အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဘရာဇီးသမ္မတဟောင်းကို ထောင်ဒဏ် (၂၇) နှစ် အမိန့်ချမှတ်

132

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄
ဘရာဇီး တရားရုံးချုပ်သည် သမ္မတဟောင်း ဘိုလ်ဆိုနာရိုကို ထောင်ဒဏ် (၂၇) နှစ် နှင့် (၃) လ ပြစ်ဒဏ်ချ မှတ်လိုက်ကြောင်းသိရသည်။ အဆိုပါ သမ္မတဟောင်းသည် စစ်အာဏာသိမ်းရန် ကြံစည် ကြိုးစားသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် တရား ရုံးချုပ်က သမ္မတဟောင်းကို ထောင်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သော (၂၀၂၂) ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုကိုသည် ရှုံးနိမ့်ခဲ့ ပြီးနောက် အာဏာကို လက်မလွှတ်ရစေရန် စစ်အာဏသိမ်းရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခံ နေရသည်။ ထို့အပြင်တရားရုံး သည် သမ္မတဟောင်း ကို (၂၀၃၃) ခုနှစ်အထိ အစိုးရအဖွဲ့စည်းများနှင့် ဆိုင်သော ရွေးကောက်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခြင်း ကိုလည်း ပိတ်ပင်ခဲ့ကြောင်းသိရသည်။
ဘိုလ်ဆိုနာရိုက ၎င်းကို (၂၀၂၆) ခုနှစ် တွင်ကျင်းပမည့်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မလုပ်ဆောင်နိုင် ရန်အတွက် လက်ရှိ ဘရာဇီးအစိုးရ အဖွဲ့ကကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ဘရာဇီးသမ္မတဟောင်းသည် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ရင်းနှီးသော မိတ်ဆွေဖြစ်ရာ ၎င်းကို စွဲချက် တင်ရန် ကြိုးပမ်းခြင်းများအတွက် အမေရိကန် သမ္မတက ဘရာဇီးနိုင်ငံမှတင်သွင်းသော ကုန်စည်များကို အခွန် (၅၀) ရာခိုင်နှုန်းကောက်ခံရန် စည်းကမ်းသတ် မှတ်ခဲ့ ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘ဘရာဇီးသမ္မတဟောင်းအပေါ် ချမှတ်တဲ့ပြစ်ဒဏ် နဲ့ ပတ်သက်ပြီး အလွန် အံအားသင့်မိတယ်။ ဘရာဇီးနိုင်ငံအတွက် အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ် တယ်’ ဟုပြောသည်။
ဘိုလ်ဆိုနာရိုသည် ဘရာဇီးနိုင်ငံ သမ္မတအဖြစ် (၂၀၁၉) ခုနှစ်မှ (၂၀၂၃) ခုနှစ်အထိ တာဝန် ယူခဲ့သူဖြစ် ကြောင်းသိရသည်။ ဘရာဇီး တရားရုံးချုပ် တရားသူကြီး (၅) ဦးက ဘိုလ်ဆိုနာရိုကို ပြစ်မှု (၅)ခုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ထောင်ဒဏ် (၂၇) နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ဘိုလ်ဆိုနာရို၏ရှေ့နေ များကတော့ ပြစ်ဒဏ်များနှင့်ပတ်သက်ပြီး အယူခံဝင်သွား မည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
အာဏာသိမ္းရန္ ႀကံစည္မႈျဖင့္ ဘရာဇီးသမၼတေဟာင္းကို ေထာင္ဒဏ္ (၂၇) ႏွစ္ အမိန႔္ခ်မွတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄
ဘရာဇီး တရား႐ုံးခ်ဳပ္သည္ သမၼတေဟာင္း ဘိုလ္ဆိုနာ႐ိုကို ေထာင္ဒဏ္ (၂၇) ႏွစ္ ႏွင့္ (၃) လ ျပစ္ဒဏ္ခ် မွတ္လိုက္ေၾကာင္းသိရသည္။ အဆိုပါ သမၼတေဟာင္းသည္ စစ္အာဏာသိမ္းရန္ ႀကံစည္ ႀကိဳးစားသည္ကို စစ္ေဆး ေတြ႕ရွိခဲ့ၿပီးေနာက္ တရား ႐ုံးခ်ဳပ္က သမၼတေဟာင္းကို ေထာင္ဒဏ္ခ်မွတ္ လိုက္ျခင္းျဖစ္သည္။
ၿပီးခဲ့ေသာ (၂၀၂၂) ခုႏွစ္က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ဘရာဇီးသမၼတ ဘိုလ္ဆိုနာ႐ိုကိုသည္ ရႈံးနိမ့္ခဲ့ ၿပီးေနာက္ အာဏာကို လက္မလႊတ္ရေစရန္ စစ္အာဏသိမ္းရန္ ႀကံစည္ခဲ့သည္ဟု စြပ္စြဲခံ ေနရသည္။ ထို႔အျပင္တရား႐ုံး သည္ သမၼတေဟာင္း ကို (၂၀၃၃) ခုႏွစ္အထိ အစိုးရအဖြဲ႕စည္းမ်ားႏွင့္ ဆိုင္ေသာ ေ႐ြးေကာက္ပြဲမ်ားကို ပါဝင္ယွဥ္ၿပိဳင္ျခင္း ကိုလည္း ပိတ္ပင္ခဲ့ေၾကာင္းသိရသည္။
ဘိုလ္ဆိုနာ႐ိုက ၎ကို (၂၀၂၆) ခုႏွစ္ တြင္က်င္းပမည့္ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ျခင္း မလုပ္ေဆာင္ႏိုင္ ရန္အတြက္ လက္ရွိ ဘရာဇီးအစိုးရ အဖြဲ႕ကႀကိဳးပမ္းခဲ့ျခင္းျဖစ္သည္ဟုသိရသည္။ ဘရာဇီးသမၼတေဟာင္းသည္ အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ရင္းႏွီးေသာ မိတ္ေဆြျဖစ္ရာ ၎ကို စြဲခ်က္ တင္ရန္ ႀကိဳးပမ္းျခင္းမ်ားအတြက္ အေမရိကန္ သမၼတက ဘရာဇီးႏိုင္ငံမွတင္သြင္းေသာ ကုန္စည္မ်ားကို အခြန္ (၅၀) ရာခိုင္ႏႈန္းေကာက္ခံရန္ စည္းကမ္းသတ္ မွတ္ခဲ့ ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ‘ဘရာဇီးသမၼတေဟာင္းအေပၚ ခ်မွတ္တဲ့ျပစ္ဒဏ္ နဲ႔ ပတ္သက္ၿပီး အလြန္ အံအားသင့္မိတယ္။ ဘရာဇီးႏိုင္ငံအတြက္ အလြန္ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ တယ္’ ဟုေျပာသည္။
ဘိုလ္ဆိုနာ႐ိုသည္ ဘရာဇီးႏိုင္ငံ သမၼတအျဖစ္ (၂၀၁၉) ခုႏွစ္မွ (၂၀၂၃) ခုႏွစ္အထိ တာဝန္ ယူခဲ့သူျဖစ္ ေၾကာင္းသိရသည္။ ဘရာဇီး တရား႐ုံးခ်ဳပ္ တရားသူႀကီး (၅) ဦးက ဘိုလ္ဆိုနာ႐ိုကို ျပစ္မႈ (၅)ခုအတြက္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည့္အတြက္ ေထာင္ဒဏ္ (၂၇) ႏွစ္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။ ဘိုလ္ဆိုနာ႐ို၏ေရွ႕ေန မ်ားကေတာ့ ျပစ္ဒဏ္မ်ားႏွင့္ပတ္သက္ၿပီး အယူခံဝင္သြား မည္ျဖစ္ေၾကာင္း ေျပာသည္။