တောင်တရုတ်ပင်လယ်အတွင်း ပြဿနာများဖြစ်အောင် လှုံ့ဆော်နေခြင်းမှ ရပ်တန့်ရန် ဥရောပသမဂ္ဂကို တရုတ်တိုက်တွန်း

179

Pika (NP News) - ဇွန် ၆
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားနေသော အငြင်းပွားမှုများကိုဖြေရှင်းရန်အတွက် ပြင်ပအင်အားစုများကို အားကိုးခြင်းနှင့်ပတ်သက်ပြီး စိတ်ကူးမယဉ်မိရန် ဖိလစ်ပိုင်အစိုးရကို ဖိလစ်ပိုင်ရှိတရုတ်သံရုံးက အကြံပြုခဲ့ကြောင်းသိရသည်။
ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်း ပြဿနာများဖြစ်ပွားအောင်လှုံ့ဆော်နေခြင်းမှရပ်တန့်ရန် ဥရောပသမဂ္ဂကို တရုတ်က တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။ဖိလစ်ပိုင်နိုင်ငံသို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကဲလက်စ် လာရောက်လည်ပတ်ခဲ့ချိန်အတွင်း တောင်တရုတ်ပင်လယ်တွင် လုပ်ဆောင်နေသော တရုတ်၏လုပ်ရပ်များနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံး၏ မှတ်ချက်ပြုပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကာဂျာကဲလက်စ်၏ ပြောဆိုချက်များသည် အရှေ့တောင်အာရှနိုင်ငံအချို့၏ ပြောဆိုချက်များနှင့် ထပ်တူကျနေကြောင်း တရုတ်သံရုံးကပြောကြားခဲ့သည်။တရုတ်သံရုံးက "ဥရောပသမဂ္ဂဟာ တောင်တရုတ်ပင်လယ်အငြင်းပွားမှုမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်သလို တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေတဲ့ တရုတ်နဲ့ဖိလစ်ပိုင်ကြား အငြင်းပွားမှုတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်လည်းမရှိပါဘူး။” ဟုပြောဆိုခဲ့သည်။အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ဖိလစ်ပိုင်ရှိ တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ပြောကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။
zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း ျပႆနာမ်ားျဖစ္ေအာင္ လႈံ႕ေဆာ္ေနျခင္းမွ ရပ္တန႔္ရန္ ဥေရာပသမဂၢကို တ႐ုတ္တိုက္တြန္း
Pika (NP News) - ဇြန္ ၆
ေတာင္တ႐ုတ္ပင္လယ္တြင္ျဖစ္ပြားေနေသာ အျငင္းပြားမႈမ်ားကိုေျဖရွင္းရန္အတြက္ ျပင္ပအင္အားစုမ်ားကို အားကိုးျခင္းႏွင့္ပတ္သက္ၿပီး စိတ္ကူးမယဥ္မိရန္ ဖိလစ္ပိုင္အစိုးရကို ဖိလစ္ပိုင္ရွိတ႐ုတ္သံ႐ုံးက အႀကံျပဳခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ျပႆနာမ်ားျဖစ္ပြားေအာင္လႈံ႕ေဆာ္ေနျခင္းမွရပ္တန႔္ရန္ ဥေရာပသမဂၢကို တ႐ုတ္က တိုက္တြန္းခဲ့ေၾကာင္းလည္းသိရသည္။ဖိလစ္ပိုင္ႏိုင္ငံသို႔ ဥေရာပသမဂၢႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ကာဂ်ာကဲလက္စ္ လာေရာက္လည္ပတ္ခဲ့ခ်ိန္အတြင္း ေတာင္တ႐ုတ္ပင္လယ္တြင္ လုပ္ေဆာင္ေနေသာ တ႐ုတ္၏လုပ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္သံ႐ုံး၏ မွတ္ခ်က္ျပဳေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ကာဂ်ာကဲလက္စ္၏ ေျပာဆိုခ်က္မ်ားသည္ အေရွ႕ေတာင္အာရွႏိုင္ငံအခ်ိဳ႕၏ ေျပာဆိုခ်က္မ်ားႏွင့္ ထပ္တူက်ေနေၾကာင္း တ႐ုတ္သံ႐ုံးကေျပာၾကားခဲ့သည္။တ႐ုတ္သံ႐ုံးက "ဥေရာပသမဂၢဟာ ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈမွာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႕အစည္းတစ္ခုမဟုတ္သလို ေတာင္တ႐ုတ္ပင္လယ္အတြင္းျဖစ္ပြားေနတဲ့ တ႐ုတ္နဲ႔ဖိလစ္ပိုင္ၾကား အျငင္းပြားမႈေတြမွာ ဝင္ေရာက္စြက္ဖက္ခြင့္လည္းမရွိပါဘူး။” ဟုေျပာဆိုခဲ့သည္။အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ဖိလစ္ပိုင္ရွိ တ႐ုတ္သံ႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။