TNLA ထိန်းချုပ်ရာဒေသရှိ ဘာသာရေးဆိုင်ရာအဆောက်အအုံများမှပစ္စည်းများ အဓမ္မလုယက်ခံနေရ

 208

သန့်ဇင် (NP News) - ဇွန် ၁

TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှ ပစ္စည်း များ အဓမ္မလုယက်ခံရခြင်းများ ကြုံနေရကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက NP News သို့ ပြော သည်။
(၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲဖော်ဆောင်ပြီး TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်ဒေသတို့ကို ထိန်းချုပ်ထားကာ ယင်းဒေသရှိ သာသနိကအဆောက်အအုံများအတွင်း တပ်စွဲခြင်း၊ ပစ္စည်းများလုယက်ယူဆောင်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
“အဲဒီဒေသတွေမှာ TNLA က စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံဝင် ရောက်နေထိုင်လေ့ရှိတယ်။ အထူးသဖြင့် စာသင် ကျောင်းတွေမှာ သင်တန်းပို့ချတာမျိုးတွေ။ ဒါမျိုးတွေ လုပ်တယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ တပ် မတော်က တိုက်ခိုက်မှုတွေရှိတယ်။ သတင်းတက် လာတော့ စာသင်ကျောင်းဗုံးကြဲတယ်ပေါ့။ အဲဒီမှာ စာလည်းမသင်ပါဘူး။ သင်တန်းတွေပေးတာတွေပဲရှိ တာပေါ့နော်။ နောင်ချိုမှာဆိုရင်လည်း (၁၀၂၇)နောက်ပိုင်းမှာ တောင်ခမ်းရဲ့ဒီဘက်တိုက်ပွဲပြင်းထန်တဲ့ ဘက်မှာ စာသင်ကျောင်း၊ ခရစ်ယန်ဘုရား ကျောင်း တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေက RC တိုက်တွေ ဆိုတော့ အကာကွယ်ယူပြီးတော့ ချောင်းပစ်တာမျိုး တွေရှိတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းက ပစ္စည်းတွေကိုလည်း တစ်ခုပြီးတစ်ခုမတာပေါ့နော်။ ဆန်လည်းမတယ်။ ပရိဘောဂလည်းမတယ်။ အစုံပဲ။ သူတို့ကို အထောက်အကူပြုတဲ့ပစ္စည်းတွေကို သယ်ဆောင်တာတွေ။ ကားနဲ့တိုက်ပြီးယူသွားတဲ့ဖြစ်စဉ် တွေက တော်တော်များများဖြစ်တယ်”ဟု ရှမ်းမြောက် ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲရွာခမ်းချိုဘုန်းကြီး ကျောင်းကို TNLA က ဝင်ရောက်တပ်စွဲပြီးနောက် အဆိုပါ ဘုန်းကြီးကျောင်းမှပစ္စည်းများကို ကားများ ဖြင့်ယူဆောင်ခြင်းများရှိခဲ့ကြောင်း သိရသည်။
“ခမ်းချိုကျောင်းကတော့ ဘုန်းတော်ကြီး ကလည်း ခပ်ထက်ထက်ဖြစ်တော့ ပြန်ပြောရဲတာပေါ့။ ဒီလိုမျိုးလုပ်ခံရတဲ့ကျောင်းတွေ အများကြီးရှိ ပါတယ်။ အဲဒီလိုလုပ်တော့ ဘုန်းကြီးကျောင်းကို ဗုံးခွဲတယ် ပေါ့နော်။ အဲဒီရဲ့နောက်ကွယ်မှာ ဒီလိုမျိုးတွေ လုပ်နေတာပါ။ ဒါတွေကတော့အများကြီးပါ”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ဗန်းမော်မြို့တွင်လည်း KIA တိုက်ပွဲဖော်ဆောင်မှု (၅)လကျော်ကြာကာလအတွင်း စစ်ရေး ပစ်မှတ်မဟုတ်သော သာသနိက အဆောက် အအုံများကို ဝင်ရောက်တပ်စွဲနေရာယူပစ်ခတ်ခြင်း များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘာသာ ရေးဆိုင်ရာ အဆောက်အအုံများစွာရှိခဲ့ကြောင်း သိရသည်။
ထိုစဉ်က တိုက်ပွဲဖြစ်ပွားနေသော ဗန်း မော်မြို့ မင်းကုန်းရပ်ကွက်ရှိ မဟာသိမ်တော်ကြီးပရိ ယတ္တိစာသင်ကျောင်းတိုက်အတွင်းမှ သိမ်မဟာ စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ရတနာရွှေကြုတ် ပျောက်ဆုံးသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာတွင် KIA အဖွဲ့က ယင်းစိန်ဖူးတော်နှင့် ရတနာရွှေကြုတ် ကို သေနတ်ဖြင့်ပစ်ချယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“အရင်တုန်းက မင်းကုန်းရပ်ကွက်က စိန်ဖူးတော်ပျောက်တယ်လို့ သတင်းထွက်ခဲ့သေးတယ် မလား။ အဲဒီဟာကလည်း KIA တွေရောက်လာပြီး အဲဒီစိန်ဖူးတော်ကို သေနတ်နဲ့ပစ်ချတာ။ ပြီး တော့ အိတ်ထဲကောက်ထည့်ပြီးယူသွားတာ။ အဲဒါက လည်းအမှန်ဆို ဘယ်သူမှမပြောရဲဘူး။ ကျွန်မတို့ကိုယ် တိုင်အဲဒီရပ်ကွက်နားမှာနေခဲ့လို့ သိတာ။ အရမ်းဆိုး တာ။ သူတို့ရောက်လာလို့လည်း ဗန်းမော် ပျက်ရတာ”ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

Zawgyi Version:
TNLA ထိန္းခ်ဳပ္ရာေဒသရွိ ဘာသာေရးဆိုင္ရာအေဆာက္အအုံမ်ားမွပစၥည္းမ်ား အဓမၼလုယက္ခံေနရ
သန႔္ဇင္ (NP News) - ဇြန္ ၁

TNLA ထိန္းခ်ဳပ္ရာ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ဘာသာေရးဆိုင္ရာ အေဆာက္အအုံမ်ားမွ ပစၥည္း မ်ား အဓမၼလုယက္ခံရျခင္းမ်ား ႀကဳံေနရေၾကာင္း ရွမ္းေျမာက္ေဒသခံတစ္ဦးက NP News သို႔ ေျပာ သည္။
(၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ တိုက္ပြဲေဖာ္ေဆာင္ၿပီး TNLA သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳ၊ နမၼတူ၊ နမ့္ခမ္း၊ နမ့္ဆန္ေဒသတို႔ကို ထိန္းခ်ဳပ္ထားကာ ယင္းေဒသရွိ သာသနိကအေဆာက္အအုံမ်ားအတြင္း တပ္စြဲျခင္း၊ ပစၥည္းမ်ားလုယက္ယူေဆာင္ျခင္းမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။
“အဲဒီေဒသေတြမွာ TNLA က စာသင္ေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ခိုလႈံဝင္ ေရာက္ေနထိုင္ေလ့ရွိတယ္။ အထူးသျဖင့္ စာသင္ ေက်ာင္းေတြမွာ သင္တန္းပို႔ခ်တာမ်ိဳးေတြ။ ဒါမ်ိဳးေတြ လုပ္တယ္ေပါ့ေနာ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ တပ္ မေတာ္က တိုက္ခိုက္မႈေတြရွိတယ္။ သတင္းတက္ လာေတာ့ စာသင္ေက်ာင္းဗုံးႀကဲတယ္ေပါ့။ အဲဒီမွာ စာလည္းမသင္ပါဘူး။ သင္တန္းေတြေပးတာေတြပဲရွိ တာေပါ့ေနာ္။ ေနာင္ခ်ိဳမွာဆိုရင္လည္း (၁၀၂၇)ေနာက္ပိုင္းမွာ ေတာင္ခမ္းရဲ႕ဒီဘက္တိုက္ပြဲျပင္းထန္တဲ့ ဘက္မွာ စာသင္ေက်ာင္း၊ ခရစ္ယန္ဘုရား ေက်ာင္း ေတြနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြက RC တိုက္ေတြ ဆိုေတာ့ အကာကြယ္ယူၿပီးေတာ့ ေခ်ာင္းပစ္တာမ်ိဳး ေတြရွိတယ္။ ေနာက္ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းက ပစၥည္းေတြကိုလည္း တစ္ခုၿပီးတစ္ခုမတာေပါ့ေနာ္။ ဆန္လည္းမတယ္။ ပရိေဘာဂလည္းမတယ္။ အစုံပဲ။ သူတို႔ကို အေထာက္အကူျပဳတဲ့ပစၥည္းေတြကို သယ္ေဆာင္တာေတြ။ ကားနဲ႔တိုက္ၿပီးယူသြားတဲ့ျဖစ္စဥ္ ေတြက ေတာ္ေတာ္မ်ားမ်ားျဖစ္တယ္”ဟု ရွမ္းေျမာက္ ေဒသခံတစ္ဦးက ဆိုသည္။
အလားတူ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ေနာင္ခ်ိဳၿမိဳ႕နယ္၊ အုမၼသီးလမ္းခြဲ႐ြာခမ္းခ်ိဳဘုန္းႀကီး ေက်ာင္းကို TNLA က ဝင္ေရာက္တပ္စြဲၿပီးေနာက္ အဆိုပါ ဘုန္းႀကီးေက်ာင္းမွပစၥည္းမ်ားကို ကားမ်ား ျဖင့္ယူေဆာင္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
“ခမ္းခ်ိဳေက်ာင္းကေတာ့ ဘုန္းေတာ္ႀကီး ကလည္း ခပ္ထက္ထက္ျဖစ္ေတာ့ ျပန္ေျပာရဲတာေပါ့။ ဒီလိုမ်ိဳးလုပ္ခံရတဲ့ေက်ာင္းေတြ အမ်ားႀကီးရွိ ပါတယ္။ အဲဒီလိုလုပ္ေတာ့ ဘုန္းႀကီးေက်ာင္းကို ဗုံးခြဲတယ္ ေပါ့ေနာ္။ အဲဒီရဲ႕ေနာက္ကြယ္မွာ ဒီလိုမ်ိဳးေတြ လုပ္ေနတာပါ။ ဒါေတြကေတာ့အမ်ားႀကီးပါ”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ထို႔ျပင္ ဗန္းေမာ္ၿမိဳ႕တြင္လည္း KIA တိုက္ပြဲေဖာ္ေဆာင္မႈ (၅)လေက်ာ္ၾကာကာလအတြင္း စစ္ေရး ပစ္မွတ္မဟုတ္ေသာ သာသနိက အေဆာက္ အအုံမ်ားကို ဝင္ေရာက္တပ္စြဲေနရာယူပစ္ခတ္ျခင္း မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ဘာသာ ေရးဆိုင္ရာ အေဆာက္အအုံမ်ားစြာရွိခဲ့ေၾကာင္း သိရသည္။
ထိုစဥ္က တိုက္ပြဲျဖစ္ပြားေနေသာ ဗန္း ေမာ္ၿမိဳ႕ မင္းကုန္းရပ္ကြက္ရွိ မဟာသိမ္ေတာ္ႀကီးပရိ ယတၱိစာသင္ေက်ာင္းတိုက္အတြင္းမွ သိမ္မဟာ ေစတီေတာ္ႀကီး၏ စိန္ဖူးေတာ္ႏွင့္ ရတနာေ႐ႊၾကဳတ္ ေပ်ာက္ဆုံးသည္ဟု သတင္းမ်ားထြက္ေပၚခဲ့ရာတြင္ KIA အဖြဲ႕က ယင္းစိန္ဖူးေတာ္ႏွင့္ ရတနာေ႐ႊၾကဳတ္ ကို ေသနတ္ျဖင့္ပစ္ခ်ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။
“အရင္တုန္းက မင္းကုန္းရပ္ကြက္က စိန္ဖူးေတာ္ေပ်ာက္တယ္လို႔ သတင္းထြက္ခဲ့ေသးတယ္ မလား။ အဲဒီဟာကလည္း KIA ေတြေရာက္လာၿပီး အဲဒီစိန္ဖူးေတာ္ကို ေသနတ္နဲ႔ပစ္ခ်တာ။ ၿပီး ေတာ့ အိတ္ထဲေကာက္ထည့္ၿပီးယူသြားတာ။ အဲဒါက လည္းအမွန္ဆို ဘယ္သူမွမေျပာရဲဘူး။ ကြၽန္မတို႔ကိုယ္ တိုင္အဲဒီရပ္ကြက္နားမွာေနခဲ့လို႔ သိတာ။ အရမ္းဆိုး တာ။ သူတို႔ေရာက္လာလို႔လည္း ဗန္းေမာ္ ပ်က္ရတာ”ဟု ဗန္းေမာ္ၿမိဳ႕မွ စစ္ေဘးေရွာင္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.