ငလျင် ကြောင့်ပျက်စီးသွားသည့်မီတာများအခမဲ့ပြန်လည်တပ်ဆင်ပေးမည်

474

NP News မေလ (၂၈) ရက်
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့မှ မီတာများကို သေချာစွာ စာရင်းကောက်ယူထားပြီး လုံးဝပျက်စီးသွားတဲ့ မီတာများကို အခမဲ့ ပြန်လည်တပ်ဆင်ပေးသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ငလျင်ကြောင့် ပျက်စီးသွားတဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာ စသဖြင့် ပျက်စီးသွားတဲ့ မီတာတွေကို နိုင်ငံတော်မှ အစားထိုး ပြန်လည်တပ်ဆင်ပေးသွားပါမယ်။ စာရင်းတွေကို သေချာကောက်ယူထားပြီးဖြစ်ပါတယ်။ အဲဒီမှာ ပြန်လည် တပ်ဆင်လို့ရတဲ့ မီတာတွေနဲ့ လုံးဝပျက်စီးသွားတဲ့ မီတာတွေကို ခွဲခြားထားပြီးတော့ လုံးဝပျက်စီးသွားတာတွေကိုလည်း အိမ်ရှင်အနေနဲ့ ဘာမှ ပြန်ပေးစရာမလိုပါဘူး။ တချို့ဆို ပြိုသွားတဲ့အထဲ မီတာဘောက်တွေ ကြေသွားတာတွေ ပါတယ်။ တချို့ကြတော့လည်း မီတာကတော့ အလုံးလိုက် ပျက်စီးသွားတာမဟုတ်ဘူး။ အလုံးလိုက် အကောင်းအတိုင်းရှိတယ်ဆိုရင် ပြန်လည်တပ်ဆင်ပြီးတော့ ဓာတ်အားဖြန့်ဖြူးလျက်ရှိပါတယ်”ဟု ပြောကြားသည်။
ထိုကြောင့် ပြန်လည်တပ်ဆင်ရာတွင် မည်သည့်ဒဏ်ကြေးမှ ကောက်ခံခြင်း မရှိဘဲ အစအဆုံးပြန်လည် တပ်ဆင်ပေးသွားမှာဖြစ်ပြီး အိမ်ရှင်အပြစ်မဟုတ်ဘဲ သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ မည်သည့် အခကြေးငွေမှ ပေးစရာမလိုကြောင်း၊ အချို့အိမ်နှင့် အဆောက်အဦများ ပြိုကျခဲ့သည့် နေရာမှ မီတာများကိုလည်း ဒေသခံပြည်သူများမှ လျှပ်စစ်ရုံးများသို့ လာရောက်အပ်နှံထားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မီးသုံးစွဲခြင်း မရှိခြင်းကြောင့် ပျက်စီးသွားသည့် မီတာတွေကို ဒဏ်ကြေးများ၊ မီတာခများကောက်ခံခြင်းများမရှိရန် Demand ပိတ်ထားခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
မီတာပျက်စီးသွားသော အိမ်များ နှင့် ရုံးဌာနများအနေဖြင့် အဆောက်အဦးများပြန်လည်ပြုပြင်တည်ဆောက်ပြီး ချိန်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အကြောင်းကြားလာပါက မူလအသုံးပြုခဲ့သည့် မီတာများကို ပြန်လည်တပ်ဆင်ပေးသွားမည်ဟုသိရသည်။

Zawgyi Version:
ငလ်င္ ေၾကာင့္ပ်က္စီးသြားသည့္မီတာမ်ားအခမဲ့ျပန္လည္တပ္ဆင္ေပးမည္
NP News ေမလ (၂၈) ရက္
မႏၲေလးငလ်င္ႀကီးေၾကာင့္ ပ်က္စီးသြားသည့္ စစ္ကိုင္းၿမိဳ႕မွ မီတာမ်ားကို ေသခ်ာစြာ စာရင္းေကာက္ယူထားၿပီး လုံးဝပ်က္စီးသြားတဲ့ မီတာမ်ားကို အခမဲ့ ျပန္လည္တပ္ဆင္ေပးသြားမည္ဟု စစ္ကိုင္းတိုင္းေဒသႀကီး လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းမွ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက “ငလ်င္ေၾကာင့္ ပ်က္စီးသြားတဲ့ အိမ္သုံးမီတာ၊ ပါဝါမီတာ စသျဖင့္ ပ်က္စီးသြားတဲ့ မီတာေတြကို ႏိုင္ငံေတာ္မွ အစားထိုး ျပန္လည္တပ္ဆင္ေပးသြားပါမယ္။ စာရင္းေတြကို ေသခ်ာေကာက္ယူထားၿပီးျဖစ္ပါတယ္။ အဲဒီမွာ ျပန္လည္ တပ္ဆင္လို႔ရတဲ့ မီတာေတြနဲ႔ လုံးဝပ်က္စီးသြားတဲ့ မီတာေတြကို ခြဲျခားထားၿပီးေတာ့ လုံးဝပ်က္စီးသြားတာေတြကိုလည္း အိမ္ရွင္အေနနဲ႔ ဘာမွ ျပန္ေပးစရာမလိုပါဘူး။ တခ်ိဳ႕ဆို ၿပိဳသြားတဲ့အထဲ မီတာေဘာက္ေတြ ေၾကသြားတာေတြ ပါတယ္။ တခ်ိဳ႕ၾကေတာ့လည္း မီတာကေတာ့ အလုံးလိုက္ ပ်က္စီးသြားတာမဟုတ္ဘူး။ အလုံးလိုက္ အေကာင္းအတိုင္းရွိတယ္ဆိုရင္ ျပန္လည္တပ္ဆင္ၿပီးေတာ့ ဓာတ္အားျဖန႔္ျဖဴးလ်က္ရွိပါတယ္”ဟု ေျပာၾကားသည္။
ထိုေၾကာင့္ ျပန္လည္တပ္ဆင္ရာတြင္ မည္သည့္ဒဏ္ေၾကးမွ ေကာက္ခံျခင္း မရွိဘဲ အစအဆုံးျပန္လည္ တပ္ဆင္ေပးသြားမွာျဖစ္ၿပီး အိမ္ရွင္အျပစ္မဟုတ္ဘဲ သဘာဝေဘးေၾကာင့္ ျဖစ္ပြားခဲ့ျခင္းျဖစ္ရာ မည္သည့္ အခေၾကးေငြမွ ေပးစရာမလိုေၾကာင္း၊ အခ်ိဳ႕အိမ္ႏွင့္ အေဆာက္အဦမ်ား ၿပိဳက်ခဲ့သည့္ ေနရာမွ မီတာမ်ားကိုလည္း ေဒသခံျပည္သူမ်ားမွ လွ်ပ္စစ္႐ုံးမ်ားသို႔ လာေရာက္အပ္ႏွံထားခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ မီးသုံးစြဲျခင္း မရွိျခင္းေၾကာင့္ ပ်က္စီးသြားသည့္ မီတာေတြကို ဒဏ္ေၾကးမ်ား၊ မီတာခမ်ားေကာက္ခံျခင္းမ်ားမရွိရန္ Demand ပိတ္ထားျခင္းမ်ားကိုလည္း ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
မီတာပ်က္စီးသြားေသာ အိမ္မ်ား ႏွင့္ ႐ုံးဌာနမ်ားအေနျဖင့္ အေဆာက္အဦးမ်ားျပန္လည္ျပဳျပင္တည္ေဆာက္ၿပီး ခ်ိန္၌ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးျခင္းလုပ္ငန္းကို အေၾကာင္းၾကားလာပါက မူလအသုံးျပဳခဲ့သည့္ မီတာမ်ားကို ျပန္လည္တပ္ဆင္ေပးသြားမည္ဟုသိရသည္။