အီရန်နဲ့သဘောတူညီချက်ထဲမှာ ယူရေနီယမ်သန့်စင်တာကို ခွင့်မပြုထားဘူးလို့ အမေရိကန်ပြော

 164

Pika (NP News) - ဇွန် ၅

အီရန်နိုင်ငံနဲ့ သဘောတူညီချက်ထဲမှာ ယူရေနီယမ်သန့်စင်တာကို ခွင့်ပြုထားတာမျိုး မပါဘူးလို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ယူရေနီယမ်သန့်စင်မှုဟာ စွမ်းအင် ထုတ်လုပ်ဖို့အတွက်သာဖြစ်ပြီး ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တယ်လို့ အီရန်ဘက်ကပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်ကြားလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်းမှာ ယူရေနီယမ်သန့်စင်မှုဟာ အဓိကအငြင်းပွားမှု အချက်အလက်တစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့် က “ကျွန်တော်တို့ရဲ့အလားအလာရှိတဲ့ သဘောတူညီချက်ထဲမှာ ယူရေနီယမ်သန့်စင်တာကို ခွင့်မပြုထားပါဘူး” လို့ ပြောခဲ့ပါတယ်။
အီရန်က လက်ခံနိုင်လောက်တဲ့ နျူကလီးယားသဘောတူညီချက်တစ်ခုကို အီရန်ကိုပေးပို့ခဲ့တယ်လို့ အမေရိကန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါ တယ်။ ဒါ့ပြင် အဲဒီအဆိုပြုချက်ဟာ အီရန်ရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက် လက်ခံဖို့သင့်တော်တဲ့ အဆိုပြုချက်တစ်ခုဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အီရန္နဲ႔သေဘာတူညီခ်က္ထဲမွာ ယူေရနီယမ္သန႔္စင္တာကို ခြင့္မျပဳထားဘူးလို႔ အေမရိကန္ေျပာ
Pika (NP News) - ဇြန္ ၅

အီရန္ႏိုင္ငံနဲ႔ သေဘာတူညီခ်က္ထဲမွာ ယူေရနီယမ္သန႔္စင္တာကို ခြင့္ျပဳထားတာမ်ိဳး မပါဘူးလို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ၎ရဲ႕ယူေရနီယမ္သန႔္စင္မႈဟာ စြမ္းအင္ ထုတ္လုပ္ဖို႔အတြက္သာျဖစ္ၿပီး ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္တစ္ခုျဖစ္တယ္လို႔ အီရန္ဘက္ကေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ အီရန္ၾကားလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြအတြင္းမွာ ယူေရနီယမ္သန႔္စင္မႈဟာ အဓိကအျငင္းပြားမႈ အခ်က္အလက္တစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္ က “ကြၽန္ေတာ္တို႔ရဲ႕အလားအလာရွိတဲ့ သေဘာတူညီခ်က္ထဲမွာ ယူေရနီယမ္သန႔္စင္တာကို ခြင့္မျပဳထားပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အီရန္က လက္ခံႏိုင္ေလာက္တဲ့ န်ဴကလီးယားသေဘာတူညီခ်က္တစ္ခုကို အီရန္ကိုေပးပို႔ခဲ့တယ္လို႔ အေမရိကန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါ တယ္။ ဒါ့ျပင္ အဲဒီအဆိုျပဳခ်က္ဟာ အီရန္ရဲ႕အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ လက္ခံဖို႔သင့္ေတာ္တဲ့ အဆိုျပဳခ်က္တစ္ခုျဖစ္တယ္လို႔ အေမရိကန္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.