မြောက်ကိုရီးယားက ရုရှားနိုင်ငံသို့ ပဲ့ထိန်းဒုံးကျည်အစင်းရေ (၁၀ဝ) လွှဲပြောင်းကူညီပေးခဲ့ဟုဆို

 371

ဂျန်ဇက် (NP News)-ဇွန် ၅
မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံသို့ ပဲ့ထိန်းဒုံးကျည်အစင်းရေ (၁၀ဝ) လွှဲပြောင်းပေးခဲ့ ကြောင်း နိုင်ငံပေါင်းစုံပိတ်ဆို့အရေးယူမှုစောင့်ကြည့်ရေးအဖွဲ့ Multilateral Sanctions Monitoring Team က ပြောသည်။ မြောက်ကိုရီး ယားနိုင်ငံသည် ပြီးခဲ့သောနှစ်အတွင်း ဥပဒေနှင့် မညီဘဲ ရုရှားနိုင်ငံ သို့ ပဲ့ထိန်းဒုံးကျည် အစင်းရေ (၁၀ဝ)ကျော် လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါအဖွဲ့ ကပြောသည်။
အဆိုပါအဖွဲ့ကို အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်အပါအဝင်နိုင်ငံပေါင်း (၁၁)နိုင်ငံနှင့် ဖွဲ့စည်း ထားကြောင်းသိရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထား သည့် ပိတ်ဆို့မှုများအကောင် ထည်ဖော်ရန်အတွက်စောင့်ကြည့်မည့်အဖွဲ့ကို ဖွဲ့စည်းတည် ထောင်ခဲ့ကြောင်းသိရသည်။
ရုရှားသည် မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆောင် ရွက်ချက်များကိုမကြာခဏ ဗီတိုအာဏာသုံး ပယ်ချခဲ့ဖူးကြောင်းသိရသည်။ အဆိုပါအဖွဲ့က မြောက်ကိုရီး ယားသည် ရုရှားနိုင်ငံသို့ တင့်ကား ဖျက်ဒုံး ကျည်များအပြင် အခြားလက်နက်များ ကူညီထောက်ပံ့ပေးခဲ့ ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကို ချိုးဖောက်ခဲ့ကြောင်း ပြောသည်။ မြောက်ကိုရီး ယားနိုင်ငံသည် ရုရှားနိုင်ငံ နှင့်မဟာမိတ်နိုင်ငံဖြစ်သည့်အတွက် ပြီးခဲ့သည့် နှစ်အတွင်း ရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင်အနည်းဆုံး (၁၁၀ဝဝ)ကျော်စေလွှတ်ခဲ့သလို ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်းတွင်လည်း နောက်ထပ်တပ်ဖွဲ့ဝင် (၃၀ဝဝ) ကျော်ကို စေလွှတ်ပေးပို့ခဲ့ကြောင်း နိုင်ငံပေါင်းစုံပိတ်ဆို့အရေးယူမှု စောင့် ကြည့်ရေးအဖွဲ့က ပြောသည်။
ရုရှားသည် မြောက်ကိုရီးယားနိုင်ငံကို လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ဂျန်မာစနစ် အပါ အဝင် ခေတ်မီကောင်းမွန်သည့် electronic warfare systems များကို ပြန်လည်ကူညီထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။ ရုရှားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံဖြစ်သော်လည်း မြောက်ကို ရီးယားနိုင်ငံကို ချမှတ်ထားသည့် ပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိကြောင်း အဆိုပါအဖွဲ့က ပြောသည်။ ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းလိုအပ်ချက်များ ရှိနေသည့် အတွက် မြောက်ကိုရီးယားအပါအဝင် နိုင်ငံအချို့ထံမှ အကူအညီများရယူခဲ့ရကြောင်း သိရသည်။ နိုင်ငံ ပေါင်းစုံပိတ်ဆို့အရေးယူမှုစောင့်ကြည့်ရေးအဖွဲ့က ကုလသမဂ္ဂအဖွဲ့၏ ပိတ်ဆို့မှုများကို ရှောင်ရှားရန် အတွက် မြောက်ကိုရီးယားနိုင်ငံ ပါဝင် ဆက်နွှယ်လုပ်ကိုင်နေသည့်သင်္ဘောများ၊ အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များကို အတိအကျစုံစမ်းသိရှိနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version
ေျမာက္ကိုရီးယားက ႐ုရွားႏိုင္ငံသို႔ ပဲ့ထိန္းဒုံးက်ည္အစင္းေရ (၁၀ဝ) လႊဲေျပာင္းကူညီေပးခဲ့ဟုဆို
ဂ်န္ဇက္ (NP News)-ဇြန္ ၅
ေျမာက္ကိုရီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံသို႔ ပဲ့ထိန္းဒုံးက်ည္အစင္းေရ (၁၀ဝ) လႊဲေျပာင္းေပးခဲ့ ေၾကာင္း ႏိုင္ငံေပါင္းစုံပိတ္ဆို႔အေရးယူမႈေစာင့္ၾကည့္ေရးအဖြဲ႕ Multilateral Sanctions Monitoring Team က ေျပာသည္။ ေျမာက္ကိုရီး ယားႏိုင္ငံသည္ ၿပီးခဲ့ေသာႏွစ္အတြင္း ဥပေဒႏွင့္ မညီဘဲ ႐ုရွားႏိုင္ငံ သို႔ ပဲ့ထိန္းဒုံးက်ည္ အစင္းေရ (၁၀ဝ)ေက်ာ္ လႊဲေျပာင္းေပးခဲ့ေၾကာင္း အဆိုပါအဖြဲ႕ ကေျပာသည္။
အဆိုပါအဖြဲ႕ကို အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္အပါအဝင္ႏိုင္ငံေပါင္း (၁၁)ႏိုင္ငံႏွင့္ ဖြဲ႕စည္း ထားေၾကာင္းသိရသည္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီသည္ ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ခ်မွတ္ထား သည့္ ပိတ္ဆို႔မႈမ်ားအေကာင္ ထည္ေဖာ္ရန္အတြက္ေစာင့္ၾကည့္မည့္အဖြဲ႕ကို ဖြဲ႕စည္းတည္ ေထာင္ခဲ့ေၾကာင္းသိရသည္။
႐ုရွားသည္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ေဆာင္ ႐ြက္ခ်က္မ်ားကိုမၾကာခဏ ဗီတိုအာဏာသုံး ပယ္ခ်ခဲ့ဖူးေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕က ေျမာက္ကိုရီး ယားသည္ ႐ုရွားႏိုင္ငံသို႔ တင့္ကား ဖ်က္ဒုံး က်ည္မ်ားအျပင္ အျခားလက္နက္မ်ား ကူညီေထာက္ပံ့ေပးခဲ့ ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ဆုံးျဖတ္ခ်က္မ်ားကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ေျပာသည္။ ေျမာက္ကိုရီး ယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံ ႏွင့္မဟာမိတ္ႏိုင္ငံျဖစ္သည့္အတြက္ ၿပီးခဲ့သည့္ ႏွစ္အတြင္း ႐ုရွားႏိုင္ငံသို႔ တပ္ဖြဲ႕ဝင္အနည္းဆုံး (၁၁၀ဝဝ)ေက်ာ္ေစလႊတ္ခဲ့သလို ယခုႏွစ္ ဇန္နဝါရီလမွ မတ္လအတြင္းတြင္လည္း ေနာက္ထပ္တပ္ဖြဲ႕ဝင္ (၃၀ဝဝ) ေက်ာ္ကို ေစလႊတ္ေပးပို႔ခဲ့ေၾကာင္း ႏိုင္ငံေပါင္းစုံပိတ္ဆို႔အေရးယူမႈ ေစာင့္ ၾကည့္ေရးအဖြဲ႕က ေျပာသည္။
႐ုရွားသည္ ေျမာက္ကိုရီးယားႏိုင္ငံကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္၊ ဂ်န္မာစနစ္ အပါ အဝင္ ေခတ္မီေကာင္းမြန္သည့္ electronic warfare systems မ်ားကို ျပန္လည္ကူညီေထာက္ပံ့ ေပးခဲ့ ေၾကာင္း သိရသည္။ ႐ုရွားသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ႏိုင္ငံျဖစ္ေသာ္လည္း ေျမာက္ကို ရီးယားႏိုင္ငံကို ခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ားကို လိုက္နာျခင္းမရွိေၾကာင္း အဆိုပါအဖြဲ႕က ေျပာသည္။ ႐ုရွားသည္ ယူကရိန္းႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း စစ္လက္နက္ပစၥည္းလိုအပ္ခ်က္မ်ား ရွိေနသည့္ အတြက္ ေျမာက္ကိုရီးယားအပါအဝင္ ႏိုင္ငံအခ်ိဳ႕ထံမွ အကူအညီမ်ားရယူခဲ့ရေၾကာင္း သိရသည္။ ႏိုင္ငံ ေပါင္းစုံပိတ္ဆို႔အေရးယူမႈေစာင့္ၾကည့္ေရးအဖြဲ႕က ကုလသမဂၢအဖြဲ႕၏ ပိတ္ဆို႔မႈမ်ားကို ေရွာင္ရွားရန္ အတြက္ ေျမာက္ကိုရီးယားႏိုင္ငံ ပါဝင္ ဆက္ႏႊယ္လုပ္ကိုင္ေနသည့္သေဘၤာမ်ား၊ အဖြဲ႕အစည္းမ်ား၊ လူ ပုဂၢိဳလ္မ်ားကို အတိအက်စုံစမ္းသိရွိႏိုင္ရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.