ဖိလစ်ပိုင်မှာ HIV ကူးစက်မှုမြင့်တက်နေတာကြောင့် ကျန်းမာရေးအရေးပေါ် သတိပေးချက် ထုတ်ပြန်ထား

 406

ရောင်နီ (NP News) - ဇွန် ၄

ဖိလစ်ပိုင်မှာ ယခုနှစ်အတွင်း HIV ပိုးကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် လူငယ်တွေ (အထူးသဖြင့်) ဝေဒနာခံစားနေရတဲ့အမျိုးသားတွေအတွက် ဖိလစ်ပိုင်ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေက အင်္ဂါနေ့ (ဇွန် ၃ ရက်) မှာ “ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ” အဖြစ် သတိပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ပထမသုံးလအတွင်း လူပေါင်း (၁၁၇)သန်းရှိတဲ့နိုင်ငံမှာ တစ်ရက်ကို ရောဂါကူးစက်မှု အသစ် (၅၇)ဦးတိုးလာခဲ့ပြီး ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတယ်လို့ ကျန်းမာရေးဌာန အချက်အလက်များအရ သိရပါတယ်။ "အနောက်ပစိဖိတ်ဒေသထဲမှာ ရောဂါကူးစက်ခံရသူ အရေအတွက် အများဆုံး ဖြစ်နေပါပြီ" လို့ ကျန်းမာရေးဝန်ကြီး တက်ဒ်ဟာဘိုဆာက အင်္ဂါနေ့(ဇွန်လ ၃ ရက်)က ထုတ်ပြန်တဲ့ ဗီဒီယိုမက်ဆေ့ချ်မှာ ပြောကြားခဲ့ပါတယ်။ "HIV ရောဂါကူးစက်မှုအသစ်အရေအတွက်ကို လျှော့ချဖို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စည်းရုံးကြဖို့ လိုပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ရောဂါကူးစက်ခံရသူ (၉၅)ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ကြပြီး (၃၃)ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၂၄ နှစ်၊ ၄၇ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်မှ ၃၄ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ဖိလစ်ပိုင်မှာ HIV ရောဂါဖြစ်ပွားမှု ၂၀၂၁ ခုနှစ်က စမြင့်တက်လာခဲ့တာဖြစ်ပြီး ယခုနှစ် ကုန်ပိုင်းမှာ နိုင်ငံအတွင်း HIV ပိုးရှိနေသူ ၂၅၂၈၀၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

zawgyi version
ဖိလစ္ပိုင္မွာ HIV ကူးစက္မႈျမင့္တက္ေနတာေၾကာင့္ က်န္းမာေရးအေရးေပၚ သတိေပးခ်က္ ထုတ္ျပန္ထား
ေရာင္နီ (NP News) - ဇြန္ ၄

ဖိလစ္ပိုင္မွာ ယခုႏွစ္အတြင္း HIV ပိုးကူးစက္မႈႏႈန္း ျမင့္တက္လာတာေၾကာင့္ လူငယ္ေတြ (အထူးသျဖင့္) ေဝဒနာခံစားေနရတဲ့အမ်ိဳးသားေတြအတြက္ ဖိလစ္ပိုင္ေဆးဘက္ဆိုင္ရာ အာဏာပိုင္ေတြက အဂၤါေန႔ (ဇြန္ ၃ ရက္) မွာ “ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေန” အျဖစ္ သတိေပးခဲ့ပါတယ္။

၂၀၂၅ ခုႏွစ္ရဲ႕ပထမသုံးလအတြင္း လူေပါင္း (၁၁၇)သန္းရွိတဲ့ႏိုင္ငံမွာ တစ္ရက္ကို ေရာဂါကူးစက္မႈ အသစ္ (၅၇)ဦးတိုးလာခဲ့ၿပီး ယခင္ႏွစ္ကထက္ ၅၀ ရာခိုင္ႏႈန္း ခုန္တက္သြားတယ္လို႔ က်န္းမာေရးဌာန အခ်က္အလက္မ်ားအရ သိရပါတယ္။ "အေနာက္ပစိဖိတ္ေဒသထဲမွာ ေရာဂါကူးစက္ခံရသူ အေရအတြက္ အမ်ားဆုံး ျဖစ္ေနပါၿပီ" လို႔ က်န္းမာေရးဝန္ႀကီး တက္ဒ္ဟာဘိုဆာက အဂၤါေန႔(ဇြန္လ ၃ ရက္)က ထုတ္ျပန္တဲ့ ဗီဒီယိုမက္ေဆ့ခ်္မွာ ေျပာၾကားခဲ့ပါတယ္။ "HIV ေရာဂါကူးစက္မႈအသစ္အေရအတြက္ကို ေလွ်ာ့ခ်ဖို႔ လူ႔အဖြဲ႕အစည္းတစ္ခုလုံးကို စည္း႐ုံးၾကဖို႔ လိုပါတယ္”လို႔ ၎က ဆိုပါတယ္။

ေရာဂါကူးစက္ခံရသူ (၉၅)ရာခိုင္ႏႈန္းဟာ အမ်ိဳးသားေတြျဖစ္ၾကၿပီး (၃၃)ရာခိုင္ႏႈန္းဟာ အသက္ ၁၅ ႏွစ္မွ ၂၄ ႏွစ္၊ ၄၇ ရာခိုင္ႏႈန္းဟာ အသက္ ၂၅ ႏွစ္မွ ၃၄ ႏွစ္ၾကား အ႐ြယ္ေတြ ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ ဖိလစ္ပိုင္မွာ HIV ေရာဂါျဖစ္ပြားမႈ ၂၀၂၁ ခုႏွစ္က စျမင့္တက္လာခဲ့တာျဖစ္ၿပီး ယခုႏွစ္ ကုန္ပိုင္းမွာ ႏိုင္ငံအတြင္း HIV ပိုးရွိေနသူ ၂၅၂၈၀၀ ခန႔္ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.