လိုင်စင်မဲ့ မော်တော်ယာဉ်များဖမ်းဆီးမှုကို အရှိန်မြှင့်ဆောင်ရွက်နေ

 1778

Pearl (NP News)- ဇွန် ၅

မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များဖမ်းဆီးမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃ရက်နေ့ နံနက် (၄)နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆန်ဆိုင် (က)ရပ်ကွက် မြို့ပတ်လမ်း New One ကားဝပ်ရှော့ခ်ရှေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်နေ နမ်းအေးမွမ်း (၂၁) နှစ် မောင်းနှင်လာစည့် အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရသဖြင့် ၎င်းအား တာချီလိတ်မြို့မရဲစခန်းက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အလားတူ ဇွန်လ ၃ရက် ည ၁၁နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းနှင့် ရွှေလမ်းမလမ်းဆုံ၌ အမှတ် ၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြစ်ကြီးနား) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တပ်ကုန်းရပ်ကွက်နေ ဆိုင်းတူးမိုင် (၃၂) နှစ်‌ မောင်းနှင်လာသော အဖြူ‌ရောင်မော်တော်ယာဉ်အားလည်းကောင်း၊ စီတာပူရပ်ကွက်နေ ဂွမ်လတ်ဒူ (၂၆) နှစ် မောင်းနှင်လာသော အနက်ရောင် မော်တော်ယာဉ်အားလည်းကောင်း၊ တပ်ကုန်းရပ်ကွက်နေ ကျန်းဘောမ် (၂၃) နှစ်မောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း ၊ ပမ္မတီးရပ်ကွက်နေ သီဟ (၂၄) နှစ် မောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်းရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်များနှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရသဖြင့် နယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့်အသီးသီး အမှုဖွင့်အ‌ရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဇွန်လ ၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၄၅ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၈၁ စီးဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

လိုင်စင်မဲ့မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်တင်သွင်းမှုများ ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

Zawgyi Version:
လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားဖမ္းဆီးမႈကို အရွိန္ျမႇင့္ေဆာင္႐ြက္ေန
Pearl (NP News)- ဇြန္ ၅

ၿမိဳ႕နယ္အခ်ိဳ႕၌ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားဖမ္းဆီးမႈမ်ားကို အရွိန္ျမႇင့္တင္ေဆာင္႐ြက္ေနေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ၏ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ ၃ရက္ေန႔ နံနက္ (၄)နာရီတြင္ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ နယ္ေျမအတြင္း လွည့္ကင္းေဆာင္႐ြက္ေနစဥ္ ဆန္ဆိုင္ (က)ရပ္ကြက္ ၿမိဳ႕ပတ္လမ္း New One ကားဝပ္ေရွာ့ခ္ေရွ႕တြင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမ ရပ္ကြက္ေန နမ္းေအးမြမ္း (၂၁) ႏွစ္ ေမာင္းႏွင္လာစည့္ အျဖဴေရာင္ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္ႏွင့္ ပတ္သက္သည့္ အေထာက္အထားတစ္စုံတစ္ရာျပသႏိုင္ျခင္းမရွိဘဲ လိုင္စင္မဲ့ယာဥ္ျဖစ္ေၾကာင္း သိရသျဖင့္ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ ျဖင့္အေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

အလားတူ ဇြန္လ ၃ရက္ ည ၁၁နာရီခန႔္တြင္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ ဆြမ္ပရာဘြမ္လမ္းႏွင့္ ေ႐ႊလမ္းမလမ္းဆုံ၌ အမွတ္ ၉၈ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (ျမစ္ႀကီးနား) မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ေမာ္ေတာ္ယာဥ္ စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ေနစဥ္ တပ္ကုန္းရပ္ကြက္ေန ဆိုင္းတူးမိုင္ (၃၂) ႏွစ္‌ ေမာင္းႏွင္လာေသာ အျဖဴ‌ေရာင္ေမာ္ေတာ္ယာဥ္အားလည္းေကာင္း၊ စီတာပူရပ္ကြက္ေန ဂြမ္လတ္ဒူ (၂၆) ႏွစ္ ေမာင္းႏွင္လာေသာ အနက္ေရာင္ ေမာ္ေတာ္ယာဥ္အားလည္းေကာင္း၊ တပ္ကုန္းရပ္ကြက္ေန က်န္းေဘာမ္ (၂၃) ႏွစ္ေမာင္းႏွင္လာေသာ အျဖဴေရာင္ေမာ္ေတာ္ယာဥ္အားလည္းေကာင္း ၊ ပမၼတီးရပ္ကြက္ေန သီဟ (၂၄) ႏွစ္ ေမာင္းႏွင္လာေသာ အျဖဴေရာင္ေမာ္ေတာ္ယာဥ္အားလည္းေကာင္းရပ္တန႔္စစ္ေဆးခဲ့ရာ အဆိုပါ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ပတ္သက္၍ အေထာက္အထား တစ္စုံတစ္ရာ ျပသႏိုင္ျခင္းမရွိဘဲ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားျဖစ္ေၾကာင္း သိရသျဖင့္ နယ္ေျမရဲစခန္း၌ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ျဖင့္အသီးသီး အမႈဖြင့္အ‌ေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အဆိုပါ ဇြန္လ ၃ ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ဖမ္းဆီးရမိမႈစာရင္းမ်ားအရ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၄၅ စီးႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ ၁၈၁ စီးဖမ္းဆီးရမိခဲ့ၿပီး သက္ဆိုင္ရာ လုပ္ထုံးလုပ္နည္း၊ ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ တရားမဝင္တင္သြင္းမႈမ်ား ကိုလည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို၍တားဆီးစစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီထံမွ သိရသည္။

Related news

© 2021. All rights reserved.