လယ်ဝေးတွင် ငွေကျပ် (၆ ဒသမ ၃၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 594

ချယ်ရီ (NP News) - မေ ၃၁

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ငွေကျပ် (၆ ဒသမ ၃၅) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် (မေလ ၂၀ ရက်)၊ ည (၁၁) နာရီအချိန်ခန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနံလေးတံတားအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် အောင်နန်းချိုကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ဇင်မျိုးထက်အောင်(ခ) ကုလားလေးမောင်းနှင်ပြီး မင်းခန့်ကျော် နှင့် မြတ်စိုးဦး (ခ) စူပါတို့လိုက်ပါလာသည့် FUSO (၁၂) ဘီးကား နှင့် သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင် (ခ) ကျော်ကြီး၊ နေဦးရှိန်တို့ လိုက်ပါလာသည့် CHEVROLET ကား(၂)စီးတို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသော ငွေကျပ် (၆ ဒသမ ၃၅) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၉ ဒသမ ၉၉၄) သိန်းနှင့် ပလတ်စတစ်ဆပ်ပြာခွက် (၁၃,၄၂၀) ခွက်အတွင်းမှ ဘိန်းဖြူအလေးချိန် (၁၃၄ ဒသမ ၂) ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာ အနီး၌ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်ကို ပြီးခဲ့သည့် (မေလ ၂၁ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်၌ ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းရှိဟိုတယ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ ကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူများမှာ ဖယ်ခုံမြို့တွင်နေထိုင်သည့် ပေါလု(ခ) ပေါလူချမ်း နှင့် စိုးလွင်တို့ဖြစ်ပြီး မူးယစ်ဆေးဝါးများအား တာဝန်ခံသယ်ဆောင်သူမှာ ရမည်းသင်းမြို့နယ်တွင် နေထိုင်သည့် သိန်းစံထွန်း (ခ) ကုလားလေး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ (၆)ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
လယ္ေဝးတြင္ ေငြက်ပ္ (၆ ဒသမ ၃၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ေမ ၃၁

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္၌ ေငြက်ပ္ (၆ ဒသမ ၃၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ေမလ ၂၀ ရက္)၊ ည (၁၁) နာရီအခ်ိန္ခန္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ လယ္ေဝးၿမိဳ႕နယ္၊ အင္ပင္ေက်း႐ြာအုပ္စု၊ ေရနံေလးတံတားအနီး၌ သတင္းအရေစာင့္ဆိုင္းစဥ္ ေအာင္နန္းခ်ိဳေက်း႐ြာဘက္မွ ပ်ဥ္းမနားၿမိဳ႕ဘက္သို႔ ဇင္မ်ိဳးထက္ေအာင္(ခ) ကုလားေလးေမာင္းႏွင္ၿပီး မင္းခန႔္ေက်ာ္ ႏွင့္ ျမတ္စိုးဦး (ခ) စူပါတို႔လိုက္ပါလာသည့္ FUSO (၁၂) ဘီးကား ႏွင့္ သူရိန္ကိုကို ေမာင္းႏွင္ၿပီး ေက်ာ္မ်ိဳးလႈိင္ (ခ) ေက်ာ္ႀကီး၊ ေနဦးရွိန္တို႔ လိုက္ပါလာသည့္ CHEVROLET ကား(၂)စီးတို႔ကို စစ္ေဆးရွာေဖြရာ ၎တို႔သယ္ေဆာင္လာေသာ ေငြက်ပ္ (၆ ဒသမ ၃၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၉ ဒသမ ၉၉၄) သိန္းႏွင့္ ပလတ္စတစ္ဆပ္ျပာခြက္ (၁၃,၄၂၀) ခြက္အတြင္းမွ ဘိန္းျဖဴအေလးခ်ိန္ (၁၃၄ ဒသမ ၂) ကီလိုတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာမူးယစ္ေဆးဝါးမ်ားကို လယ္ေဝးၿမိဳ႕နယ္၊ ေအာင္နန္းခ်ိဳေက်း႐ြာ အနီး၌ လႊဲေျပာင္းေပးခဲ့သူ သက္ထူးေမာင္ကို ၿပီးခဲ့သည့္ (ေမလ ၂၁ ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္၌ ပ်ဥ္းမနားၿမိဳ႕၊ ပန္းခင္းလမ္းရွိဟိုတယ္၌ ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ၎၏ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာမူးယစ္ေဆးဝါးမ်ား ကို ရွမ္းျပည္နယ္မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ခိုင္းသူမ်ားမွာ ဖယ္ခုံၿမိဳ႕တြင္ေနထိုင္သည့္ ေပါလု(ခ) ေပါလူခ်မ္း ႏွင့္ စိုးလြင္တို႔ျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ားအား တာဝန္ခံသယ္ေဆာင္သူမွာ ရမည္းသင္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ သိန္းစံထြန္း (ခ) ကုလားေလး ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူ (၆)ဦးကို ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းႏွင့္ ၎တို႔၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.