ဖားကန့်တွင် ယမ်းဂိုထောင် ပေါက်ကွဲမှု ဖြစ်ပွားသည့် အတွက် သုံးယောက်သေဆုံးကာ အများအပြား ဒဏ်ရာရ ကြောင်း ကနဦး သိရ

1474

သုတကျော် (NP News) - ဇွန် ၃
ဖားကန့်မြို့နယ်၊ လုံခင်း ကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ယနေ့ (ဇွန်လ ၃ ရက်) နေ့လယ်ပိုင်း က ယမ်းဂိုထောင် ပေါက်ကွဲမှု ဖြစ်ပွားသည့် အတွက် သုံးယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရခဲ့ကြောင်း ဒေသခံ များထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ ကနဦး သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ နေ့လယ်ပိုင်း ၁ နာရီကျော် အချိန် ခန့်က လုပ်ကွက်ဟောင်း တစ်ခု အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယမ်း ဂိုထောင် ပေါက်ကွဲသည့် အတွက် အသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း သိရသည်။
“လူကတော့ ထိခိုက်မှု ရှိတယ်။ ကျွန်တော် သိသလောက်ကတော့ သုံးယောက်သေတယ် ဆယ်ယောက်လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒဏ်ရာရက အဲဒီထက် ပိုများနိုင်တယ်။ အခြေအနေကတော့ မသိရသေးဘူး။ ပေါက်တာက ယမ်းဂိုထောင်ပါ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
သေဆုံးသူ သုံးဦး အနက် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ကနဦး သိရပြီး ပေါက်ကွဲအားမှာ ပြင်းထန်ခဲ့ကာ အခြား ပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့ကြောင်း သိရသည်။
“ပေါက်ကွဲသံကို အကျယ်ကြီး ကြားရတယ်” ဟု အခြား ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေ များနှင့် ပတ်သက်၍ ဆက်လက် စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။

zawgyi version
ဖားကန္႔တြင္ ယမ္းဂိုေထာင္ ေပါက္ကြဲမႈ ျဖစ္ပြားသည့္ အတြက္ သုံးေယာက္ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရ ေၾကာင္း ကနဦး သိရ
သုတေက်ာ္ (NP News) - ဇြန္ ၃
ဖားကန္႔ၿမိဳ႕နယ္၊ လုံခင္း ေက်း႐ြာအုပ္စု၊ ေမွာ္စီစာေက်း႐ြာတြင္ ယေန႔ (ဇြန္လ ၃ ရက္) ေန႔လယ္ပိုင္း က ယမ္းဂိုေထာင္ ေပါက္ကြဲမႈ ျဖစ္ပြားသည့္ အတြက္ သုံးေယာက္ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရခဲ့ေၾကာင္း ေဒသခံ မ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ ကနဦး သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ေန႔လယ္ပိုင္း ၁ နာရီေက်ာ္ အခ်ိန္ ခန႔္က လုပ္ကြက္ေဟာင္း တစ္ခု အတြင္း ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ ယမ္း ဂိုေထာင္ ေပါက္ကြဲသည့္ အတြက္ အသံကို က်ယ္ေလာင္စြာ ၾကားခဲ့ရေၾကာင္း သိရသည္။
“လူကေတာ့ ထိခိုက္မႈ ရွိတယ္။ ကြၽန္ေတာ္ သိသေလာက္ကေတာ့ သုံးေယာက္ေသတယ္ ဆယ္ေယာက္ေလာက္ ဒဏ္ရာရတယ္လို႔ သိရပါတယ္။ ဒဏ္ရာရက အဲဒီထက္ ပိုမ်ားႏိုင္တယ္။ အေျခအေနကေတာ့ မသိရေသးဘူး။ ေပါက္တာက ယမ္းဂိုေထာင္ပါ” ဟု ေဒသခံ တစ္ဦးက ဆိုသည္။
ေသဆုံးသူ သုံးဦး အနက္ အမ်ိဳးသား ၂ ဦး ႏွင့္ အမ်ိဳးသမီး ၁ ဦး ပါဝင္ေၾကာင္း ကနဦး သိရၿပီး ေပါက္ကြဲအားမွာ ျပင္းထန္ခဲ့ကာ အျခား ပ်က္စီးဆုံးရႈံးမႈမ်ားလည္း မ်ားျပားခဲ့ေၾကာင္း သိရသည္။
“ေပါက္ကြဲသံကို အက်ယ္ႀကီး ၾကားရတယ္” ဟု အျခား ေဒသခံ တစ္ဦးက ဆိုသည္။
အဆိုပါ ေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ေနာက္ဆက္တြဲ အေျခအေန မ်ားႏွင့္ ပတ္သက္၍ ဆက္လက္ စုံစမ္း ေမးျမန္းေနဆဲ ျဖစ္သည္။