ငလျင်လှုပ်ပြီးနှစ်လကြာသည့်တိုင် ငလျင်ဒဏ်သင့်ဒေသများတွင် ဈေးကွက်ကောင်းစွာမလည်ပတ်နိုင်သေး

257

သက်ပိုင်(NP News) - ဇွန် ၂
အင်အားပြင်းမန္တလေးငလျင်ဒဏ်လှုပ်ခတ်ပြီး နှစ်လကြာသည့်တိုင် ငလျင်ဒဏ်သင့်ဒေသများတွင် ဈေးကွက် ကောင်းစွာ မလည်ပတ်နိုင်သေးကြောင်း ငလျင်ဒဏ်သင့်ပြည်သူများနှင့် ကူညီဆောင်ရွက်ပေး နေသူများထံမှ သိရသည်။
ငလျင်ဒဏ်သင့်ဒေသများတွင် လမ်းတံ တားအချို့ပျက်စီးမှုများရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်မပြုပြင်နိုင် သေးခြင်း၊ နေအိမ်ဖြိုဖျက်ရေးနှင့် နေအိမ်ပြန်လည်တည်ဆောက်ရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရခြင်းတို့ကြောင့် ဈေးကွက်လည်ပတ်မှု မရှိသေးခြင်းဖြစ်ကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးက NP News သို့ပြောသည်။
“ဖြစ်သွားတဲ့ငလျင်ဒေသတွေအားလုံးက မန္တလေးကိုအမှီပြုပြီး လှုပ်ရှားရုန်းကန်နေရတဲ့ ဒေသတွေလို့ ပြောရ တယ်။ ပြီးခဲ့တဲ့ ငလျင်လှုပ်ပြီး တစ်လကျော်ကျော်လောက်အထိ မန္တလေးနဲ့ဆက်စပ် တဲ့ဒေသတွေနဲ့ လမ်းပန်းဆက် သွယ်ရေးခက်ခဲခဲ့တယ်။ ပစ္စည်းတွေရောင်းမယ့်သူတွေကလည်း ပစ္စည်းတွေပိတ်မိတာ၊ ဂိုထောင်အရွှေ့အပြောင်းတွေ လုပ်နေတာကြောင့် မရောင်းမဝယ်နိုင်ခဲ့ဘူး။ အခုဆိုရင် မန္တလေးက ဈေးရောင်းတဲ့သူတွေဆိုရင် အရင် ကဆယ်ယောက် လာဝယ်ရင် အခုတစ်ယောက်လာ ဝယ်ဖို့ကို ထိုင်မျှော်နေရတဲ့အဖြစ် ရောက်နေကြ တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူအများစုမှာ ဝင်ငွေရှာဖွေရေးထက် မိုးရာသီကာလအတွင်း အမိုး အကာ အောက်ရောက်ရှိရေးကိုသာ လုံးပန်းနေကြရပြီး အချို့သော အခြေခံလူတန်းစာများမှာမူ လက်ငုတ် လက်ရင်းအလုပ် များကိုလုပ်ကိုင်ကာ ရပ်တည်နေ ကြရကြောင်း ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။
“ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သူ့ရှိတဲ့ငွေတွေနဲ့ ထိုင်စား၊ ဒါမှမဟုတ် အရင်းအနှီး အကြီးကြီးနဲ့ ငွေရှာနိုင် နေပေမယ့် အလယ်လတ်တန်းနဲ့ အောက်ခြေကကျတော့ နဂိုမူရင်း လက်ငုတ် လက်ရင်းအပြင်ကို လုပ်စရာကမရှိဘူး လေ။ အလုပ်အကိုင် အခွင့်အလမ်းတွေက မရှိဘူး။ ရှိတဲ့ အလုပ် အကိုင်တချို့တောင် ပိတ်သွားရတာလေ။ လောလော ဆယ် အလုပ်ဆိုလို့ အုတ်ခဲထိုင်ထုတဲ့အလုပ်ပဲရှိ တယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မန္တလေးငလျင်ဒဏ်သင့်ပြည်သူများ လူမှု ဘဝပြန်လည် တည်ဆောက်နိုင်ရေးအတွက် လုံလောက်သော ရင်းနှီးမတည်စရိတ်များကို ပိုမိုအ သုံးပြုစေလိုကြောင်း ကူညီဆောင် ရွက်ပေးနေသူ များနှင့် ဒေသခံများက ပြောဆိုကြသည်။
ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀)ခုတို့ တွင် ကနဦးစာရင်းများအရ လူနေအိမ်ပေါင်း (၆၃၈၅၄)လုံး၊ စာသင်ကျောင်း (၆၇၅၂)ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလ ရှင်ကျောင်း (၅၄၇၄) ကျောင်း၊ စေတီပုထိုး (၅၃၄၂) ဆူ၊ အခြားဘာသာရေးအဆောက်အအုံ (၆၁၃) လုံး၊ ဆေးရုံ/ဆေးခန်း (၅၇၆) လုံး၊ ရထားလမ်း (၅၆) ခု၊ လမ်း (၂၇၁) ခု၊ အမြန်လမ်းပိုင်း (၁၉၈)ခု၊ ဆည်/ တမံ (၅၈၆) ခု၊ တံတား (၁၇၂) စင်း၊ ထရန်စဖော်မာ (၃၅၃) လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန် ထားသည်။
ထို့ပြင် ထိုသို့ထိခိုက်ခံစားခဲ့ရသည့် ဒေသ များအတွက် နိုင်ငံတော်အနေဖြင့် ဘီလျံ (၅၀ဝ) ကို မတည်၍ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ် ပြန်ထားသည်။

Zawgyi Version:
ငလ်င္လႈပ္ၿပီးႏွစ္လၾကာသည့္တိုင္ ငလ်င္ဒဏ္သင့္ေဒသမ်ားတြင္ ေဈးကြက္ေကာင္းစြာမလည္ပတ္ႏိုင္ေသး
သက္ပိုင္(NP News) - ဇြန္ ၂
အင္အားျပင္းမႏၲေလးငလ်င္ဒဏ္လႈပ္ခတ္ၿပီး ႏွစ္လၾကာသည့္တိုင္ ငလ်င္ဒဏ္သင့္ေဒသမ်ားတြင္ ေဈးကြက္ ေကာင္းစြာ မလည္ပတ္ႏိုင္ေသးေၾကာင္း ငလ်င္ဒဏ္သင့္ျပည္သူမ်ားႏွင့္ ကူညီေဆာင္႐ြက္ေပး ေနသူမ်ားထံမွ သိရသည္။
ငလ်င္ဒဏ္သင့္ေဒသမ်ားတြင္ လမ္းတံ တားအခ်ိဳ႕ပ်က္စီးမႈမ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ ျပန္လည္မျပဳျပင္ႏိုင္ ေသးျခင္း၊ ေနအိမ္ၿဖိဳဖ်က္ေရးႏွင့္ ေနအိမ္ျပန္လည္တည္ေဆာက္ေရးကိုသာ ဦးစားေပး ေဆာင္႐ြက္ေနရျခင္းတို႔ေၾကာင့္ ေဈးကြက္လည္ပတ္မႈ မရွိေသးျခင္းျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
“ျဖစ္သြားတဲ့ငလ်င္ေဒသေတြအားလုံးက မႏၲေလးကိုအမွီျပဳၿပီး လႈပ္ရွား႐ုန္းကန္ေနရတဲ့ ေဒသေတြလို႔ ေျပာရ တယ္။ ၿပီးခဲ့တဲ့ ငလ်င္လႈပ္ၿပီး တစ္လေက်ာ္ေက်ာ္ေလာက္အထိ မႏၲေလးနဲ႔ဆက္စပ္ တဲ့ေဒသေတြနဲ႔ လမ္းပန္းဆက္ သြယ္ေရးခက္ခဲခဲ့တယ္။ ပစၥည္းေတြေရာင္းမယ့္သူေတြကလည္း ပစၥည္းေတြပိတ္မိတာ၊ ဂိုေထာင္အေ႐ႊ႕အေျပာင္းေတြ လုပ္ေနတာေၾကာင့္ မေရာင္းမဝယ္ႏိုင္ခဲ့ဘူး။ အခုဆိုရင္ မႏၲေလးက ေဈးေရာင္းတဲ့သူေတြဆိုရင္ အရင္ ကဆယ္ေယာက္ လာဝယ္ရင္ အခုတစ္ေယာက္လာ ဝယ္ဖို႔ကို ထိုင္ေမွ်ာ္ေနရတဲ့အျဖစ္ ေရာက္ေနၾက တယ္” ဟု ၎ကေျပာသည္။
လက္ရွိတြင္ ငလ်င္ဒဏ္သင့္ျပည္သူအမ်ားစုမွာ ဝင္ေငြရွာေဖြေရးထက္ မိုးရာသီကာလအတြင္း အမိုး အကာ ေအာက္ေရာက္ရွိေရးကိုသာ လုံးပန္းေနၾကရၿပီး အခ်ိဳ႕ေသာ အေျခခံလူတန္းစာမ်ားမွာမူ လက္ငုတ္ လက္ရင္းအလုပ္ မ်ားကိုလုပ္ကိုင္ကာ ရပ္တည္ေန ၾကရေၾကာင္း ငလ်င္ဒဏ္သင့္ျပည္သူမ်ားကို ကူညီေဆာင္႐ြက္ေပးေနသူ တစ္ဦးက ဆိုသည္။
“ပိုက္ဆံတတ္ႏိုင္တဲ့သူေတြကေတာ့ သူ႔ရွိတဲ့ေငြေတြနဲ႔ ထိုင္စား၊ ဒါမွမဟုတ္ အရင္းအႏွီး အႀကီးႀကီးနဲ႔ ေငြရွာႏိုင္ ေနေပမယ့္ အလယ္လတ္တန္းနဲ႔ ေအာက္ေျခကက်ေတာ့ နဂိုမူရင္း လက္ငုတ္ လက္ရင္းအျပင္ကို လုပ္စရာကမရွိဘူး ေလ။ အလုပ္အကိုင္ အခြင့္အလမ္းေတြက မရွိဘူး။ ရွိတဲ့ အလုပ္ အကိုင္တခ်ိဳ႕ေတာင္ ပိတ္သြားရတာေလ။ ေလာေလာ ဆယ္ အလုပ္ဆိုလို႔ အုတ္ခဲထိုင္ထုတဲ့အလုပ္ပဲရွိ တယ္”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အေနျဖင့္ မႏၲေလးငလ်င္ဒဏ္သင့္ျပည္သူမ်ား လူမႈ ဘဝျပန္လည္ တည္ေဆာက္ႏိုင္ေရးအတြက္ လုံေလာက္ေသာ ရင္းႏွီးမတည္စရိတ္မ်ားကို ပိုမိုအ သုံးျပဳေစလိုေၾကာင္း ကူညီေဆာင္ ႐ြက္ေပးေနသူ မ်ားႏွင့္ ေဒသခံမ်ားက ေျပာဆိုၾကသည္။
ငလ်င္ေဘးဒဏ္သင့္ခဲ့သည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၀)ခုတို႔ တြင္ ကနဦးစာရင္းမ်ားအရ လူေနအိမ္ေပါင္း (၆၃၈၅၄)လုံး၊ စာသင္ေက်ာင္း (၆၇၅၂)ေက်ာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သီလ ရွင္ေက်ာင္း (၅၄၇၄) ေက်ာင္း၊ ေစတီပုထိုး (၅၃၄၂) ဆူ၊ အျခားဘာသာေရးအေဆာက္အအုံ (၆၁၃) လုံး၊ ေဆး႐ုံ/ေဆးခန္း (၅၇၆) လုံး၊ ရထားလမ္း (၅၆) ခု၊ လမ္း (၂၇၁) ခု၊ အျမန္လမ္းပိုင္း (၁၉၈)ခု၊ ဆည္/ တမံ (၅၈၆) ခု၊ တံတား (၁၇၂) စင္း၊ ထရန္စေဖာ္မာ (၃၅၃) လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီမွ ထုတ္ျပန္ ထားသည္။
ထို႔ျပင္ ထိုသို႔ထိခိုက္ခံစားခဲ့ရသည့္ ေဒသ မ်ားအတြက္ ႏိုင္ငံေတာ္အေနျဖင့္ ဘီလ်ံ (၅၀ဝ) ကို မတည္၍ ကူညီ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ သတင္းထုတ္ ျပန္ထားသည္။