သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုကို အမေရိကန်တရားရုံး တားမြစ်ပိတ်ပင်ဟုဆို

287

ဂျန်ဇက် (NP News) - ဇွန် ၄
အမေရိကန် ဖက်ဒရယ်တရားရုံးတစ်ရုံးက သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ အခွန် စည်းကြပ်မှုကို ပြီးခဲ့သည့်ရက်ပိုင်းတွင်ပိတ်ပင်လိုက် ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဇန်န ဝါရီလအတွင်း သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တာဝန် ယူခဲ့ပြီးနောက် ကုန်သွယ်ခွန်စည်းကြပ်မှုများ သတ် မှတ်ခဲ့ရာအငြင်းပွားမှုများဖြစ်လာခဲ့ကြောင်းသိရ သည်။
အမေရိကန်တရားရုံးက " နိုင်ငံတကာ အရေးပေါ်စီးပွားရေးအခွင့်အာဏာဆိုင်ရာ ဥပဒေ (IEEPA) ကို အခြေခံတဲ့ အခွန်စည်းကြပ်မှုတွေကို တားမြစ်ပိတ်ပင်လိုက်တယ်။ အဲဒီစည်းကြပ်ခွန်တွေ ဟာ သမ္မတကို ဥပဒေအရပေးအပ်ထားတဲ့ ဘယ် အခွင့်အာဏာကိုမဆို ကျော်လွန်နေတယ်} ဟုပြော သည်။ အမေရိကန်တရားရုံးက တစ်ကမ္ဘာလုံးအပေါ် ချမှတ်သော စည်းကြပ်ခွန်အမိန့်၊ လက်တုံ့ပြန် သည့် သဘောနဲ့ချမှတ်သော စည်းကြပ်ခွန် အမိန့်၊ တရားမဝင်ကုန်သွယ်မှုကို အကြောင်း ပြုသော စည်းကြပ်ခွန်အမိန့်တွေကို ှုနဏဗ က ခွင့်မပြုကြောင်းဖော်ပြထားပြီး အိမ်ဖြူ တော်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အယူခံ ဝင်ရန် တရားရုံးကို အကြောင်းကြားထား သည်ဟု သိရသည်။ တရားရုံး၏ဆုံးဖြတ် ချက်ကြောင့် အမေရိကန်ဒေါ်လာနဲ့ လဲလှယ်သော ယန်းငွေတန်ဖိုးသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျ ဆင်းခဲ့ပြီး ဂျပန်နိုင်ငံတိုကျိုမှာ ယန်းငွေတန်ဖိုးက အခိုက်အတန့်အားဖြင့် တစ်ဒေါ်လာကို (၁၄၆) ယန်းအဆင့်ကို ကျဆင်းခဲ့ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက် လပိုင်းအကြာတွင် မဟာမိတ် နိုင်ငံများအပါအဝင် အခြားနိုင်ငံများအပေါ်လည်း အမေရိကန်နိုင်ငံသို့တင်သွင်းသော ကုန်စည်များ နှင့် ပတ်သက်ပြီး အခွန်ကောက်ခံရန်စီစဉ်ခဲ့ရာ အငြင်း ပွားမှုများဖြစ်လာခဲ့ပြီး အမေရိကန်နှင့် တရုတ်အပါ အဝင် ကမ္ဘာနိုင်ငံအချို့ကြားအပြန်အလှန် အခွန် တိုးကောက်ခြင်းများရှိခဲ့ရာ ကမ္ဘာ့ကုန်သွယ်ရေး မတည်ငြိမ်မှုဖြစ်မည်ကို စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
သမၼတေဒၚနယ္ထရမ့္၏ ကမာၻလုံးဆိုင္ရာ အခြန္စည္းၾကပ္မႈကို အေမရိကန္တရား႐ုံး တားျမစ္ပိတ္ပင္ဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၄
အေမရိကန္ ဖက္ဒရယ္တရား႐ုံးတစ္႐ုံးက သမၼတေဒၚနယ္ထရမ့္၏ ကမာၻလုံးဆိုင္ရာ အခြန္ စည္းၾကပ္မႈကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ပိတ္ပင္လိုက္ ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံတြင္ ဇန္န ဝါရီလအတြင္း သမၼတအျဖစ္ ေဒၚနယ္ထရမ့္ တာဝန္ ယူခဲ့ၿပီးေနာက္ ကုန္သြယ္ခြန္စည္းၾကပ္မႈမ်ား သတ္ မွတ္ခဲ့ရာအျငင္းပြားမႈမ်ားျဖစ္လာခဲ့ေၾကာင္းသိရ သည္။
အေမရိကန္တရား႐ုံးက " ႏိုင္ငံတကာ အေရးေပၚစီးပြားေရးအခြင့္အာဏာဆိုင္ရာ ဥပေဒ (IEEPA) ကို အေျခခံတဲ့ အခြန္စည္းၾကပ္မႈေတြကို တားျမစ္ပိတ္ပင္လိုက္တယ္။ အဲဒီစည္းၾကပ္ခြန္ေတြ ဟာ သမၼတကို ဥပေဒအရေပးအပ္ထားတဲ့ ဘယ္ အခြင့္အာဏာကိုမဆို ေက်ာ္လြန္ေနတယ္} ဟုေျပာ သည္။ အေမရိကန္တရား႐ုံးက တစ္ကမာၻလုံးအေပၚ ခ်မွတ္ေသာ စည္းၾကပ္ခြန္အမိန႔္၊ လက္တုံ႔ျပန္ သည့္ သေဘာနဲ႔ခ်မွတ္ေသာ စည္းၾကပ္ခြန္ အမိန႔္၊ တရားမဝင္ကုန္သြယ္မႈကို အေၾကာင္း ျပဳေသာ စည္းၾကပ္ခြန္အမိန႔္ေတြကို ႈနဏဗ က ခြင့္မျပဳေၾကာင္းေဖာ္ျပထားၿပီး အိမ္ျဖဴ ေတာ္က အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အယူခံ ဝင္ရန္ တရား႐ုံးကို အေၾကာင္းၾကားထား သည္ဟု သိရသည္။ တရား႐ုံး၏ဆုံးျဖတ္ ခ်က္ေၾကာင့္ အေမရိကန္ေဒၚလာနဲ႔ လဲလွယ္ေသာ ယန္းေငြတန္ဖိုးသည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ က် ဆင္းခဲ့ၿပီး ဂ်ပန္ႏိုင္ငံတိုက်ိဳမွာ ယန္းေငြတန္ဖိုးက အခိုက္အတန႔္အားျဖင့္ တစ္ေဒၚလာကို (၁၄၆) ယန္းအဆင့္ကို က်ဆင္းခဲ့ေၾကာင္းသိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ လပိုင္းအၾကာတြင္ မဟာမိတ္ ႏိုင္ငံမ်ားအပါအဝင္ အျခားႏိုင္ငံမ်ားအေပၚလည္း အေမရိကန္ႏိုင္ငံသို႔တင္သြင္းေသာ ကုန္စည္မ်ား ႏွင့္ ပတ္သက္ၿပီး အခြန္ေကာက္ခံရန္စီစဥ္ခဲ့ရာ အျငင္း ပြားမႈမ်ားျဖစ္လာခဲ့ၿပီး အေမရိကန္ႏွင့္ တ႐ုတ္အပါ အဝင္ ကမာၻႏိုင္ငံအခ်ိဳ႕ၾကားအျပန္အလွန္ အခြန္ တိုးေကာက္ျခင္းမ်ားရွိခဲ့ရာ ကမာၻ႔ကုန္သြယ္ေရး မတည္ၿငိမ္မႈျဖစ္မည္ကို စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း သိရသည္။