ဒေသတွင်းလက်နက်ကိုင်များကြောင့် ကချင်ဒေသတွင် သဘာဝဘေးဒဏ် ပိုမိုကြုံလာနေရ

87

သက်ပိုင် (NP News) - ဇွန် ၉
ကချင်ပြည်နယ်တွင် ဒေသအတွင်းရှိ လက်နက်ကိုင်များကြောင့် သဘာဝဘေးဒဏ်ကို ပိုမိုကြုံလာနေရကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက NP News သို့ ပြောသည်။
ကချင်ဒေသတွင်းရှိ လက်နက်ကိုင်များ၏ ရွှေတူးဖော်မှု၊ မြေရှားသတ္တုတူးဖော်မှု၊ သစ်မှောင်ခို ခုတ်ထွင်မှု များကြောင့် ကချင်ပြည်နယ်ရှိ သစ်တောဧရိယာများ ပျောက်ကွယ်လာနေပြီး မိုးရွာသွန်းသည် နှင့် မိုးကြီးခြင်း၊ အပူချိန်များတိုးလာခြင်း စသော သဘာဝဘေးအန္တရာယ်များကို ပိုမိုကြုံတွေ့လာနေကြရကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။
“အဓိကကတော့ သစ်ပင်တွေကို ခုတ်တယ်။ သစ်ပင်ခုတ်လို့ တောင်ကတုံးဖြစ်သွားရင် မြေရှား သတ္တုထုတ်တယ်။ နောက်ပြီး ရွှေတွေတူးကြ တယ်။ အဲဒီလို လုပ်ကြတော့ မိုးရွာတာနဲ့ တောင်ပေါ် ကရေ တွေက သစ်ပင်တွေမရှိတော့ အရှိန်နဲ့ဆင်းလာမယ်။ တောင်ပေါ်မှာ ရေမစုထားနိုင်တော့ဘူး။ အဲဒီလို ဆင်းလာရင် ရွှေတူး ထားတဲ့မြေစာတွေနဲ့ရောပြီး မြစ်ကြောင်းတွေ တိမ်ကောကုန်တယ်။ ဒီတော့ ရေတွေက ပုံမှန်ထက် ပိုတက်လာတယ်။ သေချာတာကတော့ ဒါတွေဟာ အဲဒီဒေသတွေမှာရှိတဲ့ လက်နက်ကိုင်တွေရဲ့လုပ်ရပ်ကြောင့် ပြည်သူတွေခံနေရတာတွေပဲ” ဟု ၎င်းက ဆိုသည်။
ထိုသို့ သစ်ပင်များပျောက်လာသည်နှင့် အမျှ ယခင်က ယင်းဒေသတွင်တည်ရှိခဲ့သည့် ရာသီဥတုအခြေ အနေများပါ ပြောင်းလဲလာမည်ဖြစ်ပြီး ကချင်ဒေသတွင် ဧရာဝတီမြစ်ဖျားစတည်ရာ မေခနှင့် မလိခမြစ်တို့ တည်ရှိနေသည့်အတွက် ရေရှည်တွင် ဧရာဝတီမြစ်ကိုပါ ထိခိုက်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
“ပထမက သစ်တော၊ သစ်ပင်တွေကို ခုတ်တယ်။ အဲဒီတော့ မိုးရာသီရောက်တာနဲ့ ရေ တွေက အရှိန်ပြင်းပြင်းနဲ့ နုန်းတွေကို မြစ်ကြောင်း တစ်လျှောက်သယ်လာတယ်။ တကယ်လို့အပင်တွေ သာ ရှိနေရင် နုန်းပါဝင်မှုကို လျော့ကျစေနိုင်တယ်။ ဒီထက်ဆိုးတာက မြေရှားကိစ္စ။ မြေရှားသတ္တုထုတ်ဖို့ ဓာတုပစ္စည်းတွေ သုံးရတယ်။ အဲဒီကထွက်တဲ့ စွန့်ပစ်ရေတွေက မြစ်ကြောင်းတစ်လျှောက်သာ ပါလာခဲ့ရင် အဲဒီမြစ်ရေက သောက်သုံး လို့မရတော့တဲ့အထိဖြစ်မှာပဲ” ဟု ၎င်းက ဆိုသည်။
အိန္ဒိယအရှေ့မြောက်ဘက်သို့ ဝင်ရောက်သွားသည့် မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက် များမှာ မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာခဲ့ သည့်အတွက် မေလ (၃၀)ရက်ခန့်မှစတင်ကာ ကချင်ပြည် နယ်ရှိ ချီဖွေ၊ မြစ်ကြီးနားနှင့် ဝိုင်းမော် ဒေသတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူထောင်နှင့်ချီကာ ရေဘေးသင့်ခဲ့ကြရသည်။

Zawgyi Version;
ေဒသတြင္းလက္နက္ကိုင္မ်ားေၾကာင့္ ကခ်င္ေဒသတြင္ သဘာဝေဘးဒဏ္ ပိုမိုႀကဳံလာေနရ
သက္ပိုင္ (NP News) - ဇြန္ ၉
ကခ်င္ျပည္နယ္တြင္ ေဒသအတြင္းရွိ လက္နက္ကိုင္မ်ားေၾကာင့္ သဘာဝေဘးဒဏ္ကို ပိုမိုႀကဳံလာေနရေၾကာင္း သဘာဝပတ္ဝန္းက်င္အေရးတက္ႂကြလႈပ္ရွားသူမ်ားက NP News သို႔ ေျပာသည္။
ကခ်င္ေဒသတြင္းရွိ လက္နက္ကိုင္မ်ား၏ ေ႐ႊတူးေဖာ္မႈ၊ ေျမရွားသတၱဳတူးေဖာ္မႈ၊ သစ္ေမွာင္ခို ခုတ္ထြင္မႈ မ်ားေၾကာင့္ ကခ်င္ျပည္နယ္ရွိ သစ္ေတာဧရိယာမ်ား ေပ်ာက္ကြယ္လာေနၿပီး မိုး႐ြာသြန္းသည္ ႏွင့္ မိုးႀကီးျခင္း၊ အပူခ်ိန္မ်ားတိုးလာျခင္း စေသာ သဘာဝေဘးအႏၲရာယ္မ်ားကို ပိုမိုႀကဳံေတြ႕လာေနၾကရေၾကာင္း သဘာဝ ပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ရွားသူတစ္ဦးကဆိုသည္။
“အဓိကကေတာ့ သစ္ပင္ေတြကို ခုတ္တယ္။ သစ္ပင္ခုတ္လို႔ ေတာင္ကတုံးျဖစ္သြားရင္ ေျမရွား သတၱဳထုတ္တယ္။ ေနာက္ၿပီး ေ႐ႊေတြတူးၾက တယ္။ အဲဒီလို လုပ္ၾကေတာ့ မိုး႐ြာတာနဲ႔ ေတာင္ေပၚ ကေရ ေတြက သစ္ပင္ေတြမရွိေတာ့ အရွိန္နဲ႔ဆင္းလာမယ္။ ေတာင္ေပၚမွာ ေရမစုထားႏိုင္ေတာ့ဘူး။ အဲဒီလို ဆင္းလာရင္ ေ႐ႊတူး ထားတဲ့ေျမစာေတြနဲ႔ေရာၿပီး ျမစ္ေၾကာင္းေတြ တိမ္ေကာကုန္တယ္။ ဒီေတာ့ ေရေတြက ပုံမွန္ထက္ ပိုတက္လာတယ္။ ေသခ်ာတာကေတာ့ ဒါေတြဟာ အဲဒီေဒသေတြမွာရွိတဲ့ လက္နက္ကိုင္ေတြရဲ႕လုပ္ရပ္ေၾကာင့္ ျပည္သူေတြခံေနရတာေတြပဲ” ဟု ၎က ဆိုသည္။
ထိုသို႔ သစ္ပင္မ်ားေပ်ာက္လာသည္ႏွင့္ အမွ် ယခင္က ယင္းေဒသတြင္တည္ရွိခဲ့သည့္ ရာသီဥတုအေျခ အေနမ်ားပါ ေျပာင္းလဲလာမည္ျဖစ္ၿပီး ကခ်င္ေဒသတြင္ ဧရာဝတီျမစ္ဖ်ားစတည္ရာ ေမခႏွင့္ မလိချမစ္တို႔ တည္ရွိေနသည့္အတြက္ ေရရွည္တြင္ ဧရာဝတီျမစ္ကိုပါ ထိခိုက္လာႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္ အေရးေလ့လာေစာင့္ၾကည့္ေနသူတစ္ဦးက ဆိုသည္။
“ပထမက သစ္ေတာ၊ သစ္ပင္ေတြကို ခုတ္တယ္။ အဲဒီေတာ့ မိုးရာသီေရာက္တာနဲ႔ ေရ ေတြက အရွိန္ျပင္းျပင္းနဲ႔ ႏုန္းေတြကို ျမစ္ေၾကာင္း တစ္ေလွ်ာက္သယ္လာတယ္။ တကယ္လို႔အပင္ေတြ သာ ရွိေနရင္ ႏုန္းပါဝင္မႈကို ေလ်ာ့က်ေစႏိုင္တယ္။ ဒီထက္ဆိုးတာက ေျမရွားကိစၥ။ ေျမရွားသတၱဳထုတ္ဖို႔ ဓာတုပစၥည္းေတြ သုံးရတယ္။ အဲဒီကထြက္တဲ့ စြန႔္ပစ္ေရေတြက ျမစ္ေၾကာင္းတစ္ေလွ်ာက္သာ ပါလာခဲ့ရင္ အဲဒီျမစ္ေရက ေသာက္သုံး လို႔မရေတာ့တဲ့အထိျဖစ္မွာပဲ” ဟု ၎က ဆိုသည္။
အိႏၵိယအေရွ႕ေျမာက္ဘက္သို႔ ဝင္ေရာက္သြားသည့္ မုန္တိုင္းငယ္၏ အႂကြင္းအက်န္ တိမ္တိုက္ မ်ားမွာ ျမန္မာႏိုင္ငံဘက္သို႔ေရာက္ရွိလာခဲ့ သည့္အတြက္ ေမလ (၃၀)ရက္ခန႔္မွစတင္ကာ ကခ်င္ျပည္ နယ္ရွိ ခ်ီေဖြ၊ ျမစ္ႀကီးနားႏွင့္ ဝိုင္းေမာ္ ေဒသတို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ၿပီး လူေထာင္ႏွင့္ခ်ီကာ ေရေဘးသင့္ခဲ့ၾကရသည္။