အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်

117

Pika (NP News) - မေ ၁၉
အီရန်နဲ့အဇာဘိုင်ဂျန်နိုင်ငံတို့ရဲ့တပ်ဖွဲ့တွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံကို အီရန်သမ္မတ သွားရောက်လည်ပတ်ခဲ့ပီဲးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ ယခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။
လာမယ့်မေလ(၂၁)ရက်အထိ လုပ်ဆောင်မယ့် “Aras-2025” စစ်ရေးလေ့ကျင့်ခန်းမှာ အီရန်တပ်ဖွဲ့တွေနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေ ပါဝင်တယ်လို့ IRNA သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစစ်ရေး လေ့ကျင့်မှုကို အဇာဘိုင်ဂျန်နဲ့အာမေးနီးယားနိုင်ငံကြား အငြင်းပွားမှုတွေဖြစ်ပွားခဲ့တဲ့ Karabakh ဒေသမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အီရန်စစ်တပ်က “ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နယ်စပ်လုံခြုံရေးကိုမြှင့်တင်ပြီး အလားအလာရှိတဲ့ ခြိမ်းခြောက်မှု တွေကို ရင်ဆိုင်ရာမှာ အဓိကကျတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အီရန်ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့ဆက်ဆံရေးနယ်ပယ်တွေအားလုံးမှာ တိုးတက်မှုတွေရှိစေဖို့ သေချာအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ Masoud Pezeshkian က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ ယခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
အီရန္နဲ႔ အဇာဘိုင္ဂ်န္ၾကား ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုျပဳလုပ္
Pika (NP News) - ေမ ၁၉
အီရန္နဲ႔အဇာဘိုင္ဂ်န္ႏိုင္ငံတို႔ရဲ႕တပ္ဖြဲ႕ေတြဟာ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုကိုျပဳလုပ္ခဲ့တယ္လို႔ အီရန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ အဇာဘိုင္ဂ်န္ႏိုင္ငံကို အီရန္သမၼတ သြားေရာက္လည္ပတ္ခဲ့ပီဲးေနာက္ သီတင္းပတ္ အနည္းငယ္အၾကာမွာ ယခုလိုပူးတြဲစစ္ေရးေလ့က်င့္မႈထြက္ေပၚလာတာျဖစ္ပါတယ္။
လာမယ့္ေမလ(၂၁)ရက္အထိ လုပ္ေဆာင္မယ့္ “Aras-2025” စစ္ေရးေလ့က်င့္ခန္းမွာ အီရန္တပ္ဖြဲ႕ေတြနဲ႔ အဇာဘိုင္ဂ်န္တပ္ဖြဲ႕ေတြ ပါဝင္တယ္လို႔ IRNA သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီစစ္ေရး ေလ့က်င့္မႈကို အဇာဘိုင္ဂ်န္နဲ႔အာေမးနီးယားႏိုင္ငံၾကား အျငင္းပြားမႈေတြျဖစ္ပြားခဲ့တဲ့ Karabakh ေဒသမွာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အီရန္စစ္တပ္က “ဒီပူးတြဲစစ္ေရးေလ့က်င့္မႈဟာ နယ္စပ္လုံၿခဳံေရးကိုျမႇင့္တင္ၿပီး အလားအလာရွိတဲ့ ၿခိမ္းေျခာက္မႈ ေတြကို ရင္ဆိုင္ရာမွာ အဓိကက်တဲ့ ေျခလွမ္းတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အီရန္ဟာ အဇာဘိုင္ဂ်န္ႏိုင္ငံနဲ႔ဆက္ဆံေရးနယ္ပယ္ေတြအားလုံးမွာ တိုးတက္မႈေတြရွိေစဖို႔ ေသခ်ာေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမယ္လို႔ အီရန္သမၼတ Masoud Pezeshkian က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္ အနည္းငယ္အၾကာမွာ ယခုလိုပူးတြဲစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။