မြောက်ကိုရီးယား၏ ဖျက်သင်္ဘောရေချမှုအခမ်းအနားအတွင်း မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရ

954

Pika (NP News) - မေ ၂၃
မြောက်ကိုရီးယားစစ်တပ်သည် အလေးချိန်တန်ချိန်(၅၀၀၀)ရှိသော ဖျက်သင်္ဘောကို ရေချမှုအခမ်းအနားအတွင်း ပြင်းထန်သောမတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကရေးသားဖော်ပြခဲ့သည်။ Chongjin သင်္ဘောကျင်းတွင် ပြုလုပ်သည့် အဆိုပါရေချမှုအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တက်ရောက်ခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် ကင်ဂျုံအန်းသည် အဆိုပါမတော်တဆမှုကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက် ပြစ်တင်ရှုတ်ချမှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အစီရင်ခံစာများအရ ဖျက်သင်္ဘော၏ ပဲ့ပိုင်းအောက်ရှိ လျှောစနစ်က ရွေ့သွားခဲ့ပြီးနောက် အခြားလျှောစနစ်များက တစ်ချိန်တည်း မရွေ့ခဲ့မှုနှင့်အတူ သင်္ဘောမှာထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါဖြစ်ရပ်ကို အတွေ့အကြုံမရှိသောအမိန့်ပေးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပေါ့လျော့မှုတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူများက ပြစ်တင်ပြောဆိုခဲ့သည်။
ကင်ဂျုံအန်းက အဆိုပါဖြစ်ရပ်ကို ရာဇဝတ်မှုဆိုင်ရာပေါ့ဆမှု၏ လက်မခံနိုင်စရာလုပ်ရပ်တစ်ခုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ပြုပြင်မှုများချက်ချင်းလုပ်ဆောင်ရန် အမိန့်ပေးခဲ့ကြောင်းသိရသည်။လာမည့်ဇွန်လတွင်ကျင်းပမည့် အာဏာရ ကိုရီးယားအလုပ်သမားပါတီ၏ အဓိကအစည်းအဝေးမတိုင်မီ သင်္ဘောကို အပြည့်အဝပြန်လည်ထိန်းသိမ်းထားရန် ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်းလည်းသိရသည်။သို့သော်လည်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုဖိုင်များကို မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
zawgyi version
ေျမာက္ကိုရီးယား၏ ဖ်က္သေဘၤာေရခ်မႈအခမ္းအနားအတြင္း မေတာ္တဆမႈတစ္ခုကို ႀကဳံေတြ႕ခဲ့ရ
Pika (NP News) - ေမ ၂၃
ေျမာက္ကိုရီးယားစစ္တပ္သည္ အေလးခ်ိန္တန္ခ်ိန္(၅၀၀၀)ရွိေသာ ဖ်က္သေဘၤာကို ေရခ်မႈအခမ္းအနားအတြင္း ျပင္းထန္ေသာမေတာ္တဆမႈတစ္ခုကို ႀကဳံေတြ႕ခဲ့ရေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာကေရးသားေဖာ္ျပခဲ့သည္။ Chongjin သေဘၤာက်င္းတြင္ ျပဳလုပ္သည့္ အဆိုပါေရခ်မႈအခမ္းအနားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက တက္ေရာက္ခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ကင္ဂ်ဳံအန္းသည္ အဆိုပါမေတာ္တဆမႈကို မ်က္ျမင္ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ျပစ္တင္ရႈတ္ခ်မႈမ်ားကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အစီရင္ခံစာမ်ားအရ ဖ်က္သေဘၤာ၏ ပဲ့ပိုင္းေအာက္ရွိ ေလွ်ာစနစ္က ေ႐ြ႕သြားခဲ့ၿပီးေနာက္ အျခားေလွ်ာစနစ္မ်ားက တစ္ခ်ိန္တည္း မေ႐ြ႕ခဲ့မႈႏွင့္အတူ သေဘၤာမွာထိခိုက္ပ်က္စီးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။အဆိုပါျဖစ္ရပ္ကို အေတြ႕အႀကဳံမရွိေသာအမိန႔္ေပးမႈႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာေပါ့ေလ်ာ့မႈတစ္ခုျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ျပစ္တင္ေျပာဆိုခဲ့သည္။
ကင္ဂ်ဳံအန္းက အဆိုပါျဖစ္ရပ္ကို ရာဇဝတ္မႈဆိုင္ရာေပါ့ဆမႈ၏ လက္မခံႏိုင္စရာလုပ္ရပ္တစ္ခုအျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ျပဳျပင္မႈမ်ားခ်က္ခ်င္းလုပ္ေဆာင္ရန္ အမိန႔္ေပးခဲ့ေၾကာင္းသိရသည္။လာမည့္ဇြန္လတြင္က်င္းပမည့္ အာဏာရ ကိုရီးယားအလုပ္သမားပါတီ၏ အဓိကအစည္းအေဝးမတိုင္မီ သေဘၤာကို အျပည့္အဝျပန္လည္ထိန္းသိမ္းထားရန္ ကင္ဂ်ဳံအန္းက ၫႊန္ၾကားခဲ့ေၾကာင္းလည္းသိရသည္။သို႔ေသာ္လည္း အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ဓါတ္ပုံ သို႔မဟုတ္ ဗီဒီယိုဖိုင္မ်ားကို ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။