လယ်ဝေးတွင် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 441

သက်ပိုင် (NP News) - ဇွန် ၁

လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆ ဒဿမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိရာတွင် ငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉ သိန်း နှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးတံတားအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် မေ ၂၀ ရက်
ည ၁၁ နာရီတွင် အောင်နန်းချို ကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ဇင်မျိုးထက်အောင်(ခ)ကုလားလေး မောင်းနှင်ပြီး မင်းခန့်ကျော်နှင့် မြတ်စိုးဦး (ခ) စူပါတို့ လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့် သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင် (ခ) ကျော်ကြီး၊ နေဦးရှိန်တို့ လိုက်ပါလာသည့် CHEVROLET အမျိုးအစားမော်တော်ယာဉ်နှစ်စီးတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉၉၄ သိန်းနှင့် ပလတ်စတစ်ဆပ်ပြာ ခွက် ၁၃၄၂၀ ခွက် အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၃၄ ဒသမ ၂ ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာ အနီး၌ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်ကို မေ ၂၁ ရက် နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ ပန်းခင်းလမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်း ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ များမှာ ဖယ်ခုံမြို့နေ ပေါလု(ခ)ပေါလူချမ်းနှင့် စိုးလွင်တို့ဖြစ်ပြီး မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူမှာ ရမည်းသင်းမြို့နယ်နေ သိန်းစံထွန်း(ခ) ကုလားလေးဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှု များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်လည်း အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

Zawgyi Version:
လယ္ေဝးတြင္ ၆ ဒသမ ၃၅ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သက္ပိုင္ (NP News) - ဇြန္ ၁

လယ္ေဝးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၆ ဒႆမ ၃၅ ဘီလီယံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဖမ္းဆီးရမိရာတြင္ ေငြက်ပ္ ၆ ဒသမ ၃၅ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၉ ဒသမ ၉ သိန္း ႏွင့္ ဘိန္းျဖဴ ၁၃၄ ကီလို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ လယ္ေဝးၿမိဳ႕နယ္၊ အင္ပင္ေက်း႐ြာအုပ္စု၊ ေရနီေလးတံတားအနီးတြင္ သတင္းအရ ေစာင့္ဆိုင္းေနစဥ္ ေမ ၂၀ ရက္
ည ၁၁ နာရီတြင္ ေအာင္နန္းခ်ိဳ ေက်း႐ြာဘက္မွ ပ်ဥ္းမနားၿမိဳ႕ဘက္သို႔ ဇင္မ်ိဳးထက္ေအာင္(ခ)ကုလားေလး ေမာင္းႏွင္ၿပီး မင္းခန႔္ေက်ာ္ႏွင့္ ျမတ္စိုးဦး (ခ) စူပါတို႔ လိုက္ပါလာသည့္ FUSO ၁၂ ဘီး ေမာ္ေတာ္ယာဥ္ႏွင့္ သူရိန္ကိုကို ေမာင္းႏွင္ၿပီး ေက်ာ္မ်ိဳးလႈိင္ (ခ) ေက်ာ္ႀကီး၊ ေနဦးရွိန္တို႔ လိုက္ပါလာသည့္ CHEVROLET အမ်ိဳးအစားေမာ္ေတာ္ယာဥ္ႏွစ္စီးတို႔အား စစ္ေဆးရွာေဖြရာ ၎တို႔သယ္ေဆာင္လာသည့္ ေဒသတန္ဖိုးေငြက်ပ္ ၆ ဒသမ ၃၅ ဘီလီယံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၉ ဒသမ ၉၉၄ သိန္းႏွင့္ ပလတ္စတစ္ဆပ္ျပာ ခြက္ ၁၃၄၂၀ ခြက္ အတြင္းမွ ဘိန္းျဖဴ အေလးခ်ိန္ ၁၃၄ ဒသမ ၂ ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား လယ္ေဝးၿမိဳ႕နယ္ ေအာင္နန္းခ်ိဳေက်း႐ြာ အနီး၌ လႊဲေျပာင္းေပးခဲ့သူ သက္ထူးေမာင္ကို ေမ ၂၁ ရက္ နံနက္ ၉ နာရီတြင္ ပ်ဥ္းမနားၿမိဳ႕ ပန္းခင္းလမ္းရွိ ဟိုတယ္တြင္ ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ၎၏ ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား ရွမ္း ျပည္နယ္မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ခိုင္းသူ မ်ားမွာ ဖယ္ခုံၿမိဳ႕ေန ေပါလု(ခ)ေပါလူခ်မ္းႏွင့္ စိုးလြင္တို႔ျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ား တာဝန္ခံသယ္ေဆာင္သူမွာ ရမည္းသင္းၿမိဳ႕နယ္ေန သိန္းစံထြန္း(ခ) ကုလားေလးျဖစ္ေၾကာင္း သိရွိရ သျဖင့္ ၎တို႔အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။
ထို႔အျပင္ ၎တို႔၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြေၾကး အက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈ မ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္လည္း အေရးယူႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းကိုလည္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.