အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား

 521

Pika (NP News) - မေ ၁၉

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဘရွတ်ကလင်းတံတားကို မက္ကဆီကိုရေတပ်လေ့ကျင့်ရေးသင်္ဘောတစ်စီးက ဝင်တိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မြို့ မြို့တော်ဝန် အဲရစ်အဒမ်က “မက္ကဆီကိုရေတပ်လေ့ကျင့်ရေးသင်္ဘော ARM Cuauhtémoc ဟာ ပါဝါပြတ်တောက်သွားမှုနဲ့အတူ ဘရွတ်ကလင်းတံတားကို ဝင်တိုက်မိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ သင်္ဘောပေါ်မှာ လိုက်ပါလာသူ(၂၇၇)ဦးရှိပြီး (၂)ဦးကတော့ ထိခိုက်ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီသင်္ဘောဟာ ဘရွတ်ကလင်းတံတားအောက်ကနေ ဖြတ်သန်းဖို့ကြိုးပမ်းစဉ်အချိန်အတွင်း ရွက်တိုင်တွေက တံတားနဲ့မလွတ်ဘဲ ဝင်တိုက်မိခဲ့ပြီးနောက် ယခုလိုသေဆုံးမှုတွေဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း ရေထဲကိုပြုတ်ကျခဲ့တဲ့သူမရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ချက်ချင်း ပို့ဆောင်ခဲ့တယ်လို့ New York Post က ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က ဘ႐ြတ္ကလင္းတံတားကို သေဘၤာတစ္စီး ဝင္တိုက္မႈျဖစ္ပြား
Pika (NP News) - ေမ ၁၉
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕က ဘ႐ြတ္ကလင္းတံတားကို မကၠဆီကိုေရတပ္ေလ့က်င့္ေရးသေဘၤာတစ္စီးက ဝင္တိုက္မိခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၇)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ နယူးေယာက္ၿမိဳ႕ ၿမိဳ႕ေတာ္ဝန္ အဲရစ္အဒမ္က “မကၠဆီကိုေရတပ္ေလ့က်င့္ေရးသေဘၤာ ARM Cuauhtémoc ဟာ ပါဝါျပတ္ေတာက္သြားမႈနဲ႔အတူ ဘ႐ြတ္ကလင္းတံတားကို ဝင္တိုက္မိခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ျဖစ္ပြားခ်ိန္မွာ သေဘၤာေပၚမွာ လိုက္ပါလာသူ(၂၇၇)ဦးရွိၿပီး (၂)ဦးကေတာ့ ထိခိုက္ဒဏ္ရာေတြနဲ႔အတူ ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီသေဘၤာဟာ ဘ႐ြတ္ကလင္းတံတားေအာက္ကေန ျဖတ္သန္းဖို႔ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း ႐ြက္တိုင္ေတြက တံတားနဲ႔မလြတ္ဘဲ ဝင္တိုက္မိခဲ့ၿပီးေနာက္ ယခုလိုေသဆုံးမႈေတြျဖစ္ပြားခဲ့ရတာျဖစ္တယ္လို႔ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ေရထဲကိုျပဳတ္က်ခဲ့တဲ့သူမရွိေၾကာင္းနဲ႔ ထိခိုက္ဒဏ္ရာရရွိသူေတြကို ေဆး႐ုံကို ခ်က္ခ်င္း ပို႔ေဆာင္ခဲ့တယ္လို႔ New York Post က ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.