လော့အိန်ဂျယ်လိစ့် LA မြို့ မှာဖြစ်ပွားလျက်ရှိနေတဲ့ ဆူပူအကြမ်းဖက်မှုတွေကို လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်မယ်လို့ အမေရိကန်သမ္မတ ပြော

 296

ဂျန်ဇက် (NP News) - ဇွန် ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့အိန်ဂျယ်လိစ့် LA မြို့ မှာဖြစ်ပွားလျက်ရှိနေတဲ့ ဆူပူအကြမ်းဖက်မှုတွေကို လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။ ထရမ့်ဟာ ရာဇဝတ်မှုကျူးလွန်တဲ့ ရွှေ့ပြောင်းသွားလာသူတွေရဲ့ ကျူးကျော်မှုတွေကနေ မြို့ကို လွတ်မြောက်အောင်လုပ်ဆောင်သွားမှာဖြစ်ပြီး အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့တွေကို ဖြန့်ကြတ်ချထားဖို့ အမိန့်ပေးလိုက်ပါတယ်။
လော့အိန်ဂျယ်လိစ်မြို့အတွင်းဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် အမိမြေ လုံခြုံရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ရှေနေချုပ်ရုံးတို့ကို ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ က "အမေရိကန်မြို့ကြီးတစ်မြို့ဖြစ်တဲ့ Los Angeles ဟာတရားမဝင် ရွှေ့ပြောင်းဝင်သူတွေ နဲ့ ရာဇဝတ်ကောင်တွေက ကျူးကျော်သိမ်းပိုက်ခံခဲ့ရပါတယ်။လက်ရှိအချိန်မှာ အကြမ်းဖက်လူအုပ်ကြီးဟာ အစိုးရအဖွဲ့ဖယ်ဒရယ်အေးဂျင့်တွေရဲ့ပြည်နှင်ဒဏ်ပေးခြင်းလုပ်ငန်းများကို ရပ်တန့်ရန် ကြိုးစားနေသလို တိုက်ခိုက်တာတွေလည်းလုပ်ဆောင်နေတယ်။ အဲဒီ ဥပဒေမဲ့ အဓိကရုဏ်းတွေက အစိုးရအဖွဲ့ရဲ့စိတ်ပိုင်းဖြတ်မှုကို အားကောင်းစေတယ်။ တရားမဝင်သူများကို နှင်ထုတ်မှာဖြစ်သလို လော့စ်အိန်ဂျလိစ်မြို့ကို လွတ်မြောက်စေမှာဖြစ်တယ်’’ လို့ ပြောပါတယ်။

လော့အိန်ဂျယ်လိစ့် မြို့မှာ ဆန္ဒပြသူတွေနဲ့ အစိုးရလုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာခဲ့ပြီးနောက် ၂ ရက်အကြာ မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀၀၀ကိုလည်း ဖြန့်ကြတ်ချထားဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ လော့အိန်ဂျယ်လိစ်မြို့လယ်ခေါင်ရှိ ထိန်းသိမ်းရေးစခန်း အပြင်ဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်တင်းမာမှုအရှိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့တွေဟာ ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့သလို ဆန္ဒပြအုပ်စုတွေကလည်း တုံ့ပြန်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ ကားတွေကို မီးရှို့ တိုက်ခိုက်တာတွေလည်းလုပ်ဆောင်ခဲ့သလို မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းတွေလည်း မီးရှို့ခံရတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သူတွေကို ဖြိုခွင်းမယ့် အစီအစဉ်ကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပြီးနောက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေလာ့အိန္ဂ်ယ္လိစ့္ LA ၿမိဳ႕ မွာျဖစ္ပြားလ်က္ရွိေနတဲ့ ဆူပူအၾကမ္းဖက္မႈေတြကို လိုအပ္သလို တုံ႔ျပန္ အေရးယူေဆာင္႐ြက္မယ္လို႔ အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၉

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေလာ့အိန္ဂ်ယ္လိစ့္ LA ၿမိဳ႕ မွာျဖစ္ပြားလ်က္ရွိေနတဲ့ ဆူပူအၾကမ္းဖက္မႈေတြကို လိုအပ္တဲ့အေရးယူေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ အမိန႔္ေပးလိုက္တယ္လို႔ သိရပါတယ္။ ထရမ့္ဟာ ရာဇဝတ္မႈက်ဴးလြန္တဲ့ ေ႐ႊ႕ေျပာင္းသြားလာသူေတြရဲ႕ က်ဴးေက်ာ္မႈေတြကေန ၿမိဳ႕ကို လြတ္ေျမာက္ေအာင္လုပ္ေဆာင္သြားမွာျဖစ္ၿပီး အမ်ိဳးသားလုံၿခဳံေရးအေစာင့္တပ္ဖြဲ႕ေတြကို ျဖန႔္ၾကတ္ခ်ထားဖို႔ အမိန႔္ေပးလိုက္ပါတယ္။
ေလာ့အိန္ဂ်ယ္လိစ္ၿမိဳ႕အတြင္းျဖစ္ပြားေနတဲ့ မတည္ၿငိမ္မႈေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ေအာင္ အမိေျမ လုံၿခဳံေရးဝန္ႀကီးဌာန ၊ ကာကြယ္ေရးဝန္ႀကီးဌာန နဲ႔ ေရွေနခ်ဳပ္႐ုံးတို႔ကို ပူးေပါင္းေဆာင္႐ြက္ဖို႔ အမိန႔္ေပးထားတယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတ က "အေမရိကန္ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ Los Angeles ဟာတရားမဝင္ ေ႐ႊ႕ေျပာင္းဝင္သူေတြ နဲ႔ ရာဇဝတ္ေကာင္ေတြက က်ဴးေက်ာ္သိမ္းပိုက္ခံခဲ့ရပါတယ္။လက္ရွိအခ်ိန္မွာ အၾကမ္းဖက္လူအုပ္ႀကီးဟာ အစိုးရအဖြဲ႕ဖယ္ဒရယ္ေအးဂ်င့္ေတြရဲ႕ျပည္ႏွင္ဒဏ္ေပးျခင္းလုပ္ငန္းမ်ားကို ရပ္တန႔္ရန္ ႀကိဳးစားေနသလို တိုက္ခိုက္တာေတြလည္းလုပ္ေဆာင္ေနတယ္။ အဲဒီ ဥပေဒမဲ့ အဓိက႐ုဏ္းေတြက အစိုးရအဖြဲ႕ရဲ႕စိတ္ပိုင္းျဖတ္မႈကို အားေကာင္းေစတယ္။ တရားမဝင္သူမ်ားကို ႏွင္ထုတ္မွာျဖစ္သလို ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို လြတ္ေျမာက္ေစမွာျဖစ္တယ္’’ လို႔ ေျပာပါတယ္။

ေလာ့အိန္ဂ်ယ္လိစ့္ ၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ အစိုးရလုံၿခဳံေရးအဖြဲ႕ေတြၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္လာခဲ့ၿပီးေနာက္ ၂ ရက္အၾကာ မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အခုလိုမ်ိဳး ေျပာဆိုခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ အမ်ိဳးသား လုံၿခဳံေရး တပ္ဖြဲ႕ဝင္ ၂၀၀၀ကိုလည္း ျဖန႔္ၾကတ္ခ်ထားဖို႔ အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ ေလာ့အိန္ဂ်ယ္လိစ္ၿမိဳ႕လယ္ေခါင္ရွိ ထိန္းသိမ္းေရးစခန္း အျပင္ဘက္မွာ ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္က ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္တင္းမာမႈအရွိန္ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ လုံၿခဳံေရးအဖြဲ႕ေတြဟာ ဆႏၵျပသူေတြကို မ်က္ရည္ယို ဗုံးေတြ အသုံးျပဳၿပီး လူစုခြဲခဲ့သလို ဆႏၵျပအုပ္စုေတြကလည္း တုံ႔ျပန္တိုက္ခိုက္တာေတြရွိခဲ့တယ္လို႔ သိရပါတယ္။ ဆႏၵျပအုပ္စုေတြဟာ ကားေတြကို မီးရႈိ႕ တိုက္ခိုက္တာေတြလည္းလုပ္ေဆာင္ခဲ့သလို ၿမိဳ႕အတြင္းရွိ စီးပြားေရးလုပ္ငန္းေတြလည္း မီးရႈိ႕ခံရတာမ်ိဳးေတြရွိေနတယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕လူဝင္မႈႀကီးၾကပ္ေရးဥပေဒကို ခ်ိဳးေဖာက္သူေတြကို ၿဖိဳခြင္းမယ့္ အစီအစဥ္ကို ဆန႔္က်င့္တဲ့ ဆႏၵျပပြဲေတြ ျဖစ္လာခဲ့ၿပီးေနာက္ ဆူပူအၾကမ္းဖက္မႈေတြ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.