အထက်ပေါင်းလောင်းရှိ အမှတ်(၂)ဓာတ်အားပေးစက်ကို အမြန်ဆုံးလည်ပတ်နိုင်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေ

 285

Pearl (NP News) - စက်တင်ဘာ ၁၄

အထက်ပေါင်းလောင်းရှိ အမှတ်(၂)ဓာတ်အားပေးစက်ကို အမြန်ဆုံး လည်ပတ်နိုင်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် ၇ဝ မဂ္ဂါဝပ် နှစ်လုံးဖြင့် စုစုပေါင်း ၁၄ဝ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ထူးကဲစွာရေဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံအဆောက်အအုံအတွင်း ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များ အားလုံးရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အမှတ်(၁) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင် လည်ပတ်လျက်ရှိပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှတ်(၂)ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံးစမ်းသပ်မောင်းနှင် လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အထက္ေပါင္းေလာင္းရွိ အမွတ္(၂)ဓာတ္အားေပးစက္ကို အျမန္ဆုံးလည္ပတ္ႏိုင္ေရးကို အရွိန္ျမႇင့္ေဆာင္႐ြက္ေန
Pearl (NP News) - စက္တင္ဘာ ၁၄

အထက္ေပါင္းေလာင္းရွိ အမွတ္(၂)ဓာတ္အားေပးစက္ကို အျမန္ဆုံး လည္ပတ္ႏိုင္ေရးကို အရွိန္ျမႇင့္ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အထက္ေပါင္းေလာင္း ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံသည္ ဓာတ္အားေပးစက္ ၇ဝ မဂၢါဝပ္ ႏွစ္လုံးျဖင့္ စုစုေပါင္း ၁၄ဝ မဂၢါဝပ္ကို ၂၃၀ ေကဗြီ အထက္ေပါင္းေလာင္း-နန္ခ်ိဳ ဓာတ္အားလိုင္းျဖင့္ ႏိုင္ငံေတာ္ဓာတ္အား စနစ္အတြင္းသို႔ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ဓာတ္အား ၄၅၄ ကီလိုဝပ္ နာရီသန္းခန႔္ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ထုတ္လုပ္ေပးလ်က္ရွိရာ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္း၍ ထူးကဲစြာေရဝင္ေရာက္မႈေၾကာင့္ ဓာတ္အားေပးစက္႐ုံအေဆာက္အအုံအတြင္း ဓာတ္အားေပးစက္ အစိတ္အပိုင္းမ်ား တပ္ဆင္ထားသည့္ စက္႐ုံေျမေအာက္ထပ္မ်ား အားလုံးေရဝင္နစ္ျမဳပ္ခဲ့သည့္အတြက္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဓာတ္အားထုတ္လုပ္မႈမ်ား ရပ္နားခဲ့ရၿပီး ျပန္လည္ျပဳျပင္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ အမွတ္(၁) ဓာတ္အားေပးစက္ ၇၀ မဂၢါဝပ္ကို ျပန္လည္ျပဳျပင္ၿပီးျဖစ္သျဖင့္ စမ္းသပ္ေမာင္းႏွင္ လည္ပတ္လ်က္ရွိၿပီး ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အမွတ္(၂)ဓာတ္အားေပးစက္ ၇၀ မဂၢါဝပ္ကိုလည္း အျမန္ဆုံးစမ္းသပ္ေမာင္းႏွင္ လည္ပတ္ၿပီး ဓာတ္အားထုတ္လုပ္ႏိုင္ေရး ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.