စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူး၊ ရောင်းချသည့် အမျိုးသမီး ၆ ဦး ကို ဖမ်းမိ

1275

သက်ပိုင် (NP News) - ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်နှင့်ကျောက်ဆည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေသော အမျိုးသမီး ၆ ဦး ကို ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန် ၆ ရက် မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာအုပ်စု ရွာသာရွာကျေးရွာ လမ်းပေါ်တွင် သီတာ၊ အေးမြတ်မွန်၊ ခင်စုကြည် (ခ) မိုးမိုးနှင့် ရွှေဇင်မာတို့ လေးဦးထံမှ ၎င်းဒေသတန်ဖိုး တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၃၂ ဒသမ ၅ သိန်းဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၅၀၀ ပြားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ကျောက်ဆည်မြို့နယ် ဘင်စုရပ်ကွက် စက်မှုဇုန်သွားလမ်းပေါ်တွင် ဒေါ်မြိုင်ထံမှ ငွေကျပ် ၈၄ ဒသမ ၅၂၅ သိန်း စိတ်ကြွရူးသွပ်ဆေးပြား ၅၆၃၅ ပြား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ဆေးပြားများ ရောင်းချပေးသူ မမဲလုံးအား ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအဝင် လမ်းမပေါ်တွင် ဆက်လက်ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းအပြင် ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် ရွှေတိဂုံဘုရား အဆင်းလမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေတိဂုံဘုရားဘက်မှ နတ်စင်လမ်းဘက်သို့ လမ်း လျှောက်လာသူ စိုင်းအောင်ခမ်းထံမှ ၎င်းဒေသတန်ဖိုး တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ် မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ကျောင်းလမ်းရှိ ၎င်းနေထိုင်သည့် နေအိမ်မှ ငွေကျပ် ၂၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင်ပင် ဖော်ပြထားသည်။

Zawgyi Version:
စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ျဖန႔္ျဖဴး၊ ေရာင္းခ်သည့္ အမ်ိဳးသမီး ၆ ဦး ကို ဖမ္းမိ
သက္ပိုင္ (NP News) - ဇြန္ ၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ႏွင့္ေက်ာက္ဆည္ၿမိဳ႕နယ္တို႔တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ျဖန႔္ျဖဴးေရာင္းခ်ေနေသာ အမ်ိဳးသမီး ၆ ဦး ကို ဖမ္းမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ သတင္းထုတ္ျပန္ထားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇြန္ ၆ ရက္ မြန္းလြဲပိုင္းက စဥ့္ကိုင္ၿမိဳ႕နယ္ မီးေသြးဘုတ္ေက်း႐ြာအုပ္စု ႐ြာသာ႐ြာေက်း႐ြာ လမ္းေပၚတြင္ သီတာ၊ ေအးျမတ္မြန္၊ ခင္စုၾကည္ (ခ) မိုးမိုးႏွင့္ ေ႐ႊဇင္မာတို႔ ေလးဦးထံမွ ၎ေဒသတန္ဖိုး တစ္ျပားလွ်င္ ေငြက်ပ္ ၁၅၀၀ ႏႈန္းျဖင့္ ၎ေဒသတန္ဖိုးေငြက်ပ္ ၈၃၂ ဒသမ ၅ သိန္းဖိုးရွိ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၅၅၅၀၀ ျပားအား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ေက်ာက္ဆည္ၿမိဳ႕နယ္ ဘင္စုရပ္ကြက္ စက္မႈဇုန္သြားလမ္းေပၚတြင္ ေဒၚၿမိဳင္ထံမွ ေငြက်ပ္ ၈၄ ဒသမ ၅၂၅ သိန္း စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅၆၃၅ ျပား ဖမ္းဆီးရမိခဲ့ၿပီး ကြင္းဆက္အရ ေဆးျပားမ်ား ေရာင္းခ်ေပးသူ မမဲလုံးအား ေက်ာက္ဆည္ၿမိဳ႕နယ္ ေဖ်ာက္ဆိပ္ပင္ေက်း႐ြာအဝင္ လမ္းမေပၚတြင္ ဆက္လက္ဖမ္းဆီးရမိေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ယင္းအျပင္ ဇြန္လ ၇ ရက္ မြန္းလြဲပိုင္းက ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ မကာအိုခမ္းရပ္ကြက္ ေ႐ႊတိဂုံဘုရား အဆင္းလမ္းတြင္ သတင္းအရ ေစာင့္ဆိုင္းေနစဥ္ ေ႐ႊတိဂုံဘုရားဘက္မွ နတ္စင္လမ္းဘက္သို႔ လမ္း ေလွ်ာက္လာသူ စိုင္းေအာင္ခမ္းထံမွ ၎ေဒသတန္ဖိုး တစ္ျပားလွ်င္ ေငြက်ပ္ ၇၀၀ ႏႈန္းျဖင့္ ေဒသတန္ဖိုးေငြက်ပ္ သိန္း ၇၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀၀၀၀ ဖမ္းဆီးရမိၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ တာခ်ီလိတ္ ၿမိဳ႕ ဆန္ဆိုင္း (ခ) ရပ္ကြက္ ေက်ာင္းလမ္းရွိ ၎ေနထိုင္သည့္ ေနအိမ္မွ ေငြက်ပ္ ၂၈ သိန္း တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀ ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ယင္း ထုတ္ျပန္ခ်က္တြင္ပင္ ေဖာ္ျပထားသည္။