တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 322

ပြည့်ဖြိုး (NP News) - ဇွန် ၈

မိုးစပါးစတင်စိုက်ပျိုးချိန် ‌ရောက်ရှိလာပြီ ဖြစ်ရာ ဓာတ်မြေဩဇာ ဈေးနှုန်းများကို သက်ဆိုင်ရာ က အခြေခံဈေးသတ်မှတ်ပြီး စတင်‌ရောင်းချပြီဖြစ် ကြောင်းသိရသည်။ လယ်ယာကဏ္ဍအတွက် မိုးရာ သီစိုက်စရိတ်ချေးငွေများလည်း စတင်ထုတ်ပေး နေပြီဖြစ်ရာ လက်ရှိနှစ်အတွက် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများ စတင်အသက်ဝင်ပြီဖြစ်သည်။ မိုးရာသီ ကာလအစပိုင်းဖြစ်သော်လည်း ပြည်တွင်း ရွှေဈေး များမှာ ဆက်တိုက်မြင့်တက်လာနေပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်းခြောက်သောင်း အထိ စံချိန်တင်မြင့်တက်နေသည်။ ပြည်တွင်းရွှေ ဈေးကွက်အတွင်း ရွှေလုပ်ကွက်များရပ်နားထားချိန် ဖြစ်သောကြောင့် ရွှေအသစ် ဈေးကွက်အတွင်းဝင် ရောက်မှုနည်းပါးသွားခြင်းနှင့် ကမ္ဘာ့ရွှေဈေးများဆက် တိုက်မြင့်တက်နေခြင်းတို့ကြောင့် ပြည်တွင်းရွှေ ဈေး နှုန်းများ လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။ နိုင်ငံ ခြားငွေဈေးကွက်တွင် အပြောင်းအလဲနည်းပါးသော် လည်း နိုင်ငံခြားငွေအများစုမှာ ဈေးနှုန်းအမြင့်ပိုင်း တွင်တည်ငြိမ်နေသည်။ ထိုင်းဘတ်ငွေနှင့် တရုတ် ယွမ်ငွေများ အပြောင်းအလဲအနည်းငယ်ရှိသော်လည်း ဈေးနှုန်းအမြင့်ပိုင်းသို့ ပြန်လည်‌ရောက်ရှိလာခြင်းဖြစ် သည်။ စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီအ များစုမှာ ဈေးပြန်လည်ကျဆင်းနေပြီး အခြေခံစား သောက်ကုန်ဈေးကွက်တွင် ကုန်စည်အများစုမှာ ဈေးအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေဆဲဖြစ် သည်။
အခြေခံကုန်စည်ဈေးကွက်အတွင်း စား အုန်းဆီဈေးသတ်မှတ်ချက်ကျဆင်းလာသည့်အပြင် အခြေခံကုန်စိမ်းဈေးနှုန်းများလည်း ဆက်လက်ကျ ဆင်းနေကြောင်း သိရသည်။ နေပြည်တော်တွင် ကျင်းပခဲ့သည့် ငလျင်ဘေးပြန်လည်ထူထောင် ရေးနှင့် မြန်မာ့စီးပွားရေး ကုစားမှုဖိုရမ်တွင် သက်ဆိုင် ရာစီးပွားရေးနယ်ပယ်အသီသီးမှ မြန်မာ့စီးပွားရေး ပြု ပြင်ပြောင်းလဲသင့်သောအချက်များကိုတင်ပြခဲ့သော်လည်း သက်ဆိုင်ရာ၏ စီမံခန့်ခွဲမှုများကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံတော်အဆင့် ကိန်း ဂဏန်းများအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စောင့် ကြည့်လေ့လာ နိုင်မည်ဖြစ်သော်လည်း အောက်ခြေ လူတန်းစားများအတွက် အထွေထွေကုန်ဈေးနှုန်းကြီး မြင့်မှုနှင့် ငွေကြေးဖောင်းပွမှုမှာ သိသိသာသာ အခက် အခဲကြုံတွေ့နေရဆဲဖြစ်သည်။ ပြည်တွင်းရွှေဈေး သည် လေးနှစ်ဝန်းကျင်ကာလအတွင်း ရွှေတစ် ကျပ်သားလျှင် (၂၇)သိန်းဝန်းကျင်မှ သိန်း(၇၀) ကျော်အထိ မြင့်တက်လာခြင်းက မြန်မာကျပ်ငွေ တန်ဖိုး ဆိုးရွားစွာကျဆင်းနေခြင်းကို တွေ့မြင်နိုင် သည်။

ပြည်တွင်းရွှေဈေးဆက်တိုက်မြင့်တက်နေခြင်း

လက်ရှိတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ‌အတက်အကျမြန်ဆန်သော်လည်း ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ရွှေတစ်အောင် စလျှင် (၃၃၀ဝ) ဒေါ်လာဝန်းကျင်တွင် ရပ်တည်နေ သည်။ ကမ္ဘာ့ရွှေဈေးသည် မေလ (၂၈)ရက်တွင် (၃၃၀၂)ဒေါ်လာမှမေလ(၃၁)ရက်တွင် (၃၂၈၉)ဒေါ်လာသို့ကျဆင်းခဲ့ပြီး ဇွန်လ(၃)ရက်တွင် (၃၃၇၃)‌ ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့သည်။ တစ်ပတ် အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းအတက်အကျများ မြန်ဆန် ခဲ့ရာဒေါ်လာတစ်ရာဝန်းကျင်အထိ အတက်အကျ မြန်ဆန်နေကြောင်းသိရသည်။
အမေရိကန်နိုင်ငံနှင့်ကမ္ဘာ့နိုင်ငံများ၏ စစ် ရေး၊ စီးပွားရေး အခြေအနေများအပေါ်မူတည်ကာကမ္ဘာ့ရွှေဈေး အတက်အကျဖြစ်ပေါ်နေခြင်းဖြစ်ပြီး ခန့်မှန်းရန်ခက်ခဲသော အနေအထားသို့ရောက်ရှိနေကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးကွက်သည် ပြင်ပ‌ပေါက်ဈေးအပေါ်တွင်သာမူတည်ပြီး အရောင်း အဝယ်ပြုလုပ်ကြသော်လည်း ဈေးကွက်အေးနေ ကြောင်းသိရသည်။ လက်ရှိရွှေဈေးကွက်အတွင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ွ့နဗ မှရည် òန်းဈေးများသတ်မှတ်ပေးနေသော်လည်း ပြင်ပ ပေါက်ဈေး တစ်ကျပ်သားလျှင် ကျပ် သိန်း(၇၀)မှ ကျပ်သိန်း(၈၀)ကြားဖြင့်သာအရောင်းအဝယ်ဖြစ်နေကြောင်း ရွှေမှောင်ခိုဈေးကွက်အတွင်းမှ သိရသည်။ အ‌ခေါက်ရွှေဈေးကွက်သည် တရားဝင်အရောင်းအ ဝယ်ပြုလုပ်ရန်ခက်ခဲခြင်းကြောင့် မှောင်ခိုဈေးကွက်ကဆက်လက်ဦးဆောင်နေခြင်းဖြစ်ကြောင်းကျွမ်း ကျင်သူများက ခန့်မှန်းထားကြသည်။ ပြည်တွင်း ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် မေလ (၃၀)ရက်တွင် (၇၆)သိန်းငါးသောင်းဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဇွန်လ(၂)ရက်တွင် (၇၇)သိန်းလေး သောင်းဝန်းကျင်ဖြင့် ဈေးကွက်ဖွင့်လာပြီး ဇွန်လ(၃) ရက်တွင် (၇၇)သိန်းခြောက်သောင်းအထိဈေးများ မြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေ ဈေးကွက် သည် မိုးရာသီကာလသို့ရောက်ရှိလာခြင်းကြောင့် ရွှေတူးသည့်လုပ်ကွက်များ ရပ်နားထားချိန်ဖြစ်ရာ ရွှေလှော်ဖိုများတွင် ရွှေအသစ်ဝင်ခြင်း နည်းပါးသွား ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲများ ကြောင့် ပြည်တွင်းရွှေဈေးလိုက်ပါမြင့်တက်နေ သည့်အပြင် ပြည်တွင်းရွှေကုန်သည်များမှ ပြည်ပ ဈေးနှင့်အပြိုင် ပြည်တွင်းရွှေဈေးကို ဆွဲမြှင့်နေကြ ခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း ပြည်တွင်း ရွှေမှောင်ခိုဈေးကွက်မှာ ဈေးအတက်အကျ မြန်ဆန် နေမည်ဖြစ်ပြီး အခေါက်ရွှေဈေးမှာသိန်း(၇၀)အောက်သို့ကျဆင်းနိုင်ခြင်းမရှိဘဲ သိန်း(၈၀)အ ထက်သို့လည်းရောက်ရှိနိုင်မည်မဟုတ်ကြောင်း ဝါ ရင့်ရွှေကုန်သည်များကခန့်မှန်းထားကြသည်။

နိုင်ငံခြားငွေလဲဈေးနှုန်းတည်ငြိမ်ပြီး စက်သုံးဆီဈေး ကျဆင်းလာ
ပြည်တွင်းငွေလဲဈေးကွက်သည် သက်ဆိုင် ရာမှစည်းကမ်းတင်းကြပ်စွာဖြင့် ကိုင်တွယ်နေခြင်း၊ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များသို့နိုင်ငံခြားငွေများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းနှင့် နယ် စပ်ကုန်သွယ်ရေး လွှဲငွေများ ရပ်တန့်နေခြင်းတို့ကြောင့် ဈေးနှုန်းအတက်အကျနည်းပါးစွာဖြင့် တည်ငြိမ် နေကြောင်းသိရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းသည် ယခင်က ပွင့်လင်းရာသီဖြစ်သော ကြောင့် ကုန်သွယ်မှုအတိုင်းအတာတစ်ခုအထိရှိခဲ့ သော်လည်း လက်ရှိမိုးရာသီကာလတွင် နယ်စပ်ပို့ ကုန်/သွင်းကုန်လုပ်ငန်းများ ရပ်တန့်နေကြောင်း သိ ရသည်။ လက်ရှိငွေလဲနှုန်းအနေဖြင့် အမေရိကန် တစ်ဒေါ်လာလျှင် (၄၄၃၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်တည်ငြိမ်နေပြီး စင်ကာပူတစ်ဒေါ်လာ လျှင် (၃၄၂၅)ကျပ် ဝန်းကျင်၊ တရုတ်တစ်ယွမ်လျှင် (၆၁၅)ကျပ် ဝန်းကျင်ဖြင့်ယခင် တစ်ပတ်ကထက် အနည်းငယ် ဈေးမြင့်တက်နေကြောင်းသိရသည်။ ထိုင်းဘတ်မှာ (၁၃၅) ကျပ်ဝန်းကျင်ဖြင့် ဈေးကျနေပြီး အိန္ဒိယရူပီးမှာ (၅၁)ကျပ် ဝန်းကျင်ဖြင့် ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ရှိနေကြောင်းသိရသည်။ စက်သုံး ဆီဈေးများမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းကြောင့်ဈေးနှုန်းတည် ငြိမ်နေခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ကမ္ဘာ့စက် သုံးဆီဈေးကွက်အတွင်း ရေနံစိမ်းတစ်စည်လျှင် (၆၀ ဒသမ ၇၉)ဒေါ်လာခန့် ပေါက်ဈေးရှိကြောင်းသိရ သည်။ ကမ္ဘာ့စက်သုံးဆီဈေးသည် အမေရိကန်ဒေါ်လာ (၆၀)ဝန်းကျင်ဖြင့်အတက်အကျ ဖြစ်ပေါ်နေရာပြည်တွင်းစက်သုံးဆီဈေးများ အကျပိုင်းသို့ရောက်ရှိလာ ကြောင်းသိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ယခုတစ်ပတ် စက်သုံးဆီရည်òန်းဈေးမှာ (၉၂) ဓာတ်ဆီ တစ်လီတာ (၂၈၅၅)ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာ (၂၉၁၀)ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၀၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၂၉၇၀)ကျပ်ဖြင့် ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ လွန်ခဲ့သော တစ်ပတ်က (၉၂) ဓာတ်ဆီ တစ်လီတာ (၂၈၇၀) ကျပ်၊ (၉၅)ဓာတ်ဆီ တစ်လီတာ (၂၉၂၅)ကျပ်၊ ဒီဇယ် တစ်လီတာ (၂၄၄၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၃၀၁၅)ကျပ် သတ်မှတ်ထားခြင်းဖြစ် သည်။ ထို့ ကြောင့် ယခုတစ်ပတ်အတွင်း (၉၂)ဓာတ် ဆီတစ်လီတာ (၁၅) ကျပ်၊ (၉၅)တစ်လီတာ (၁၅၀ ကျပ်၊ ဒီဇယ် တစ်လီတာ (၃၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၄၅) ကျပ်ဖြင့် အသီးသီးဈေးကျဆင်းနေ ခြင်းဖြစ်သည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ် အသီးသီး တွင် စက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာ ကြောင်းသိရသည်။ လွန်ခဲ့သော (၂၀၂၁) ခုနှစ်ဝန်း ကျင်က စက်သုံးဆီဈေးတစ်လီတာလျှင် (၆၀ဝ)ကျပ် ဝန်းကျင်သာပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိအ ချိန်တွင် ငွေကြေးဖောင်းပွမှုနှင့် အထွေထွေစီးပွား ရေးကျပ်တည်းမှုများကြောင့် စက်သုံးဆီတစ်လီတာ လျှင် သုံးထောင်ကျပ်ဝန်းကျင်သို့ရောက်ရှိနေပြီဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်းငွေလဲနှုန်းများ တည် ငြိမ်နေခြင်းနှင့် နိုင်ငံတကာစက်သုံးဆီဈေးတည်ငြိမ်နေခြင်းကြောင့် စက်သုံးဆီဈေးများလက်ရှိအနေအထားအတိုင်းဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

အခြေခံကုန်ဈေးနှုန်းနှင့်ငွေကြေးဖောင်းပွမှု

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (၂၀၂၃-၂၄) ဘဏ္ဍာနှစ်တွင် (၂၅)ရာခိုင်နှုန်းရှိ ကြောင်း သက်ဆိုင်ရာကထုတ်ပြန်သော စာရင်းအ ချက်အလက်များအရသိရသည်။ လတ်တလော မြင့်တက်နေသော အထွေထွေကုန်ဈေးနှုန်းများအရ လက်ရှိအချိန် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း (၂၀) ရာခိုင်နှုန်းဝန်းကျင်တွင်တည်ရှိနိုင်ကြောင်းကျွမ်း ကျင်သူများကခန့်မှန်းထားကြသည်။ ဈေးကွက် အတွင်း မိုးရာသီကာလရောက်ရှိလာသောကြောင့် အခြေခံကုန်စည်များအတွင်း ကုန်စိမ်းဈေးများကျ ဆင်းနေသော်လည်း အခြား အသား/ငါးနှင့် စား သောက်ကုန်များမှာ အပြောင်းအလဲမရှိဈေးတက်နေခြင်းကြောင့်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကြောင့် ပုံမှန်ဝင်ငွေ၏ ဝယ်နိုင်စွမ်းအားများ ကျဆင်းသွား ခြင်းကိုလည်း ကြုံတွေ့နေရပြီး အစားအသောက် မဟုတ်သော အခြားကုန်စည်များ၏ဈေးနှုန်းများမှာ လည်း ဆက်တိုက်ဈေးမြင့်တက်နေကြောင်းသိရ သည်။ မိသားစုတစ်ခုတွင် အခြေခံစားသောက်စရိတ် အပြင် အိမ်သုံးပစ္စည်း စရိတ်၊ အဝတ်အထည်၊ ခရီးသွားလာစရိတ်၊ အခြားအထွေထွေစရိတ်များ သည်လည်း ငွေ‌ကြေးဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်း မြင့်တက်မှုများကြုံတွေ့နေရခြင်းဖြစ်သည်။ လက်ရှိ ဈေးကွက်အတွင်း လျှပ်စစ်ပစ္စည်းများမှာ ယခင်နှစ်ကထက်နှစ်ဆခန့်ဈေးမြင့်တက်လာခြင်း၊ ကျောင်းဖွင့် ရာသီရောက်ရှိလာသဖြင့် ကျောင်းသုံးစရိတ်များမြင့်တက်လာခြင်းတို့ကို အခြေခံပြည်သူလူထု ခံစားနေရ သည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၇)သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေရာ မြန်မာ ကျပ်ငွေတစ်သိန်းသည် ဈေးကွက်အတွင်းတန်ဖိုး အားဖြင့် လွန်စွာနိမ့်ကျနေကြောင်း ငွေကြေးဖောင်းပွ မှုအရသိရှိနိုင်သည်။ ယခင် (၂၀၂၁)ခုနှစ်ဝန်းကျင်က အခေါက်ရွှေ တစ်ကျပ်သားလျှင် (၂၇)သိန်းကျပ်ဝန်း ကျင်သာပေါက် ဈေးရှိခဲ့သော်လည်း လက်ရှိတွင် သုံးဆကျော်ခန့် ဈေးနှုန်းမြင့်တက်လာရာ မြန်မာကျပ် ငွေတန်ဖိုး သုံးဆမျှ တန်ဖိုးကျဆင်းနေခြင်းဖြစ် သည်။

ဗဟိုဘဏ်အနေဖြင့်လည်း ပို့ကုန်/သွင်း ကုန် လုပ်ငန်းမှရရှိလာသော နိုင်ငံခြားငွေများကိုသာ ဈေးကွက်အတွင်း စနစ်တကျရောင်းချနိုင်ရန် အတွက်သာ လက်တလောဦးစားပေးဆောင်ရွက်နေ သည်။ လတ်တလောငွေလဲနှုန်းများအရ မြန်မာ ကျပ်ငွေတန်ဖိုးကို သိရှိနိုင်သော်လည်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို ထိန်းချုပ်ထားခြင်းကြောင့်သာ လက်ရှိငွေလဲနှုန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။ ယခင် (၂၀၂၁) ကာလများကဲ့သို့ ဈေးကွက်ပေါက်ဈေးနှုန်းရှင်အတိုင်း မြန်မာကျပ်ငွေကို နိုင်ငံခြားငွေဖြင့်လဲ လှယ်ပါက လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်း နှင့် များစွာကွာခြားနိုင်မည်ဖြစ်သည်။ ငွေကြေးဖောင်းပွ မှုကြောင့် အခြေခံကုန်စည်ဈေးကွက်အတွင်း ကြက် ဥ၊ ဘဲဥမှအစ အသား/ငါးအဆုံး လက်ရှိတွင်အမြင့် ဆုံးဈေးတန်းသို့ရောက်ရှိနေပြီး လာမည့် ရက်၊ လ များအတွင်း ပြန်လည်ကျဆင်းနိုင်ခြေမရှိပေ။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ဇြန္ ၈

မိုးစပါးစတင္စိုက္ပ်ိဳးခ်ိန္ ‌ေရာက္ရွိလာၿပီ ျဖစ္ရာ ဓာတ္ေျမဩဇာ ေဈးႏႈန္းမ်ားကို သက္ဆိုင္ရာ က အေျခခံေဈးသတ္မွတ္ၿပီး စတင္‌ေရာင္းခ်ၿပီျဖစ္ ေၾကာင္းသိရသည္။ လယ္ယာက႑အတြက္ မိုးရာ သီစိုက္စရိတ္ေခ်းေငြမ်ားလည္း စတင္ထုတ္ေပး ေနၿပီျဖစ္ရာ လက္ရွိႏွစ္အတြက္ မိုးစပါးစိုက္ပ်ိဳးေရး လုပ္ငန္းမ်ား စတင္အသက္ဝင္ၿပီျဖစ္သည္။ မိုးရာသီ ကာလအစပိုင္းျဖစ္ေသာ္လည္း ျပည္တြင္း ေ႐ႊေဈး မ်ားမွာ ဆက္တိုက္ျမင့္တက္လာေနၿပီး အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇)သိန္းေျခာက္ေသာင္း အထိ စံခ်ိန္တင္ျမင့္တက္ေနသည္။ ျပည္တြင္းေ႐ႊ ေဈးကြက္အတြင္း ေ႐ႊလုပ္ကြက္မ်ားရပ္နားထားခ်ိန္ ျဖစ္ေသာေၾကာင့္ ေ႐ႊအသစ္ ေဈးကြက္အတြင္းဝင္ ေရာက္မႈနည္းပါးသြားျခင္းႏွင့္ ကမာၻ႔ေ႐ႊေဈးမ်ားဆက္ တိုက္ျမင့္တက္ေနျခင္းတို႔ေၾကာင့္ ျပည္တြင္းေ႐ႊ ေဈး ႏႈန္းမ်ား လိုက္ပါျမင့္တက္ေနျခင္းျဖစ္သည္။ ႏိုင္ငံ ျခားေငြေဈးကြက္တြင္ အေျပာင္းအလဲနည္းပါးေသာ္ လည္း ႏိုင္ငံျခားေငြအမ်ားစုမွာ ေဈးႏႈန္းအျမင့္ပိုင္း တြင္တည္ၿငိမ္ေနသည္။ ထိုင္းဘတ္ေငြႏွင့္ တ႐ုတ္ ယြမ္ေငြမ်ား အေျပာင္းအလဲအနည္းငယ္ရွိေသာ္လည္း ေဈးႏႈန္းအျမင့္ပိုင္းသို႔ ျပန္လည္‌ေရာက္ရွိလာျခင္းျဖစ္ သည္။ စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီအ မ်ားစုမွာ ေဈးျပန္လည္က်ဆင္းေနၿပီး အေျခခံစား ေသာက္ကုန္ေဈးကြက္တြင္ ကုန္စည္အမ်ားစုမွာ ေဈးအျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနဆဲျဖစ္ သည္။
အေျခခံကုန္စည္ေဈးကြက္အတြင္း စား အုန္းဆီေဈးသတ္မွတ္ခ်က္က်ဆင္းလာသည့္အျပင္ အေျခခံကုန္စိမ္းေဈးႏႈန္းမ်ားလည္း ဆက္လက္က် ဆင္းေနေၾကာင္း သိရသည္။ ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ ငလ်င္ေဘးျပန္လည္ထူေထာင္ ေရးႏွင့္ ျမန္မာ့စီးပြားေရး ကုစားမႈဖိုရမ္တြင္ သက္ဆိုင္ ရာစီးပြားေရးနယ္ပယ္အသီသီးမွ ျမန္မာ့စီးပြားေရး ျပဳ ျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကိုတင္ျပခဲ့ေသာ္လည္း သက္ဆိုင္ရာ၏ စီမံခန႔္ခြဲမႈမ်ားကို ဆက္လက္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ႏိုင္ငံေတာ္အဆင့္ ကိန္း ဂဏန္းမ်ားအရ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ေစာင့္ ၾကည့္ေလ့လာ ႏိုင္မည္ျဖစ္ေသာ္လည္း ေအာက္ေျခ လူတန္းစားမ်ားအတြက္ အေထြေထြကုန္ေဈးႏႈန္းႀကီး ျမင့္မႈႏွင့္ ေငြေၾကးေဖာင္းပြမႈမွာ သိသိသာသာ အခက္ အခဲႀကဳံေတြ႕ေနရဆဲျဖစ္သည္။ ျပည္တြင္းေ႐ႊေဈး သည္ ေလးႏွစ္ဝန္းက်င္ကာလအတြင္း ေ႐ႊတစ္ က်ပ္သားလွ်င္ (၂၇)သိန္းဝန္းက်င္မွ သိန္း(၇၀) ေက်ာ္အထိ ျမင့္တက္လာျခင္းက ျမန္မာက်ပ္ေငြ တန္ဖိုး ဆိုး႐ြားစြာက်ဆင္းေနျခင္းကို ေတြ႕ျမင္ႏိုင္ သည္။

ျပည္တြင္းေ႐ႊေဈးဆက္တိုက္ျမင့္တက္ေနျခင္း

လက္ရွိတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈး ကြက္အတြင္း ‌အတက္အက်ျမန္ဆန္ေသာ္လည္း ယခင္တစ္ပတ္ေဈးႏႈန္းမ်ားအတိုင္း ေ႐ႊတစ္ေအာင္ စလွ်င္ (၃၃၀ဝ) ေဒၚလာဝန္းက်င္တြင္ ရပ္တည္ေန သည္။ ကမာၻ႔ေ႐ႊေဈးသည္ ေမလ (၂၈)ရက္တြင္ (၃၃၀၂)ေဒၚလာမွေမလ(၃၁)ရက္တြင္ (၃၂၈၉)ေဒၚလာသို႔က်ဆင္းခဲ့ၿပီး ဇြန္လ(၃)ရက္တြင္ (၃၃၇၃)‌ ေဒၚလာအထိ ျပန္လည္ျမင့္တက္ခဲ့သည္။ တစ္ပတ္ အတြင္း ကမာၻ႔ေ႐ႊေဈးႏႈန္းအတက္အက်မ်ား ျမန္ဆန္ ခဲ့ရာေဒၚလာတစ္ရာဝန္းက်င္အထိ အတက္အက် ျမန္ဆန္ေနေၾကာင္းသိရသည္။
အေမရိကန္ႏိုင္ငံႏွင့္ကမာၻ႔ႏိုင္ငံမ်ား၏ စစ္ ေရး၊ စီးပြားေရး အေျခအေနမ်ားအေပၚမူတည္ကာကမာၻ႔ေ႐ႊေဈး အတက္အက်ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ခန႔္မွန္းရန္ခက္ခဲေသာ အေနအထားသို႔ေရာက္ရွိေနေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးကြက္သည္ ျပင္ပ‌ေပါက္ေဈးအေပၚတြင္သာမူတည္ၿပီး အေရာင္း အဝယ္ျပဳလုပ္ၾကေသာ္လည္း ေဈးကြက္ေအးေန ေၾကာင္းသိရသည္။ လက္ရွိေ႐ႊေဈးကြက္အတြင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ြ႕နဗ မွရည္ òန္းေဈးမ်ားသတ္မွတ္ေပးေနေသာ္လည္း ျပင္ပ ေပါက္ေဈး တစ္က်ပ္သားလွ်င္ က်ပ္ သိန္း(၇၀)မွ က်ပ္သိန္း(၈၀)ၾကားျဖင့္သာအေရာင္းအဝယ္ျဖစ္ေနေၾကာင္း ေ႐ႊေမွာင္ခိုေဈးကြက္အတြင္းမွ သိရသည္။ အ‌ေခါက္ေ႐ႊေဈးကြက္သည္ တရားဝင္အေရာင္းအ ဝယ္ျပဳလုပ္ရန္ခက္ခဲျခင္းေၾကာင့္ ေမွာင္ခိုေဈးကြက္ကဆက္လက္ဦးေဆာင္ေနျခင္းျဖစ္ေၾကာင္းကြၽမ္း က်င္သူမ်ားက ခန႔္မွန္းထားၾကသည္။ ျပည္တြင္း ေ႐ႊေဈးသည္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေမလ (၃၀)ရက္တြင္ (၇၆)သိန္းငါးေသာင္းဝန္းက်င္ျဖင့္ ေဈးပိတ္ခဲ့ၿပီး ဇြန္လ(၂)ရက္တြင္ (၇၇)သိန္းေလး ေသာင္းဝန္းက်င္ျဖင့္ ေဈးကြက္ဖြင့္လာၿပီး ဇြန္လ(၃) ရက္တြင္ (၇၇)သိန္းေျခာက္ေသာင္းအထိေဈးမ်ား ျမင့္တက္ေနျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊ ေဈးကြက္ သည္ မိုးရာသီကာလသို႔ေရာက္ရွိလာျခင္းေၾကာင့္ ေ႐ႊတူးသည့္လုပ္ကြက္မ်ား ရပ္နားထားခ်ိန္ျဖစ္ရာ ေ႐ႊေလွာ္ဖိုမ်ားတြင္ ေ႐ႊအသစ္ဝင္ျခင္း နည္းပါးသြား ေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးအေျပာင္းအလဲမ်ား ေၾကာင့္ ျပည္တြင္းေ႐ႊေဈးလိုက္ပါျမင့္တက္ေန သည့္အျပင္ ျပည္တြင္းေ႐ႊကုန္သည္မ်ားမွ ျပည္ပ ေဈးႏွင့္အၿပိဳင္ ျပည္တြင္းေ႐ႊေဈးကို ဆြဲျမႇင့္ေနၾက ျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ျပည္တြင္း ေ႐ႊေမွာင္ခိုေဈးကြက္မွာ ေဈးအတက္အက် ျမန္ဆန္ ေနမည္ျဖစ္ၿပီး အေခါက္ေ႐ႊေဈးမွာသိန္း(၇၀)ေအာက္သို႔က်ဆင္းႏိုင္ျခင္းမရွိဘဲ သိန္း(၈၀)အ ထက္သို႔လည္းေရာက္ရွိႏိုင္မည္မဟုတ္ေၾကာင္း ဝါ ရင့္ေ႐ႊကုန္သည္မ်ားကခန႔္မွန္းထားၾကသည္။

ႏိုင္ငံျခားေငြလဲေဈးႏႈန္းတည္ၿငိမ္ၿပီး စက္သုံးဆီေဈး က်ဆင္းလာ
ျပည္တြင္းေငြလဲေဈးကြက္သည္ သက္ဆိုင္ ရာမွစည္းကမ္းတင္းၾကပ္စြာျဖင့္ ကိုင္တြယ္ေနျခင္း၊ ဗဟိုဘဏ္မွ စက္သုံးဆီလုပ္ငန္းရွင္မ်ားသို႔ႏိုင္ငံျခားေငြမ်ားဆက္တိုက္ထုတ္ေရာင္းေပးေနျခင္းႏွင့္ နယ္ စပ္ကုန္သြယ္ေရး လႊဲေငြမ်ား ရပ္တန႔္ေနျခင္းတို႔ေၾကာင့္ ေဈးႏႈန္းအတက္အက်နည္းပါးစြာျဖင့္ တည္ၿငိမ္ ေနေၾကာင္းသိရသည္။ နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္းသည္ ယခင္က ပြင့္လင္းရာသီျဖစ္ေသာ ေၾကာင့္ ကုန္သြယ္မႈအတိုင္းအတာတစ္ခုအထိရွိခဲ့ ေသာ္လည္း လက္ရွိမိုးရာသီကာလတြင္ နယ္စပ္ပို႔ ကုန္/သြင္းကုန္လုပ္ငန္းမ်ား ရပ္တန႔္ေနေၾကာင္း သိ ရသည္။ လက္ရွိေငြလဲႏႈန္းအေနျဖင့္ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၄၃၀) က်ပ္ဝန္းက်င္ျဖင့္ အေရာင္းအဝယ္တည္ၿငိမ္ေနၿပီး စင္ကာပူတစ္ေဒၚလာ လွ်င္ (၃၄၂၅)က်ပ္ ဝန္းက်င္၊ တ႐ုတ္တစ္ယြမ္လွ်င္ (၆၁၅)က်ပ္ ဝန္းက်င္ျဖင့္ယခင္ တစ္ပတ္ကထက္ အနည္းငယ္ ေဈးျမင့္တက္ေနေၾကာင္းသိရသည္။ ထိုင္းဘတ္မွာ (၁၃၅) က်ပ္ဝန္းက်င္ျဖင့္ ေဈးက်ေနၿပီး အိႏၵိယ႐ူပီးမွာ (၅၁)က်ပ္ ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ ေဈးႏႈန္းအတိုင္း ရွိေနေၾကာင္းသိရသည္။ စက္သုံး ဆီေဈးမ်ားမွာ ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ားဆက္တိုက္ထုတ္ေရာင္းေပးေနျခင္းေၾကာင့္ေဈးႏႈန္းတည္ ၿငိမ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ကမာၻ႔စက္ သုံးဆီေဈးကြက္အတြင္း ေရနံစိမ္းတစ္စည္လွ်င္ (၆၀ ဒသမ ၇၉)ေဒၚလာခန႔္ ေပါက္ေဈးရွိေၾကာင္းသိရ သည္။ ကမာၻ႔စက္သုံးဆီေဈးသည္ အေမရိကန္ေဒၚလာ (၆၀)ဝန္းက်င္ျဖင့္အတက္အက် ျဖစ္ေပၚေနရာျပည္တြင္းစက္သုံးဆီေဈးမ်ား အက်ပိုင္းသို႔ေရာက္ရွိလာ ေၾကာင္းသိရသည္။ စက္သုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ ယခုတစ္ပတ္ စက္သုံးဆီရည္òန္းေဈးမွာ (၉၂) ဓာတ္ဆီ တစ္လီတာ (၂၈၅၅)က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာ (၂၉၁၀)က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၀၅) က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၂၉၇၀)က်ပ္ျဖင့္ ထုတ္ျပန္ေၾကညာထားေၾကာင္းသိရသည္။ လြန္ခဲ့ေသာ တစ္ပတ္က (၉၂) ဓာတ္ဆီ တစ္လီတာ (၂၈၇၀) က်ပ္၊ (၉၅)ဓာတ္ဆီ တစ္လီတာ (၂၉၂၅)က်ပ္၊ ဒီဇယ္ တစ္လီတာ (၂၄၄၀)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၃၀၁၅)က်ပ္ သတ္မွတ္ထားျခင္းျဖစ္ သည္။ ထို႔ ေၾကာင့္ ယခုတစ္ပတ္အတြင္း (၉၂)ဓာတ္ ဆီတစ္လီတာ (၁၅) က်ပ္၊ (၉၅)တစ္လီတာ (၁၅၀ က်ပ္၊ ဒီဇယ္ တစ္လီတာ (၃၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာ (၄၅) က်ပ္ျဖင့္ အသီးသီးေဈးက်ဆင္းေန ျခင္းျဖစ္သည္။ ထို႔ျပင္ တိုင္းႏွင့္ ျပည္နယ္ အသီးသီး တြင္ စက္သုံးဆီေဈးမ်ား ျပန္လည္က်ဆင္းလာ ေၾကာင္းသိရသည္။ လြန္ခဲ့ေသာ (၂၀၂၁) ခုႏွစ္ဝန္း က်င္က စက္သုံးဆီေဈးတစ္လီတာလွ်င္ (၆၀ဝ)က်ပ္ ဝန္းက်င္သာေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိအ ခ်ိန္တြင္ ေငြေၾကးေဖာင္းပြမႈႏွင့္ အေထြေထြစီးပြား ေရးက်ပ္တည္းမႈမ်ားေၾကာင့္ စက္သုံးဆီတစ္လီတာ လွ်င္ သုံးေထာင္က်ပ္ဝန္းက်င္သို႔ေရာက္ရွိေနၿပီျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္းေငြလဲႏႈန္းမ်ား တည္ ၿငိမ္ေနျခင္းႏွင့္ ႏိုင္ငံတကာစက္သုံးဆီေဈးတည္ၿငိမ္ေနျခင္းေၾကာင့္ စက္သုံးဆီေဈးမ်ားလက္ရွိအေနအထားအတိုင္းဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။

အေျခခံကုန္ေဈးႏႈန္းႏွင့္ေငြေၾကးေဖာင္းပြမႈ

ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏႈန္းသည္ (၂၀၂၃-၂၄) ဘ႑ာႏွစ္တြင္ (၂၅)ရာခိုင္ႏႈန္းရွိ ေၾကာင္း သက္ဆိုင္ရာကထုတ္ျပန္ေသာ စာရင္းအ ခ်က္အလက္မ်ားအရသိရသည္။ လတ္တေလာ ျမင့္တက္ေနေသာ အေထြေထြကုန္ေဈးႏႈန္းမ်ားအရ လက္ရွိအခ်ိန္ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာလည္း (၂၀) ရာခိုင္ႏႈန္းဝန္းက်င္တြင္တည္ရွိႏိုင္ေၾကာင္းကြၽမ္း က်င္သူမ်ားကခန႔္မွန္းထားၾကသည္။ ေဈးကြက္ အတြင္း မိုးရာသီကာလေရာက္ရွိလာေသာေၾကာင့္ အေျခခံကုန္စည္မ်ားအတြင္း ကုန္စိမ္းေဈးမ်ားက် ဆင္းေနေသာ္လည္း အျခား အသား/ငါးႏွင့္ စား ေသာက္ကုန္မ်ားမွာ အေျပာင္းအလဲမရွိေဈးတက္ေနျခင္းေၾကာင့္ျဖစ္သည္။ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ပုံမွန္ဝင္ေငြ၏ ဝယ္ႏိုင္စြမ္းအားမ်ား က်ဆင္းသြား ျခင္းကိုလည္း ႀကဳံေတြ႕ေနရၿပီး အစားအေသာက္ မဟုတ္ေသာ အျခားကုန္စည္မ်ား၏ေဈးႏႈန္းမ်ားမွာ လည္း ဆက္တိုက္ေဈးျမင့္တက္ေနေၾကာင္းသိရ သည္။ မိသားစုတစ္ခုတြင္ အေျခခံစားေသာက္စရိတ္ အျပင္ အိမ္သုံးပစၥည္း စရိတ္၊ အဝတ္အထည္၊ ခရီးသြားလာစရိတ္၊ အျခားအေထြေထြစရိတ္မ်ား သည္လည္း ေငြ‌ေၾကးေဖာင္းပြမႈႏွင့္အတူ ကုန္ေဈးႏႈန္း ျမင့္တက္မႈမ်ားႀကဳံေတြ႕ေနရျခင္းျဖစ္သည္။ လက္ရွိ ေဈးကြက္အတြင္း လွ်ပ္စစ္ပစၥည္းမ်ားမွာ ယခင္ႏွစ္ကထက္ႏွစ္ဆခန႔္ေဈးျမင့္တက္လာျခင္း၊ ေက်ာင္းဖြင့္ ရာသီေရာက္ရွိလာသျဖင့္ ေက်ာင္းသုံးစရိတ္မ်ားျမင့္တက္လာျခင္းတို႔ကို အေျခခံျပည္သူလူထု ခံစားေနရ သည္။ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၇၇)သိန္းဝန္းက်င္အထိ ေဈးႏႈန္းျမင့္တက္ေနရာ ျမန္မာ က်ပ္ေငြတစ္သိန္းသည္ ေဈးကြက္အတြင္းတန္ဖိုး အားျဖင့္ လြန္စြာနိမ့္က်ေနေၾကာင္း ေငြေၾကးေဖာင္းပြ မႈအရသိရွိႏိုင္သည္။ ယခင္ (၂၀၂၁)ခုႏွစ္ဝန္းက်င္က အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၂၇)သိန္းက်ပ္ဝန္း က်င္သာေပါက္ ေဈးရွိခဲ့ေသာ္လည္း လက္ရွိတြင္ သုံးဆေက်ာ္ခန႔္ ေဈးႏႈန္းျမင့္တက္လာရာ ျမန္မာက်ပ္ ေငြတန္ဖိုး သုံးဆမွ် တန္ဖိုးက်ဆင္းေနျခင္းျဖစ္ သည္။

ဗဟိုဘဏ္အေနျဖင့္လည္း ပို႔ကုန္/သြင္း ကုန္ လုပ္ငန္းမွရရွိလာေသာ ႏိုင္ငံျခားေငြမ်ားကိုသာ ေဈးကြက္အတြင္း စနစ္တက်ေရာင္းခ်ႏိုင္ရန္ အတြက္သာ လက္တေလာဦးစားေပးေဆာင္႐ြက္ေန သည္။ လတ္တေလာေငြလဲႏႈန္းမ်ားအရ ျမန္မာ က်ပ္ေငြတန္ဖိုးကို သိရွိႏိုင္ေသာ္လည္း ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြမ်ားကို ထိန္းခ်ဳပ္ထားျခင္းေၾကာင့္သာ လက္ရွိေငြလဲႏႈန္းျဖစ္ေပၚေနျခင္းျဖစ္သည္။ ယခင္ (၂၀၂၁) ကာလမ်ားကဲ့သို႔ ေဈးကြက္ေပါက္ေဈးႏႈန္းရွင္အတိုင္း ျမန္မာက်ပ္ေငြကို ႏိုင္ငံျခားေငြျဖင့္လဲ လွယ္ပါက လက္ရွိျဖစ္ေပၚေနေသာ ေငြလဲႏႈန္း ႏွင့္ မ်ားစြာကြာျခားႏိုင္မည္ျဖစ္သည္။ ေငြေၾကးေဖာင္းပြ မႈေၾကာင့္ အေျခခံကုန္စည္ေဈးကြက္အတြင္း ၾကက္ ဥ၊ ဘဲဥမွအစ အသား/ငါးအဆုံး လက္ရွိတြင္အျမင့္ ဆုံးေဈးတန္းသို႔ေရာက္ရွိေနၿပီး လာမည့္ ရက္၊ လ မ်ားအတြင္း ျပန္လည္က်ဆင္းႏိုင္ေျခမရွိေပ။

Related news

© 2021. All rights reserved.