျဖစ္ ပ်က္စီးဆုံးရႈံးႏိုင္ပါတယ္။ ဒါအျပင္ ေလယာဥ္မွ အစား အစာမ်ားကို ခ်ေပးျခင္းဟာ လက္ပူတိုက္အေျဖရွာျခင္းျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့ အက်ပ္အတည္းမ်ားအတြက္ ေရရွည္တည္တံ့တဲ့ ေျဖရွင္းခ်က္တစ္ခု မဟုတ္ပါဘူး။ အစားအစာမ်ားကို လူအမ်ားအျပားတို႔က အလုအယက္ ေကာက္ယူတဲ့အတြက္ လူစုလူေဝးျဖစ္ေစႏိုင္ပါတယ္။ ပစ္ခ်တဲ့ပစၥည္းထုပ္ထိမွန္ၿပီး လူေသဆုံးဒဏ္ရာရရွိခဲ့ၾကဖူးပါ တယ္။ ဒါေၾကာင့္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ သို႔မဟုတ္ ကုလသမဂၢလိုမ်ိဳး ႏိုင္ငံတကာအဖြဲ႕အစည္း မ်ားရဲ႕ညႇိႏႈိင္း ေဆာင္႐ြက္မႈမရွိဘဲ ေဝဟင္မွ ရိကၡာအကူအညီခ်ေပးတာမ်ိဳး လုပ္ေဆာင္ေလ့မရွိပါဘူး။
ဂါဇာ ပါလက္စတိုင္းတို႔ထံ တ႐ုတ္က ေလေၾကာင္းမွ ရိကၡာခ်ေပးေနေၾကာင္း သတင္းလိမ္ ဗြီဒီယိုကို ကမာၻအ ရပ္ရပ္ အေကာင့္ပိုင္ရွင္မ်ားက လႊင့္တင္ေနၾကျခင္းျဖစ္ပါတယ္။ ယခုလို လႊင့္တင္ရျခင္းရဲ႕ရည္႐ြယ္ခ်က္ကို ခန႔္ မွန္းရန္ မျဖစ္ႏိုင္ေပမယ့္ “အေရွ႕အလယ္ပိုင္းႏိုင္ငံေတြဟာ တ႐ုတ္ေလာက္ေတာင္ အားမကိုးရဘူး” လို႔ စာ သားေရးထိုးထားျခင္းေၾကာင့္ ကမာၻ႔ႏိုင္ငံအခ်င္းခ်င္းၾကား အထင္အျမင္လႊဲမွားေစလိုေၾကာင္း သုံးသပ္ရပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.