ဘော်လ်တစ်နဲ့ပင်လယ်နက်တို့က နေတိုးအဖွဲ့ရဲ့နယ်မြေတွေဖြစ်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲပြော

 334

Pika (NP News) - ဇွန် ၇

ဘော်လ်တစ်ဒေသနဲ့ ပင်လယ်နက်တို့ဟာ နေတိုးအဖွဲ့ရဲ့နယ်မြေတွေဖြစ်တယ်လို့ နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။ နေတိုးအဖွဲ့ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်တဲ့အစည်းအဝေးမတိုင်ခင် မာ့ခ်ရူတီ က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ထိခိုက်ပျက်စီးသွားခဲ့တဲ့ပင်လယ်ရေအောက် ဆက်သွယ်ရေးကေဘယ်ကြိုးတွေပါဝင်တဲ့ဖြစ်ရပ်တွေအပြီး ဘော်လ်တစ်ဒေသမှာ တင်းမာမှုတွေမြင့်တက်လာတာနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မာ့ခ်ရူတီက တုံ့ပြန်ဖြေကြားခဲ့ တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဘော်လ်တစ်ဒေသက ပင်လယ်ရေအောက်ကေဘယ်ကြိုး အများအပြားဟာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အဲဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ရုရှားရှိနေတယ်ဆိုတဲ့ ထင်ကြေးပေးမှု တွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အနောက်တိုင်းစုံစမ်းစစ်ဆေးရေးမှူးတွေဟာ အဲဒီလုပ်ရပ်တွေကို ဘယ်သူကလုပ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ မာ့ခ်ရူတီက “ဘော်လ်တစ်ဒေသနဲ့ ပင်လယ်နက်တို့ဟာ နေတိုးအဖွဲ့ရဲ့ နယ်မြေတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ ရေအောက်အခြေခံအဆောက်အဦးတွေကို တိုက်ခိုက်နေတဲ့ အဆက်မပြတ်ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေဘာ္လ္တစ္နဲ႔ပင္လယ္နက္တို႔က ေနတိုးအဖြဲ႕ရဲ႕နယ္ေျမေတြျဖစ္တယ္လို႔ ေနတိုးအဖြဲ႕အႀကီးအကဲေျပာ
Pika (NP News) - ဇြန္ ၇

ေဘာ္လ္တစ္ေဒသနဲ႔ ပင္လယ္နက္တို႔ဟာ ေနတိုးအဖြဲ႕ရဲ႕နယ္ေျမေတြျဖစ္တယ္လို႔ ေနတိုးအဖြဲ႕အႀကီးအကဲ မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။ ေနတိုးအဖြဲ႕ကာကြယ္ေရးဝန္ႀကီးေတြ ပါဝင္တဲ့အစည္းအေဝးမတိုင္ခင္ မာ့ခ္႐ူတီ က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ထိခိုက္ပ်က္စီးသြားခဲ့တဲ့ပင္လယ္ေရေအာက္ ဆက္သြယ္ေရးေကဘယ္ႀကိဳးေတြပါဝင္တဲ့ျဖစ္ရပ္ေတြအၿပီး ေဘာ္လ္တစ္ေဒသမွာ တင္းမာမႈေတြျမင့္တက္လာတာနဲ႔ပတ္သက္တဲ့ေမးခြန္းေတြကို မာ့ခ္႐ူတီက တုံ႔ျပန္ေျဖၾကားခဲ့ တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ေဘာ္လ္တစ္ေဒသက ပင္လယ္ေရေအာက္ေကဘယ္ႀကိဳး အမ်ားအျပားဟာ ထိခိုက္ပ်က္စီးမႈေတြရွိခဲ့ၿပီး အဲဒီျဖစ္ရပ္ရဲ႕ေနာက္ကြယ္မွာ ႐ုရွားရွိေနတယ္ဆိုတဲ့ ထင္ေၾကးေပးမႈ ေတြ ထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေနာက္တိုင္းစုံစမ္းစစ္ေဆးေရးမႉးေတြဟာ အဲဒီလုပ္ရပ္ေတြကို ဘယ္သူကလုပ္တယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ မာ့ခ္႐ူတီက “ေဘာ္လ္တစ္ေဒသနဲ႔ ပင္လယ္နက္တို႔ဟာ ေနတိုးအဖြဲ႕ရဲ႕ နယ္ေျမေတြပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အေရးႀကီးတဲ့ ေရေအာက္အေျခခံအေဆာက္အဦးေတြကို တိုက္ခိုက္ေနတဲ့ အဆက္မျပတ္ၿခိမ္းေျခာက္မႈေတြလည္း ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.