ရုရှားရဲ့ယူကရိန်းအပေါ် လက်တုံ့ပြန်မှုတွေက ပြီးဆုံးမှာမဟုတ်သေးဘူးလို့ အမေရိကန်ယုံကြည်နေ

 105

Pika (NP News) - ဇွန် ၉

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကဖြစ်ပွားခဲ့တဲ့ ယူကရိန်းရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ရဲ့ ခြိမ်းခြောက်လက်တုံ့ပြန်မှုဟာ အပြင်းထန်ဆုံးမဖြစ်သေးကြောင်း နဲ့ သိသာထင်ရှားတဲ့ဘက်စုံတိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရုရှားဘက်ကလက်တုံ့ပြန်မှုတွေလုပ်ဆောင်မယ့်အချိန်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေး ကြောင်း နဲ့ လာမယ့်ရက်ပိုင်းအတွင်း လက်တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ယုံကြည်တယ်လို့လည်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှားဘက်က လက်တုံ့ပြန်မှုတွေမှာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အပါအဝင် ကွဲပြားတဲ့ဝေဟင်ပစ်စွမ်းရည်တွေ ပါဝင်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားဘက်က လက်တုံ့ပြန်မှုတွေလုပ်ဆောင်မယ့် ပစ်မှတ်တွေ၊ ထောက်လှမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အမေရိကန်အရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့လေတပ်အခြေစိုက်စခန်းအများအပြားကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားဘက်က လက်တုံ့ပြန်မှုတွေဟာ ပြင်းထန်ပြီး ရှောင်လွှဲလို့ရမှာမဟုတ်ဘူးလို့လည်း ရုရှားသမ္မတပူတင်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
႐ုရွားရဲ႕ ယူကရိန္းအေပၚ လက္တုံ႔ျပန္မႈေတြက ၿပီးဆုံးမွာမဟုတ္ေသးဘူးလို႔ အေမရိကန္ယုံၾကည္ေန
Pika (NP News) - ဇြန္ ၉

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းကျဖစ္ပြားခဲ့တဲ့ ယူကရိန္းရဲ႕ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ရဲ႕ ၿခိမ္းေျခာက္လက္တုံ႔ျပန္မႈဟာ အျပင္းထန္ဆုံးမျဖစ္ေသးေၾကာင္း နဲ႔ သိသာထင္ရွားတဲ့ဘက္စုံတိုက္ခိုက္မႈတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္အစိုးရက ယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဘက္ကလက္တုံ႔ျပန္မႈေတြလုပ္ေဆာင္မယ့္အခ်ိန္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသး ေၾကာင္း နဲ႔ လာမယ့္ရက္ပိုင္းအတြင္း လက္တုံ႔ျပန္မႈေတြ ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ ယုံၾကည္တယ္လို႔လည္း သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားဘက္က လက္တုံ႔ျပန္မႈေတြမွာ ဒုံးက်ည္ေတြနဲ႔ ဒ႐ုန္းေတြ အပါအဝင္ ကြဲျပားတဲ့ေဝဟင္ပစ္စြမ္းရည္ေတြ ပါဝင္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဘက္က လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္မယ့္ ပစ္မွတ္ေတြ၊ ေထာက္လွမ္းေရးကိစၥေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို အေမရိကန္အရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ယူကရိန္းစစ္တပ္ဟာ ႐ုရွားရဲ႕ေလတပ္အေျခစိုက္စခန္းအမ်ားအျပားကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားဘက္က လက္တုံ႔ျပန္မႈေတြဟာ ျပင္းထန္ၿပီး ေရွာင္လႊဲလို႔ရမွာမဟုတ္ဘူးလို႔လည္း ႐ုရွားသမၼတပူတင္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.