ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေကို နယ်စပ်ကိုပေးပို့နေပြီလို့ ရုရှားစစ်ဘက်ပြော

 95

Pika (NP News) - ဇွန် ၉

ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေပါရှိတဲ့ ရထားတွေဟာ ရုရှား-ယူကရိန်းနယ်စပ်ကို မကြာခင်အချိန် အတွင်း စတင်ရွေ့လျားသွားလာလိမ့်မယ်လို့ ရုရှားစစ်တပ်ရဲ့ ဒုဗိုလ်ချုပ်ကြီးအလက်ဇန်းဒါးဇိုရင်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုပ်အလောင်းတွေရွှေ့ပြောင်းမှုကို လာမယ့်သီတင်းပတ်မတိုင်ခင်အချိန်အထိ ‌အချိန်ရွှေ့ဆိုင်းရမယ့် အချက်ပြမှုတွေလည်းရှိနေတယ်လို့ အလက်ဇန်းဒါးဇိုရင်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းအစိုးရဟာ စစ်သုံ့ပန်းတွေအပြန်အလှန်လဲလှယ်မှုနဲ့ သေဆုံးသွားခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ လက်ခံမှုကို အချိန် အကန့်အသတ်မရှိကာလတစ်ခုအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ရုရှားအစိုးရကဇွန်လ(၇)ရက်နေ့မှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားအစိုးရရဲ့ပြောဆိုချက်တွေက မှန်ကန်မှုမရှိဘူးလို့ ယူကရိန်းအစိုးရ ဘက်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်ပွဲဖြစ်ပွားခဲ့တဲ့အချိန်(၃)နှစ်ကျော်ကာလအတွင်း စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်မှုတွေ နဲ့ သေဆုံးသွားခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်မှုကို မကြာခဏလုပ်ဆောင်ခဲ့ပေမယ့် လည်း အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့သဘောတူညီချက်မျိုးကို ရယူနိုင်ခဲ့တာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို နယ္စပ္ကိုေပးပို႔ေနၿပီလို႔ ႐ုရွားစစ္ဘက္ေျပာ
Pika (NP News) - ဇြန္ ၉
ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြပါရွိတဲ့ ရထားေတြဟာ ႐ုရွား-ယူကရိန္းနယ္စပ္ကို မၾကာခင္အခ်ိန္ အတြင္း စတင္ေ႐ြ႕လ်ားသြားလာလိမ့္မယ္လို႔ ႐ုရွားစစ္တပ္ရဲ႕ ဒုဗိုလ္ခ်ဳပ္ႀကီးအလက္ဇန္းဒါးဇိုရင္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုပ္အေလာင္းေတြေ႐ႊ႕ေျပာင္းမႈကို လာမယ့္သီတင္းပတ္မတိုင္ခင္အခ်ိန္အထိ ‌အခ်ိန္ေ႐ႊ႕ဆိုင္းရမယ့္ အခ်က္ျပမႈေတြလည္းရွိေနတယ္လို႔ အလက္ဇန္းဒါးဇိုရင္က ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ယူကရိန္းအစိုးရဟာ စစ္သုံ႔ပန္းေတြအျပန္အလွန္လဲလွယ္မႈနဲ႔ ေသဆုံးသြားခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ လက္ခံမႈကို အခ်ိန္ အကန႔္အသတ္မရွိကာလတစ္ခုအထိ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ ႐ုရွားအစိုးရကဇြန္လ(၇)ရက္ေန႔မွာ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားအစိုးရရဲ႕ေျပာဆိုခ်က္ေတြက မွန္ကန္မႈမရွိဘူးလို႔ ယူကရိန္းအစိုးရ ဘက္က ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စစ္ပြဲျဖစ္ပြားခဲ့တဲ့အခ်ိန္(၃)ႏွစ္ေက်ာ္ကာလအတြင္း စစ္သုံ႔ပန္းအျပန္အလွန္လဲလွယ္မႈေတြ နဲ႔ ေသဆုံးသြားခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္မႈကို မၾကာခဏလုပ္ေဆာင္ခဲ့ေပမယ့္ လည္း အပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး သိသာထင္ရွားတဲ့သေဘာတူညီခ်က္မ်ိဳးကို ရယူႏိုင္ခဲ့တာမ်ိဳးေတာ့ မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.