လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမှုကြောင့် ရှမ်းတောင်သူများအခက်ကြုံ

 1605

သက်ပိုင်(NP- News) - ဇွန် ၅
လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်သူများအနေဖြင့် ကုန်စည်ဒိုင်များသို့ ကုန်စည်ပို့ဆောင်ရာတွင် အခက်ကြုံလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၂၀ ရက် နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုကို ဖော်ထုတ်သွားရန်၊ နံပါတ်ပြားအတုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းတို့ တွေ့ရှိရပြီး တာဝန်ရှိသူများမှ ပါဝင်ပတ်သက်သူအား လုံးကို ဖော်ထုတ်အရေးယူသွားရန်နှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုသည် နိုင်ငံတော်အနေဖြင့် အခွန်အခ နစ် နာမှုရှိသည့်အပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုပြီးနောက် နိုင်ငံအနှံတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုများပြားလာကာ အရေးယူမှုမျညးလည်း ဆက်တိုက်ဆိုသကဲ့သို့ ရှိလာသည့်အတွက် တောင်သူများမှာ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် များစွာ အခက်တွေ့လာကြရခြင်းဖြစ်ကြောင်း အောင်ပန်းမြို့ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ရှမ်းတောင်ပိုင်းမှာက လိုင်စင်မဲ့ကားတွေများတယ်။ လိုင်စင်မဲ့ကားပဲ ဝယ်ဖို့တက်နိုင်ကြတယ်။လိုင်စင်နဲ့ကားတွေကိုမဝယ်နိုင်တာရယ်၊နောက်ပြီး အကြမ်းပတမ်းသုံးရင် သုံးလို့မကောင်းတာတွေရယ်ကြောင့် များသောအားဖြင့် လိုင်စင်မဲ့ကားတွေကို အသုံးများကြတယ်။ အခုဖမ်းတယ်ဆီးတယ်ဆိုတော့ ကျွန်တော်တို့မသွားရဲတော့ဘူး။ အဖမ်းခံရရင် ရောင်းရမယ့်ကုန်ထက် ပိုကုန်မှာမို့လို့ ကုန်ပဲ အဆုံးခံလိုက်ရတာပေါ့။ အရင်က တစ်ရက်မှာ ကုန်ကား ဆယ်စီးလောက်သွားရင် အခု လိုင်စင်ရှိတဲ့ သုံးဘီးလောက်ပဲ သွားတော့တယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် ထိုသို့ တောင်သူများထံမှ ကုန်စည်များမရောက်ရှိသည့်အတွက် ကုန်စိမ်း ပွဲရုံများတွင်လည်း ကုန်စည်အချို့ အနည်းကျဉ်းသာ ရှိနေကြောင်း ဒေသခံများကဆိုသည်။
လိုင်စင်မဲ့မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်တင်သွင်းမှုများ ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သတင်းထုတ်ပြန် ထားသည်။

Zawgyi Version:
လိုင္စင္မဲ့ယာဥ္မ်ားဖမ္းဆီးမႈေၾကာင့္ ရွမ္းေတာင္သူမ်ားအခက္ႀကဳံ
သက္ပိုင္(NP- News) - ဇြန္ ၅
လိုင္စင္မဲ့ယာဥ္မ်ားဖမ္းဆီးမႈမ်ားေၾကာင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ေတာင္သူမ်ားအေနျဖင့္ ကုန္စည္ဒိုင္မ်ားသို႔ ကုန္စည္ပို႔ေဆာင္ရာတြင္ အခက္ႀကဳံလွ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေမ ၂၀ ရက္ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ အစည္းအေဝး၌ လိုင္စင္မဲ့ကားႏွင့္ ဆိုင္ကယ္မ်ား စီးနင္းေနမႈကို ေဖာ္ထုတ္သြားရန္၊ နံပါတ္ျပားအတုလုပ္ျခင္း၊ လိုင္စင္အတုျပဳလုပ္ျခင္းတို႔ ေတြ႕ရွိရၿပီး တာဝန္ရွိသူမ်ားမွ ပါဝင္ပတ္သက္သူအား လုံးကို ေဖာ္ထုတ္အေရးယူသြားရန္ႏွင့္ လိုင္စင္မဲ့ယာဥ္မ်ား စီးနင္းမႈသည္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္အခ နစ္ နာမႈရွိသည့္အျပင္လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ား၌လည္း အခက္အခဲမ်ား ျဖစ္ေပၚႏိုင္သည္ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌက ေျပာဆိုခဲ့သည္။
ထိုသို႔ ေျပာဆိုၿပီးေနာက္ ႏိုင္ငံအႏွံတြင္ လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးမႈမ်ားျပားလာကာ အေရးယူမႈမ်ညးလည္း ဆက္တိုက္ဆိုသကဲ့သို႔ ရွိလာသည့္အတြက္ ေတာင္သူမ်ားမွာ ကုန္စည္မ်ား သယ္ယူပို႔ေဆာင္ရာတြင္ မ်ားစြာ အခက္ေတြ႕လာၾကရျခင္းျဖစ္ေၾကာင္း ေအာင္ပန္းၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
“ကြၽန္ေတာ္တို႔ ရွမ္းေတာင္ပိုင္းမွာက လိုင္စင္မဲ့ကားေတြမ်ားတယ္။ လိုင္စင္မဲ့ကားပဲ ဝယ္ဖို႔တက္ႏိုင္ၾကတယ္။လိုင္စင္နဲ႔ကားေတြကိုမဝယ္ႏိုင္တာရယ္၊ေနာက္ၿပီး အၾကမ္းပတမ္းသုံးရင္ သုံးလို႔မေကာင္းတာေတြရယ္ေၾကာင့္ မ်ားေသာအားျဖင့္ လိုင္စင္မဲ့ကားေတြကို အသုံးမ်ားၾကတယ္။ အခုဖမ္းတယ္ဆီးတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔မသြားရဲေတာ့ဘူး။ အဖမ္းခံရရင္ ေရာင္းရမယ့္ကုန္ထက္ ပိုကုန္မွာမို႔လို႔ ကုန္ပဲ အဆုံးခံလိုက္ရတာေပါ့။ အရင္က တစ္ရက္မွာ ကုန္ကား ဆယ္စီးေလာက္သြားရင္ အခု လိုင္စင္ရွိတဲ့ သုံးဘီးေလာက္ပဲ သြားေတာ့တယ္” ဟု ၎ကဆိုသည္။
ထို႔အျပင္ ထိုသို႔ ေတာင္သူမ်ားထံမွ ကုန္စည္မ်ားမေရာက္ရွိသည့္အတြက္ ကုန္စိမ္း ပြဲ႐ုံမ်ားတြင္လည္း ကုန္စည္အခ်ိဳ႕ အနည္းက်ဥ္းသာ ရွိေနေၾကာင္း ေဒသခံမ်ားကဆိုသည္။
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ တရားမဝင္တင္သြင္းမႈမ်ား ကိုလည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို၍တားဆီးစစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီက သတင္းထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.