တရုတ်ရိုးရာဝတ်စုံကို ကိုရီးယားရိုးရာဝတ်စုံအဖြစ် ပြသထားတဲ့ ဩစတြေးလျပြတိုက် ဝေဖန်ခံရ

543
ရောင်နီ (NP News) - မေ ၃၁
ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာရှိ Australian War Memorial ပြတိုက်ဟာ တရုတ်ရိုးရာဝတ်စုံကို ကိုရီးယားရိုးရာဝတ်စုံအဖြစ် ပြသထားခဲ့တာကြောင့် ဩစတြေးလျမှာရှိတဲ့ ကိုရီးယားအသိုင်းအဝိုင်းဆီက တိုင်ကြားမှုတွေ ရရှိခဲ့ပါတယ်။
အဆိုပါတိုင်ကြားမှုတွေ ခံရပြီးတဲ့နောက် ဝတ်စုံကို ပြခန်းကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ ပြည်ပကိုးရီးယား ယဉ်ကျေးမှုမြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ ထင်ရှားတဲ့ ထောက်ခံအားပေးသူ Sungshin Women's University မှ ပရော်ဖက်ဆာ ဆိုကွန်ဒေါ့ခ်က အဆိုပါ ပြတိုက်မှာ မှားယွင်းဖော်ပြမှုကို ပယ်ဖျက်လိုက်တဲ့သတင်းကို မေလ ၂၉ ရက်က အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။
ရှေးရိုးရာဝတ်စုံနဲ့ပတ်သက်ပြီး ဩစတြေးလျရောက် တောင်ကိုရီးယားလူမျိုးတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာပြီးတဲ့နောက် ပြတိုက်ဟာ အမှားကို အသိအမှတ်ပြုကာ ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
Zawgyi Version:
တ႐ုတ္႐ိုးရာဝတ္စုံကို ကိုရီးယား႐ိုးရာဝတ္စုံအျဖစ္ ျပသထားတဲ့ ဩစေၾတးလ်ျပတိုက္ ေဝဖန္ခံရ
ေရာင္နီ (NP News) - ေမ ၃၁
ဩစေၾတးလ်ႏိုင္ငံ၊ ကင္ဘာရာရွိ Australian War Memorial ျပတိုက္ဟာ တ႐ုတ္႐ိုးရာဝတ္စုံကို ကိုရီးယား႐ိုးရာဝတ္စုံအျဖစ္ ျပသထားခဲ့တာေၾကာင့္ ဩစေၾတးလ်မွာရွိတဲ့ ကိုရီးယားအသိုင္းအဝိုင္းဆီက တိုင္ၾကားမႈေတြ ရရွိခဲ့ပါတယ္။
အဆိုပါတိုင္ၾကားမႈေတြ ခံရၿပီးတဲ့ေနာက္ ဝတ္စုံကို ျပခန္းကေန ဖယ္ရွားလိုက္တယ္လို႔ သိရပါတယ္။ ျပည္ပကိုးရီးယား ယဥ္ေက်းမႈျမႇင့္တင္ေရးအတြက္ ႀကိဳးပမ္းအားထုတ္ေနတဲ့ ထင္ရွားတဲ့ ေထာက္ခံအားေပးသူ Sungshin Women's University မွ ပေရာ္ဖက္ဆာ ဆိုကြန္ေဒါ့ခ္က အဆိုပါ ျပတိုက္မွာ မွားယြင္းေဖာ္ျပမႈကို ပယ္ဖ်က္လိုက္တဲ့သတင္းကို ေမလ ၂၉ ရက္က အင္စတာဂရမ္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။
ေရွး႐ိုးရာဝတ္စုံနဲ႔ပတ္သက္ၿပီး ဩစေၾတးလ်ေရာက္ ေတာင္ကိုရီးယားလူမ်ိဳးေတြၾကား စိုးရိမ္မႈေတြ ျမင့္တက္လာၿပီးတဲ့ေနာက္ ျပတိုက္ဟာ အမွားကို အသိအမွတ္ျပဳကာ ျပန္လည္ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။