ဆူဒန်မှာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ (၄)သန်းကျော်အထိရှိလာ

 407

Pika (NP News) - ဇွန် ၅

ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ်စတင်ခဲ့တဲ့ (၂၀၂၃)ခုနှစ်ကနေစတင်ပြီး နေရပ်စွန့်ခွာထွက်ပြေးလာသူအရေအတွက် ဟာ (၄)သန်းကျော်သွားပြီလို့ ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များအေဂျင်စီရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် အသက်ရှင်လွတ်မြောက်လာသူအများအပြားဟာ ရန်ပုံငွေပြတ်လပ်မှုနဲ့အတူ အမိုးအကာ မလုံလောက်မှုတွေကို ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Eujin Byun က “ဆူဒန်မှာ ပြည်တွင်းစစ် စဖြစ်ကတည်း က နေရပ်စွန့်ခွာ ထွက်ပြေးလာသူအရေအတွက်ဟာ (၄)သန်းကျော်ထိရှိသွားပါပြီ။ အဲဒါက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနေရပ်စွန့်ခွာထွက်ပြေးမှုတစ်ခုပဲဖြစ်ပါတယ်။
ဆူဒန်မှာ ပဋိပက္ခတွေဆက်ဖြစ်နေမယ်ဆိုရင် နောက်ထပ်ထောင်နဲ့ချီတဲ့လူတွေက နေရပ်စွန့်ခွာထွက်ပြေးရ လိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အဲဒါက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးကိုပါ ထိခိုက်လာစေနိုင် ပါတယ်” လို့ ပြောခဲ့ပါတယ်။ (၂၀၂၃)ခုနှစ် ဧပြီလမှာ အကြမ်းဖက်မှုတွေစတင်ဖြစ်ပွားခဲ့တဲ့ ဆူဒန်နိုင်ငံဟာ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံ၊အီဂျစ်၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ လစ်ဗျားတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

Zawgyi Version:
ဆူဒန္မွာ ျပည္တြင္းစစ္ေၾကာင့္ ေနရပ္စြန႔္ခြါထြက္ေျပးသူ (၄)သန္းေက်ာ္အထိရွိလာ
Pika (NP News) - ဇြန္ ၅
ဆူဒန္ႏိုင္ငံမွာ ျပည္တြင္းစစ္စတင္ခဲ့တဲ့ (၂၀၂၃)ခုႏွစ္ကေနစတင္ၿပီး ေနရပ္စြန႔္ခြာထြက္ေျပးလာသူအေရအတြက္ ဟာ (၄)သန္းေက်ာ္သြားၿပီလို႔ ကုလသမဂၢဆိုင္ရာ ဒုကၡသည္မ်ားေအဂ်င္စီရဲ႕ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ အသက္ရွင္လြတ္ေျမာက္လာသူအမ်ားအျပားဟာ ရန္ပုံေငြျပတ္လပ္မႈနဲ႔အတူ အမိုးအကာ မလုံေလာက္မႈေတြကို ႀကဳံေတြ႕ေနရတယ္လို႔လည္း သိရပါတယ္။
ကုလသမဂၢဆိုင္ရာ ဒုကၡသည္ေအဂ်င္စီ ေျပာေရးဆိုခြင့္ရွိသူ Eujin Byun က “ဆူဒန္မွာ ျပည္တြင္းစစ္ စျဖစ္ကတည္း က ေနရပ္စြန႔္ခြာ ထြက္ေျပးလာသူအေရအတြက္ဟာ (၄)သန္းေက်ာ္ထိရွိသြားပါၿပီ။ အဲဒါက ကမာၻေပၚမွာ အဆိုး႐ြားဆုံးေနရပ္စြန႔္ခြာထြက္ေျပးမႈတစ္ခုပဲျဖစ္ပါတယ္။
ဆူဒန္မွာ ပဋိပကၡေတြဆက္ျဖစ္ေနမယ္ဆိုရင္ ေနာက္ထပ္ေထာင္နဲ႔ခ်ီတဲ့လူေတြက ေနရပ္စြန႔္ခြာထြက္ေျပးရ လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္။ အဲဒါက ေဒသတြင္းနဲ႔ ကမာၻလုံးဆိုင္ရာတည္ၿငိမ္ေရးကိုပါ ထိခိုက္လာေစႏိုင္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ (၂၀၂၃)ခုႏွစ္ ဧၿပီလမွာ အၾကမ္းဖက္မႈေတြစတင္ျဖစ္ပြားခဲ့တဲ့ ဆူဒန္ႏိုင္ငံဟာ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ၊ ေတာင္ဆူဒန္ႏိုင္ငံ၊အီဂ်စ္၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဗဟိုအာဖရိကသမၼတႏိုင္ငံ၊ လစ္ဗ်ားတို႔နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.