ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို စောလျင်စွာ အကောင်အထည်ဖော်ရန် နစကဥက္ကဋ္ဌပြော

 286

Pearl (NP News) - ဇွန် ၉
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို စောလျင်စွာ အကောင်အထည် ဖော်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
ယမန်နေ့ (ဇွန် ၈ရက်)တွင် နေပြည်တော်၌ ကျင်းပသော မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအလမ်းအနားတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေ ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် အဆိုပါစီမံကိန်းများကို စောလျင်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်လိမ့် မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် မဟာဗျူဟာကျသော စီမံကိန်းများ နှင့် ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ မိမိတို့နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ အားပေး ထောက်ခံမှုများအတွက်နှင့် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာ တွင် ရပ်တည်ထောက်ခံပေးလျက်ရှိသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Zawgyi Version;
ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္း ႏွင့္ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍစီမံကိန္းမ်ားကို ေစာလ်င္စြာ အေကာင္အထည္ေဖာ္ရန္ နစကဥကၠ႒ေျပာ
Pearl (NP News) - ဇြန္ ၉
ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံကိန္း ႏွင့္ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍစီမံကိန္းမ်ားကို ေစာလ်င္စြာ အေကာင္အထည္ ေဖာ္ရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာသည္။
ယမန္ေန႔ (ဇြန္ ၈ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပေသာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရးထူေထာင္မႈ (၇၅) ႏွစ္ေျမာက္ စိန္ရတုအထိမ္းအမွတ္အခမ္းအနား၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအလမ္းအနားတြင္ ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ၏ ရပ္ဝန္းႏွင့္ ပိုးလမ္းမစီမံကိန္းႏွင့္ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍစီမံကိန္းမ်ား အေကာင္အထည္ေဖာ္သည့္ေနရာတြင္ အေရးပါသည့္ ပထဝီဝင္အေနအထားတြင္ ရွိေန ေၾကာင္း နစက ဥကၠ႒က ေျပာသည္။
ထို႔ေၾကာင့္ အဆိုပါစီမံကိန္းမ်ားကို ေစာလ်င္စြာ အေကာင္အထည္ေဖာ္ျခင္းအားျဖင့္ ႏွစ္ႏိုင္ငံျပည္သူမ်ား အတူတကြ စဥ္ဆက္မျပတ္ သာယာဝေျပာဖြံ႕ၿဖိဳးတိုးတက္ႏိုင္ေစမည့္ အခြင့္အလမ္းေပါင္းမ်ားစြာ ရရွိေစႏိုင္လိမ့္ မည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ရွိသည့္ မဟာဗ်ဴဟာက်ေသာ စီမံကိန္းမ်ား ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ၾကရန္လည္း နစက ဥကၠ႒က တိုက္တြန္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ မိမိတို႔ႏိုင္ငံအေပၚတြင္ စဥ္ဆက္မျပတ္ အျပဳသေဘာေဆာင္သည့္ ထိေတြ႕ေဆာင္႐ြက္မႈ၊ အားေပး ေထာက္ခံမႈမ်ားအတြက္ႏွင့္ ျမန္မာႏိုင္ငံအေရးကိစၥႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာမ်က္ႏွာစာ တြင္ ရပ္တည္ေထာက္ခံေပးလ်က္ရွိသည့္အတြက္လည္း ေက်းဇူးတင္ေၾကာင္း နစက ဥကၠ႒က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.