သိန္နီရှိ လုပ်ငန်းဆိုင်းဘုတ်များကို MNDAA က မြန်မာ၊ တရုတ်နှစ်ဘာသာဖြင့် ဖော်ပြခိုင်းနေ

220

သုတကျော် (NP News) - မေ ၃၁
သိန္နီရှိ လုပ်ငန်းဆိုင်းဘုတ်များကို MNDAA က မြန်မာ၊ တရုတ်နှစ်ဘာသာဖြင့် ဖော်ပြခိုင်းနေပြီး အုပ်ချုပ်ရေး အခိုင်အမာတည်ဆောက်နေကြောင်း ဒေသခံအချို့ထံမေးမြန်းထားချက်နှင့် MNDAA က ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ သိရသည်။
လားရှိုးမြို့မှဆုတ်ခွာသွားသော MNDAA တို့သည် လားရှိုးနှင့် နီးကပ်သည့် မြို့တစ်မြို့ ဖြစ်သော သိန္နီမြို့သို့ ရွှေ့ပြောင်းသွားခဲ့ပြီးနောက် အခိုင်အမာ အုပ်ချုပ်ရေးယန္တရားထူထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး MNDAA တို့ အနေဖြင့် အထူးဒေသ (၁) သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီဟုဆိုကာ ဖွဲ့ စည်းထားသည်။
“သူတို့က ဆိုင်းဘုတ်တွေ အကုန်လိုက် လုပ်ခိုင်းတယ်။ အပေါ်က မြန်မာစာ၊ အောက်က တရုတ်စာပေါ့။ လားရှိုး အထွက်ကနေ စတာ။ ဘာမှန်းတော့ မသိဘူး။ သူတို့က အခွန်ကောက်မယ့် ပုံစံလိုပဲ။ အခုတောင် သိန္နီဘက်မှာ စပြီး အခွန်ကောက်နေပြီလို့ ကြားတယ်။ မဆုတ်တော့ဘူးလား မသိဘူး” ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။
MNDAA ၏ သိန္နီခရိုင် အုပ်ချုပ်ရေး ကော်မတီ၏တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး လမ်းညွှန်မှုများ ပိုမိုနက်ရှိုင်းစွာ အကောင်အထည် ဖော်ရန်နှင့်ဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏စည်း လုံးညီညွတ်မှုကိုစုစည်းရန် ခရိုင်အတွင်းရှိ ကျေးရွာများ/မြို့များသို့ သွားရောက်ကာ ပြည်သူလူထု စည်းဝေးပွဲများ ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ခရိုင်နှင့်ပတ်သက်၍ ရေနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြဿနာများရှိနေရာ ခရိုင်အုပ်ချုပ်ရေး ကော်မတီက အထူးဒေသ၏သက်ဆိုင်ရာဌာနများနှင့် လျှပ်စစ်ဓာတ်အားလိုင်းချထားရေးကိစ္စကို ဆွေးနွေးညှိနှိုင်း လျက်ရှိပြီး ခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည် ဟု တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ထို့ပြင် သိန္နီခရိုင်အတွင်းသို့ MNDAA က တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်သွင်းနေပြီး မြို့ပေါ်တွင် စီးပွားရေးလုပ်ကိုင်နေသည့်အပြင် ကြံနှင့်တစ်သျှူးငှက်ပျော စိုက်ပျိုးရေးအတွက်လည်း ဆောင်ရွက်နေရာ ဒေသခံစီးပွား လုပ်ငန်းရှင်များ ထိခိုက်မည့်အရေး စိုးရိမ်မှုများရှိနေသည်။

Zawgyi Version:
သိႏၷီရွိ လုပ္ငန္းဆိုင္းဘုတ္မ်ားကို MNDAA က ျမန္မာ၊ တ႐ုတ္ႏွစ္ဘာသာျဖင့္ ေဖာ္ျပခိုင္းေန
သုတေက်ာ္ (NP News) - ေမ ၃၁
သိႏၷီရွိ လုပ္ငန္းဆိုင္းဘုတ္မ်ားကို MNDAA က ျမန္မာ၊ တ႐ုတ္ႏွစ္ဘာသာျဖင့္ ေဖာ္ျပခိုင္းေနၿပီး အုပ္ခ်ဳပ္ေရး အခိုင္အမာတည္ေဆာက္ေနေၾကာင္း ေဒသခံအခ်ိဳ႕ထံေမးျမန္းထားခ်က္ႏွင့္ MNDAA က ထုတ္ျပန္ထားေသာ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
လားရႈိးၿမိဳ႕မွဆုတ္ခြာသြားေသာ MNDAA တို႔သည္ လားရႈိးႏွင့္ နီးကပ္သည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေသာ သိႏၷီၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းသြားခဲ့ၿပီးေနာက္ အခိုင္အမာ အုပ္ခ်ဳပ္ေရးယႏၲရားထူေထာင္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ၿပီး MNDAA တို႔ အေနျဖင့္ အထူးေဒသ (၁) သိႏၷီခ႐ိုင္ အုပ္ခ်ဳပ္ေရးေကာ္မတီဟုဆိုကာ ဖြဲ႕ စည္းထားသည္။
“သူတို႔က ဆိုင္းဘုတ္ေတြ အကုန္လိုက္ လုပ္ခိုင္းတယ္။ အေပၚက ျမန္မာစာ၊ ေအာက္က တ႐ုတ္စာေပါ့။ လားရႈိး အထြက္ကေန စတာ။ ဘာမွန္းေတာ့ မသိဘူး။ သူတို႔က အခြန္ေကာက္မယ့္ ပုံစံလိုပဲ။ အခုေတာင္ သိႏၷီဘက္မွာ စၿပီး အခြန္ေကာက္ေနၿပီလို႔ ၾကားတယ္။ မဆုတ္ေတာ့ဘူးလား မသိဘူး” ဟု ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးက ဆိုသည္။
MNDAA ၏ သိႏၷီခ႐ိုင္ အုပ္ခ်ဳပ္ေရး ေကာ္မတီ၏တာဝန္ရွိသူမ်ားက တရားဥပေဒစိုးမိုးေရး လမ္းၫႊန္မႈမ်ား ပိုမိုနက္ရႈိင္းစြာ အေကာင္အထည္ ေဖာ္ရန္ႏွင့္ဖြံ႕ၿဖိဳးေရးအတြက္ ျပည္သူလူထု၏စည္း လုံးညီၫြတ္မႈကိုစုစည္းရန္ ခ႐ိုင္အတြင္းရွိ ေက်း႐ြာမ်ား/ၿမိဳ႕မ်ားသို႔ သြားေရာက္ကာ ျပည္သူလူထု စည္းေဝးပြဲမ်ား က်င္းပခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ခ႐ိုင္ႏွင့္ပတ္သက္၍ ေရႏွင့္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈျပႆနာမ်ားရွိေနရာ ခ႐ိုင္အုပ္ခ်ဳပ္ေရး ေကာ္မတီက အထူးေဒသ၏သက္ဆိုင္ရာဌာနမ်ားႏွင့္ လွ်ပ္စစ္ဓာတ္အားလိုင္းခ်ထားေရးကိစၥကို ေဆြးေႏြးညႇိႏႈိင္း လ်က္ရွိၿပီး ခ႐ိုင္အတြင္းရွိ လွ်ပ္စစ္ဓာတ္အားလိုင္းစီမံကိန္းမ်ားကို အရွိန္ျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္ ဟု ေတြ႕ဆုံစဥ္ေျပာၾကားခဲ့သည္။
ထို႔ျပင္ သိႏၷီခ႐ိုင္အတြင္းသို႔ MNDAA က တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားကို ေခၚသြင္းေနၿပီး ၿမိဳ႕ေပၚတြင္ စီးပြားေရးလုပ္ကိုင္ေနသည့္အျပင္ ႀကံႏွင့္တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးေရးအတြက္လည္း ေဆာင္႐ြက္ေနရာ ေဒသခံစီးပြား လုပ္ငန္းရွင္မ်ား ထိခိုက္မည့္အေရး စိုးရိမ္မႈမ်ားရွိေနသည္။