တရုတ်က နိုင်ငံပေါင်းဒါဇင်ချီ ပူးပေါင်းပါဝင်မည့် နိုင်ငံတကာ ဖျန်ဖြေရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း

 1387

ဂျန်ဇက် (NP News) - ဇွန် ၄
တရုတ်နိုင်ငံသည် နိုင်ငံပေါင်းဒါဇင်ချီ ပူးပေါင်းပါဝင်မည့် အငြင်းပွားမှုများကို ကြားဝင် ဖြေရှင်းပေးမည့် နိုင်ငံတကာဖျန်ဖြေရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ တရုတ် နိုင်ငံက ဦးဆောင်သည့် နိုင်ငံတကာ အငြင်းပွားမှုများကို ကြားဝင်ဖြေရှင်းပေးမည့်အဖွဲ့သစ် ဖွဲ့စည်းတည် ထောင်ရန် ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဘီလာရုစ့်၊ ကျူးဘားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၃၀)ကျော်မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ှုInternational Organization for Mediation အဖွဲ့ဖွဲ့စည်းခြင်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ ကူညီထောက်ပံ့ပူးပေါင်းပါဝင်ခြင်းက ကမ္ဘာ့တောင်ပိုင်း တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုမြင့်တက်ခြင်းကိုအချက်ပြလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက "အငြင်းပွားမှုတွေကို ကြား ဝင်ဖြေရှင်းပေးမယ့် နိုင်ငံတကာအဖွဲ့စည်း တည် ထောင်ခြင်းဟာ မင်းနိုင်ပြီး ငါရှုံးရမယ်ဆိုတဲ့ ဖနမသ-ျကာ စိတ်ထားပိုင်းထက်ကျော်လွန်ပြီး လုပ်ဆောင် နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်" ဟု ပြောသည်။
အဆိုပါ အဖွဲ့အစည်း၏ ရုံး ချုပ်ကို ဟောင်ကောင်ဒေသတွင်အခြေစိုက် မည်ဖြစ်ပြီး နိုင်ငံတကာ အငြင်းပွားမှုများ ကို ကြားဝင်ဖြေရှင်းပေးနိုင်ရန်၊ သဟဇာတဖြစ်သည့် ကမ္ဘာ့ဆက်ဆံရေးကို တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။ တရုတ်အစိုးရက ညှိနှိုင်းဖျန်ဖြေခြင်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ ပထမဆုံးသော အစိုးရအချင်းချင်း တရားဝင် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါအခြေခံမူများကို အကာအကွယ် ပေးရာတွင် အရေးကြီးသော ယန္တရားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။ ဟောင်ကောင် ခေါင်းဆောင် ဂျွန်လီက အဆိုပါအဖွဲ့ အစည်းသည် ယခုနှစ်ကုန်ပိုင်းတွင် ၎င်း၏လုပ်ငန်းကို စတင်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ တရားဥပဒေစိုး မိုးမှုသည် အလွန်ဖွံ့ဖြိုးပြီး ဘုံဥပဒေနှင့် ပြည်မကြီး တရုတ်ဥပဒေစနစ်နှစ်ခု လုံး၏ အားသာချက်များဖြင့် နိုင်ငံတကာဖျန်ဖြေရေးအတွက် ထူးခြားကောင်းမွန် သော အခြေအနေများရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံနှင့် အငြင်းပွားမှုများဖြစ်ပွားနေသလို တရုတ်တိုင်ပေ၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့်လည်း ပိုင် နက်နယ်မြေအငြင်းပွားမှုများဖြစ်ပွားနေကြောင်းသိရ သည်။

Zawgyi Version:
တ႐ုတ္က ႏိုင္ငံေပါင္းဒါဇင္ခ်ီ ပူးေပါင္းပါဝင္မည့္ ႏိုင္ငံတကာ ဖ်န္ေျဖေရးအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္း
ဂ်န္ဇက္ (NP News) - ဇြန္ ၄
တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံေပါင္းဒါဇင္ခ်ီ ပူးေပါင္းပါဝင္မည့္ အျငင္းပြားမႈမ်ားကို ၾကားဝင္ ေျဖရွင္းေပးမည့္ ႏိုင္ငံတကာဖ်န္ေျဖေရးအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းလိုက္ေၾကာင္းသိရသည္။ တ႐ုတ္ ႏိုင္ငံက ဦးေဆာင္သည့္ ႏိုင္ငံတကာ အျငင္းပြားမႈမ်ားကို ၾကားဝင္ေျဖရွင္းေပးမည့္အဖြဲ႕သစ္ ဖြဲ႕စည္းတည္ ေထာင္ရန္ ပါကစၥတန္၊ အင္ဒိုနီးရွား၊ ဘီလာ႐ုစ့္၊ က်ဴးဘားႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံေပါင္း (၃၀)ေက်ာ္မွကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၿပီး ႈInternational Organization for Mediation အဖြဲ႕ဖြဲ႕စည္းျခင္းကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံမ်ား၏ ကူညီေထာက္ပံ့ပူးေပါင္းပါဝင္ျခင္းက ကမာၻ႔ေတာင္ပိုင္း တြင္ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္းမိုးမႈျမင့္တက္ျခင္းကိုအခ်က္ျပလိုက္ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီး ဝမ္ယိက "အျငင္းပြားမႈေတြကို ၾကား ဝင္ေျဖရွင္းေပးမယ့္ ႏိုင္ငံတကာအဖြဲ႕စည္း တည္ ေထာင္ျခင္းဟာ မင္းႏိုင္ၿပီး ငါရႈံးရမယ္ဆိုတဲ့ ဖနမသ-်ကာ စိတ္ထားပိုင္းထက္ေက်ာ္လြန္ၿပီး လုပ္ေဆာင္ ႏိုင္ဖို႔ ရည္႐ြယ္တာျဖစ္တယ္" ဟု ေျပာသည္။
အဆိုပါ အဖြဲ႕အစည္း၏ ႐ုံး ခ်ဳပ္ကို ေဟာင္ေကာင္ေဒသတြင္အေျခစိုက္ မည္ျဖစ္ၿပီး ႏိုင္ငံတကာ အျငင္းပြားမႈမ်ား ကို ၾကားဝင္ေျဖရွင္းေပးႏိုင္ရန္၊ သဟဇာတျဖစ္သည့္ ကမာၻ႔ဆက္ဆံေရးကို တည္ေဆာက္ရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ ျခားေရးဝန္ႀကီးက ေျပာသည္။ တ႐ုတ္အစိုးရက ညႇိႏႈိင္းဖ်န္ေျဖျခင္းျဖင့္ အျငင္းပြားမႈမ်ားကို ေျဖရွင္းရန္အတြက္ ကမာၻ႔ ပထမဆုံးေသာ အစိုးရအခ်င္းခ်င္း တရားဝင္ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ကုလသမဂၢ ပဋိညာဥ္ စာတမ္းပါအေျခခံမူမ်ားကို အကာအကြယ္ ေပးရာတြင္ အေရးႀကီးေသာ ယႏၲရားတစ္ခု ျဖစ္လာမည္ျဖစ္ေၾကာင္း ေျပာသည္။ ေဟာင္ေကာင္ ေခါင္းေဆာင္ ဂြၽန္လီက အဆိုပါအဖြဲ႕ အစည္းသည္ ယခုႏွစ္ကုန္ပိုင္းတြင္ ၎၏လုပ္ငန္းကို စတင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ေဟာင္ေကာင္၏ တရားဥပေဒစိုး မိုးမႈသည္ အလြန္ဖြံ႕ၿဖိဳးၿပီး ဘုံဥပေဒႏွင့္ ျပည္မႀကီး တ႐ုတ္ဥပေဒစနစ္ႏွစ္ခု လုံး၏ အားသာခ်က္မ်ားျဖင့္ ႏိုင္ငံတကာဖ်န္ေျဖေရးအတြက္ ထူးျခားေကာင္းမြန္ ေသာ အေျခအေနမ်ားရွိေၾကာင္း အခိုင္အမာ ေျပာဆိုခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားျဖစ္ပြားေနသလို တ႐ုတ္တိုင္ေပ၊ ဖိလစ္ပိုင္ႏိုင္ငံတို႔ႏွင့္လည္း ပိုင္ နက္နယ္ေျမအျငင္းပြားမႈမ်ားျဖစ္ပြားေနေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.