နိုင်ဂျီးရီးယားမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးသေဆုံး

 146

Pika (NP News) - ဇွန် ၃

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာနိုပြည်နယ်မှာ ဘတ်စ်ကားတစ်စီးဟာ လမ်းပေါ်ကနေချော်ထွက်ကာ တိမ်းမှောက်သွားပြီးနောက် အားကစားပွဲကနေအိမ်ပြန်လာတဲ့ အားကစားသမား အနည်းဆုံး(၂၂)ဦးသေဆုံးခဲ့ပြီး အခြားခရီးသည်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း တိမ်းမှောက်မှုဖြစ်ရတဲ့အကြောင်းရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့တဲ့ အားကစားသမားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က Ogun ပြည်နယ်မှာ ကျင်းပခဲ့တဲ့ အားကစားပွဲတော်မှာ ပါဝင်ခဲ့ကြတဲ့လူတွေဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါဖြစ်ရပ်အတွင်း ဘတ်စ်ကားယာဉ်မောင်းဟာ ယာဉ်ကိုထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားခဲ့ပုံပေါ်ပြီး Kano-Zaria အမြန်လမ်းပေါ်မှာရှိတဲ့ Chiromawa တံတားပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ကာနိုပြည်နယ်အုပ်ချုပ်ရးမှူး Abba Kabir Yusuf ကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့သူတွေအားလုံးကို ကုသမှုတွေလုပ်ဆောင်ပေးဖို့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ Abba Kabir Yusuf ကပြောကြားခဲ့ပါတယ်။

zawgyi version
ႏိုင္ဂ်ီးရီးယားမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၂၂)ဦးေသဆုံး
Pika (NP News) - ဇြန္ ၃

ႏိုင္ဂ်ီးရီးယားႏိုင္ငံ ေျမာက္ပိုင္း ကာႏိုျပည္နယ္မွာ ဘတ္စ္ကားတစ္စီးဟာ လမ္းေပၚကေနေခ်ာ္ထြက္ကာ တိမ္းေမွာက္သြားၿပီးေနာက္ အားကစားပြဲကေနအိမ္ျပန္လာတဲ့ အားကစားသမား အနည္းဆုံး(၂၂)ဦးေသဆုံးခဲ့ၿပီး အျခားခရီးသည္အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း တိမ္းေမွာက္မႈျဖစ္ရတဲ့အေၾကာင္းရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ ၎ကထပ္မံေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့တဲ့ အားကစားသမားေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္က Ogun ျပည္နယ္မွာ က်င္းပခဲ့တဲ့ အားကစားပြဲေတာ္မွာ ပါဝင္ခဲ့ၾကတဲ့လူေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ အဆိုပါျဖစ္ရပ္အတြင္း ဘတ္စ္ကားယာဥ္ေမာင္းဟာ ယာဥ္ကိုထိန္းခ်ဳပ္ႏိုင္မႈ ဆုံးရႈံးသြားခဲ့ပုံေပၚၿပီး Kano-Zaria အျမန္လမ္းေပၚမွာရွိတဲ့ Chiromawa တံတားေပၚကေန ျပဳတ္က်ခဲ့တာျဖစ္တယ္လို႔ ကာႏိုျပည္နယ္အုပ္ခ်ဳပ္ရးမႉး Abba Kabir Yusuf ကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ဘတ္စ္ကားတိမ္းေမွာက္မႈအတြင္း အသက္ရွင္လြတ္ေျမာက္ခဲ့သူေတြအားလုံးကို ကုသမႈေတြလုပ္ေဆာင္ေပးဖို႔အတြက္ ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့တယ္လို႔ Abba Kabir Yusuf ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.