တောင်ကိုရီးယားရေကြောင်းနယ်နိမိတ်ကို မြောက်ကိုရီးယားနိုင်ငံသားလေးဦး ဖြတ်ကျော်ဝင်ရောက်လာခဲ့ဟုဆို

 267

Pika (NP News) - ဇွန် ၇

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားနိုင်ငံသားလေးဦးလိုက်ပါလာတဲ့ သစ်သားလှေတစ်စင်းဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ရေကြောင်းနယ်နိမိတ်ရဲ့တောင်ကိုရီးယားဘက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေ လိုက်ပါလာတဲ့လှေကို တောင်ကိုရီးယားနိုင်ငံ Gangwon ပြည်နယ်ရဲ့အရှေ့ဘက် (၁၀၀)ကီလိုမီတာအကွာ ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ပင်လယ်ကရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ် အရာရှိတစ်ဦးက “တောင်ကိုရီးယားစစ်တပ်ဟာ Gangwon ပြည်နယ်အရှေ့ဘက်ခြမ်းက ရေပြင်မှာ မြောက်ကိုရီးယားနိုင်ငံသားတွေလိုက်ပါလာတဲ့လှေတစ်စင်းကို ခြေရာခံတွေ့ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။
တောင်ကိုရီးယားစစ်တပ်နဲ့ကမ်းခြေစောင့်တပ်ဖွဲ့တွေက‌ မြောက်ကိုရီးယားနိုင်ငံသားတွေ လိုက်ပါလာတဲ့ လှေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံသားတွေ ရောက်ရှိလာတဲ့အချိန်မှာ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် တောင်ကိုရီးယားရဲ့ထောက်လှမ်းရေးအေဂျင်စီကို လွှဲပြောင်းပေးလေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားေရေၾကာင္းနယ္နိမိတ္ကို ေျမာက္ကိုရီးယားႏိုင္ငံသားေလးဦး ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ဟုဆို
Pika (NP News) - ဇြန္ ၇

ၿပီးခဲ့တဲ့လက ေျမာက္ကိုရီးယားႏိုင္ငံသားေလးဦးလိုက္ပါလာတဲ့ သစ္သားေလွတစ္စင္းဟာ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားၾကား ေရေၾကာင္းနယ္နိမိတ္ရဲ႕ေတာင္ကိုရီးယားဘက္ျခမ္းကို ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံသားေတြ လိုက္ပါလာတဲ့ေလွကို ေတာင္ကိုရီးယားႏိုင္ငံ Gangwon ျပည္နယ္ရဲ႕အေရွ႕ဘက္ (၁၀၀)ကီလိုမီတာအကြာ ဂ်ပန္ပင္လယ္လို႔ လူသိမ်ားတဲ့ အေရွ႕ပင္လယ္ကေရျပင္မွာ ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ေတာင္ကိုရီးယားစစ္တပ္ အရာရွိတစ္ဦးက “ေတာင္ကိုရီးယားစစ္တပ္ဟာ Gangwon ျပည္နယ္အေရွ႕ဘက္ျခမ္းက ေရျပင္မွာ ေျမာက္ကိုရီးယားႏိုင္ငံသားေတြလိုက္ပါလာတဲ့ေလွတစ္စင္းကို ေျခရာခံေတြ႕ရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။
ေတာင္ကိုရီးယားစစ္တပ္နဲ႔ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြက‌ ေျမာက္ကိုရီးယားႏိုင္ငံသားေတြ လိုက္ပါလာတဲ့ ေလွကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ၎တို႔ကို သက္ဆိုင္ရာအဖြဲ႕အစည္းတစ္ခုကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံကို ေျမာက္ကိုရီးယားႏိုင္ငံသားေတြ ေရာက္ရွိလာတဲ့အခ်ိန္မွာ စစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေတာင္ကိုရီးယားရဲ႕ေထာက္လွမ္းေရးေအဂ်င္စီကို လႊဲေျပာင္းေပးေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.