AA ထိန်းချုပ်ဒေသမှ ချို့တဲ့သော ကလေးငယ်အများစု ပညာသင်ကြားခွင့်မရ

97

သက်ပိုင် (NP News) - ဇွန် ၉
AA ထိန်းချုပ်ရာဒေသများမှ နွမ်းပါးချို့တဲ့သော ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးလျက်ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။
AA အဖွဲ့ထိန်းချုပ်ရာဒေသများတွင် စာသင်ကျောင်းများပိတ်ထားရသည့်အတွက် ငွေကြေး တတ်နိုင်သော သူများမှာ ဆရာ၊ ဆရာမများ ငှားရမ်းကာ ကလေးငယ်များကို စာသင်ကြားနေကြသော်လည်း ချို့တဲ့နွမ်းပါးသော မိသားစုများ၏ ကလေးငယ်များမှာမူ ပညာသင်ကြားခွင့်ဆုံးရှုံးလျက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“အခုက ကျောင်းတွေပိတ်ထားပေမယ့် တချို့တွေကတော့ အိမ်တွေမှာသင်နေကြတာရှိတယ်။ ပြီးရင် AA က စာမေးပွဲစစ်ပြီးတော့ တစ်နှစ်တစ်တန်း အအောင်ပေးတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဆရာမ ငှားရမ်းစရိတ်ကို မိဘတွေက တာဝန်ယူပေးရတာကြောင့် တော်ရုံငွေကြေးမတတ်နိုင်ရင် စာသင်ဖို့ သိပ်မတတ်နိုင်ကြတော့ဘူး” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် လက်ရှိတွင် သင်ကြားရေးအတွက် စာအုပ်များ နှင့် စာရေးကိရိယာများမှာလည်း များစွာ ဈေးမြင့်တက်လျက်ရှိနေကြောင်းနှင့် ထိုသို့ဈေးနှုန်းမြင့်တက်နေခြင်းကလည်း နွမ်းပါးသော ကလေးငယ်များ အတွက် ပညာသင်ကြားမှုကို ဆုံးရှုံးနေစေရကြောင်း မြေပုံမြို့ဒေသခံတစ်ဦးက ဆိုသည်။
“ပုံနှိပ်စာအုပ်တွေဆိုရင် တစ်စုံကို ငါးသောင်းကနေ တစ်သိန်းနှစ်သောင်းအထိဈေးပေါက်နေတယ်။ စာရေးကိရိယာတွေကိုဆိုရင်လည်း အိန္ဒိယကနေတင်သွင်းရတာဆိုတော့ ဈေးက အဆမတန်ပေးရတာမျိုး တွေရှိတယ်။ ဗလာစာအုပ် တစ်ဒါဇင်ကို ငါးသောင်းကျော်လောက်အထိ ပေးဝယ်နေရတယ်။ ဒီတော့ မရှိတဲ့ ကလေးတွေကျောင်းမနေ နိုင်ကြတော့ဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောင်းသုံးပုံနှိပ်စာအုပ် ဈေးနှုန်းများမှာ KG တန်း စာအုပ်တစ်စုံလျှင်ငွေကျပ် (၂၅,ဝဝဝ) ကျပ် မှ (၃၅၀ဝဝ) ကျပ်ကြား၊ Grade – 1 ၊ 2 ၊ 3 အတန်းများအတွက်ဆိုလျှင် ငွေကျပ် ၃၅,ဝဝဝ မှ (၅၀,ဝဝဝ) ကျပ်ကြား၊ Grade – 4 နှင့် 5 အတန်း များအတွက် ငွေကျပ် (၄၀,ဝဝဝ) မှ (၆၅,ဝဝဝ)ကျပ် အကြား၊ Grade – 6 ၊ 7 ၊ 8 အတန်းများအတွက် ငွေကျပ် (၅၀,ဝဝဝ) မှ (၇၀,ဝဝဝ) ကျပ်အကြား မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
ထို့အပြင် Grade - 10 စာအုပ်တစ်စုံလျှင် ငွေကျပ် (၆၀,ဝဝဝ) မှ (၈၀,ဝဝဝ)ကျပ်ကြား၊ Grade - 11 အတွက် ငွေကျပ် (၇၀,ဝဝဝ) မှ (၁၀ဝ,ဝဝဝ)ကျပ်ကြားအထိရှိနေပြီး Grade - 12 အတွက် ငွေကျပ် (၈၅,ဝဝဝ) မှ (၁၂,ဝဝဝ၀) ကျပ်အထိရှိနေကာ မြို့နယ်အလိုက် ဈေးနှုန်းကွာခြားချက်ရှိနေကြောင်း စာအုပ်အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
လက်ရှိလက်ကိုင်များ ထိန်းချုပ်ခံထားရသည့် ဒေသများမှလွဲ၍ မြန်မာနိုင်ငံတွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ (၆၀၃၁၀၁၂) ဦးအထိရှိခဲ့ကြောင်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
AA ထိန္းခ်ဳပ္ေဒသမွ ခ်ိဳ႕တဲ့ေသာ ကေလးငယ္အမ်ားစု ပညာသင္ၾကားခြင့္မရ
သက္ပိုင္ (NP News) - ဇြန္ ၉
AA ထိန္းခ်ဳပ္ရာေဒသမ်ားမွ ႏြမ္းပါးခ်ိဳ႕တဲ့ေသာ ကေလးငယ္မ်ားမွာ ပညာသင္ၾကားခြင့္ ဆုံးရႈံးလ်က္ရွိေန ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
AA အဖြဲ႕ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ စာသင္ေက်ာင္းမ်ားပိတ္ထားရသည့္အတြက္ ေငြေၾကး တတ္ႏိုင္ေသာ သူမ်ားမွာ ဆရာ၊ ဆရာမမ်ား ငွားရမ္းကာ ကေလးငယ္မ်ားကို စာသင္ၾကားေနၾကေသာ္လည္း ခ်ိဳ႕တဲ့ႏြမ္းပါးေသာ မိသားစုမ်ား၏ ကေလးငယ္မ်ားမွာမူ ပညာသင္ၾကားခြင့္ဆုံးရႈံးလ်က္ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“အခုက ေက်ာင္းေတြပိတ္ထားေပမယ့္ တခ်ိဳ႕ေတြကေတာ့ အိမ္ေတြမွာသင္ေနၾကတာရွိတယ္။ ၿပီးရင္ AA က စာေမးပြဲစစ္ၿပီးေတာ့ တစ္ႏွစ္တစ္တန္း အေအာင္ေပးတာေတြေတာ့ ရွိတယ္။ ဒါေပမဲ့ ဆရာမ ငွားရမ္းစရိတ္ကို မိဘေတြက တာဝန္ယူေပးရတာေၾကာင့္ ေတာ္႐ုံေငြေၾကးမတတ္ႏိုင္ရင္ စာသင္ဖို႔ သိပ္မတတ္ႏိုင္ၾကေတာ့ဘူး” ဟု ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ လက္ရွိတြင္ သင္ၾကားေရးအတြက္ စာအုပ္မ်ား ႏွင့္ စာေရးကိရိယာမ်ားမွာလည္း မ်ားစြာ ေဈးျမင့္တက္လ်က္ရွိေနေၾကာင္းႏွင့္ ထိုသို႔ေဈးႏႈန္းျမင့္တက္ေနျခင္းကလည္း ႏြမ္းပါးေသာ ကေလးငယ္မ်ား အတြက္ ပညာသင္ၾကားမႈကို ဆုံးရႈံးေနေစရေၾကာင္း ေျမပုံၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
“ပုံႏွိပ္စာအုပ္ေတြဆိုရင္ တစ္စုံကို ငါးေသာင္းကေန တစ္သိန္းႏွစ္ေသာင္းအထိေဈးေပါက္ေနတယ္။ စာေရးကိရိယာေတြကိုဆိုရင္လည္း အိႏၵိယကေနတင္သြင္းရတာဆိုေတာ့ ေဈးက အဆမတန္ေပးရတာမ်ိဳး ေတြရွိတယ္။ ဗလာစာအုပ္ တစ္ဒါဇင္ကို ငါးေသာင္းေက်ာ္ေလာက္အထိ ေပးဝယ္ေနရတယ္။ ဒီေတာ့ မရွိတဲ့ ကေလးေတြေက်ာင္းမေန ႏိုင္ၾကေတာ့ဘူး” ဟု ၎က ဆိုသည္။
လက္ရွိတြင္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္ ေဈးႏႈန္းမ်ားမွာ KG တန္း စာအုပ္တစ္စုံလွ်င္ေငြက်ပ္ (၂၅,ဝဝဝ) က်ပ္ မွ (၃၅၀ဝဝ) က်ပ္ၾကား၊ Grade – 1 ၊ 2 ၊ 3 အတန္းမ်ားအတြက္ဆိုလွ်င္ ေငြက်ပ္ ၃၅,ဝဝဝ မွ (၅၀,ဝဝဝ) က်ပ္ၾကား၊ Grade – 4 ႏွင့္ 5 အတန္း မ်ားအတြက္ ေငြက်ပ္ (၄၀,ဝဝဝ) မွ (၆၅,ဝဝဝ)က်ပ္ အၾကား၊ Grade – 6 ၊ 7 ၊ 8 အတန္းမ်ားအတြက္ ေငြက်ပ္ (၅၀,ဝဝဝ) မွ (၇၀,ဝဝဝ) က်ပ္အၾကား ျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။
ထို႔အျပင္ Grade - 10 စာအုပ္တစ္စုံလွ်င္ ေငြက်ပ္ (၆၀,ဝဝဝ) မွ (၈၀,ဝဝဝ)က်ပ္ၾကား၊ Grade - 11 အတြက္ ေငြက်ပ္ (၇၀,ဝဝဝ) မွ (၁၀ဝ,ဝဝဝ)က်ပ္ၾကားအထိရွိေနၿပီး Grade - 12 အတြက္ ေငြက်ပ္ (၈၅,ဝဝဝ) မွ (၁၂,ဝဝဝ၀) က်ပ္အထိရွိေနကာ ၿမိဳ႕နယ္အလိုက္ ေဈးႏႈန္းကြာျခားခ်က္ရွိေနေၾကာင္း စာအုပ္အေရာင္းဆိုင္မ်ားမွ စုံစမ္းသိရွိရသည္။
လက္ရွိလက္ကိုင္မ်ား ထိန္းခ်ဳပ္ခံထားရသည့္ ေဒသမ်ားမွလြဲ၍ ျမန္မာႏိုင္ငံတြင္ (၂၀၂၅-၂၀၂၆) ပညာသင္ႏွစ္အတြင္း အေျခခံပညာေက်ာင္းသား ေက်ာင္းသူ (၆၀၃၁၀၁၂) ဦးအထိရွိခဲ့ေၾကာင္း ႏိုင္ငံ ေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။