ဇွန်လအတွင်းတန်ဖိုးနည်းအိမ်ရာအခန်းပေါင်း၂၅၀ ရောင်းချပေးမည်

553

NP News ဇွန် ၇ ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၅၀ နီးပါးကို အိမ်ရာချေးငွေစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းဌာနမှသိရသည်။
ရောင်းချပေးမည့် အိမ်ရာများမှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားသည့် သီလဝါ၊ ယုဇနအပိုင်း(၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာတို့ဖြစ်ပြီး အခန်းပေါင်း ၂၄၉ ခန်းကို အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ယခု ဇွန်လအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ခန်းများကို ဝယ်ယူလိုသူများသည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)၌ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့်အထက် ပြည့်မီ အောင်စုဆောင်းနိုင်သူဖြစ်ရမှာဖြစ်ပြီး လက်ရှိတွင် ယင်း အိမ်ရာစုဆောင်းငွေ ကျပ် သိန်း ၃၀ ပြည့်မီအောင် စုဆောင်းထားနိုင်သူ ၂၀၂၀ ဦးရှိရာ ၎င်းစာရင်းတွင် ပါဝင်သူများသည် အဆိုပါအခန်းများကို စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ဝယ်ယူလိုသူများအနေဖြင့် DUHU Sale Housing Facebook Page ၏ Messenger မှ တစ်ဆင့် ဇွန်လ ၁၆ ရက်မှ ၂၀ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအတွင်း စာရင်းပေးသွင်းရမှာဖြစ်ကြောင်း၊ ရောင်းချမည့် အိမ်ရာများ၏ တည်နေရာ၊ အဆောက်အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး၊ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ်၊ CHID Bank ၏ Down Payment Serial Number တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရန်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဝယ်ယူခွင့်စာရင်းပေးသွင်းလာသူများအတွက် အခန်းများမဲနှိုက်ပေးခြင်းအား လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် အိမ်ရာချေးငွေကို မဖြစ်မနေ ချေးယူရမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဇြန္လအတြင္းတန္ဖိုးနည္းအိမ္ရာအခန္းေပါင္း၂၅၀ ေရာင္းခ်ေပးမည္
NP News ဇြန္ ၇ ရက္
ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနပိုင္ တန္ဖိုးနည္းအိမ္ရာအခန္းေပါင္း ၂၅၀ နီးပါးကို အိမ္ရာေခ်းေငြစနစ္ျဖင့္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ၎ဌာနမွသိရသည္။
ေရာင္းခ်ေပးမည့္ အိမ္ရာမ်ားမွာ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ေဆာက္လုပ္ထားသည့္ သီလဝါ၊ ယုဇနအပိုင္း(၃)၊ ႐ိုးမရိပ္သာႏွင့္ က်န္စစ္မင္းအပိုင္း(၁) အိမ္ရာတို႔ျဖစ္ၿပီး အခန္းေပါင္း ၂၄၉ ခန္းကို အတိုးႏႈန္း သက္သာေသာ အိမ္ရာေခ်းေငြစနစ္ျဖင့္ ယခု ဇြန္လအတြင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အိမ္ခန္းမ်ားကို ဝယ္ယူလိုသူမ်ားသည္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ (CHID Bank)၌ ၂၀၂၅ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔အထိ အိမ္ရာစုေဆာင္းေငြ ေငြက်ပ္ သိန္း ၃၀ ႏွင့္အထက္ ျပည့္မီ ေအာင္စုေဆာင္းႏိုင္သူျဖစ္ရမွာျဖစ္ၿပီး လက္ရွိတြင္ ယင္း အိမ္ရာစုေဆာင္းေငြ က်ပ္ သိန္း ၃၀ ျပည့္မီေအာင္ စုေဆာင္းထားႏိုင္သူ ၂၀၂၀ ဦးရွိရာ ၎စာရင္းတြင္ ပါဝင္သူမ်ားသည္ အဆိုပါအခန္းမ်ားကို စာရင္းေပးသြင္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ဝယ္ယူလိုသူမ်ားအေနျဖင့္ DUHU Sale Housing Facebook Page ၏ Messenger မွ တစ္ဆင့္ ဇြန္လ ၁၆ ရက္မွ ၂၀ ရက္အထိ နံနက္ ၉ နာရီခြဲမွ ညေန ၄ နာရီအတြင္း စာရင္းေပးသြင္းရမွာျဖစ္ေၾကာင္း၊ ေရာင္းခ်မည့္ အိမ္ရာမ်ား၏ တည္ေနရာ၊ အေဆာက္အအုံ အမ်ိဳးအစား၊ အခန္းအက်ယ္အဝန္း၊ ေဈးႏႈန္းတို႔ကို ၾကည့္ရႈေလ့လာၿပီး၊ အမည္၊ ႏိုင္ငံသားစိစစ္ေရး ကတ္အမွတ္၊ CHID Bank ၏ Down Payment Serial Number တို႔ကို ျပည့္စုံစြာ စာရင္းေပးသြင္းရန္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ေဖၚျပထားသည္။
ဝယ္ယူခြင့္စာရင္းေပးသြင္းလာသူမ်ားအတြက္ အခန္းမ်ားမဲႏႈိက္ေပးျခင္းအား လာမည့္ ဇြန္လ ၂၇ ရက္ေန႔တြင္ ေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး အခန္းဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ အိမ္ရာေခ်းေငြကို မျဖစ္မေန ေခ်းယူရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။