စစ်ရေးလေ့ကျင့်မှုအတွက် ပနားမားနိုင်ငံကို အမေရိကန်စစ်သားတွေရောက်ရှိလာ

 229

Pika (NP News) - ဇွန် ၁ဝ

အမေရိကန်စစ်သားတွေဟာ ပနားမားတူးမြောင်းကိုကာကွယ်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့ ပနားမားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောကြားခဲ့ပါတယ်။ ပနားမားတူးမြောင်းတစ်ဝိုက်မှာ အမေရိကန်တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားခွင့်ပြုမယ့် အပြန်အလှန်သဘောတူညီချက်ကြောင့် ပနားမားနိုင်ငံကို ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်အရ ပနားမားတူးမြောင်းတစ်လျှောက် အမေရိကန် စစ်သားတွေကို ဖြန့်ကျက်ချထားခွင့်ပြုထားပေမယ့်လည်း အခြေစိုက်စခန်းတွေ တည်ထောင်တာမျိုးကိုတော့ ခွင့်ပြုထားတာမျိုးမရှိဘူးလို့ ပနားမားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်စစ်တပ်ဟာ ပနားမားလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ သစ်တောစစ်ဆင်ရေးတွေမှာ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်သံရုံးက ပြောကြားခဲ့ပါတယ်။ ပြီးတော့ စစ်ရေးလေ့ကျင့်မှုတွေအတွက် အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်ခွင့်ကို ပနားမားနိုင်ငံက အတည်ပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပနားမားတူးမြောင်းကို ပြန်လည်သိမ်းပိုက်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် လုံခြုံရေးသဘောတူညီချက်ကို ပနားမားနိုင်ငံက လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စစ္ေရးေလ့က်င့္မႈအတြက္ ပနားမားႏိုင္ငံကို အေမရိကန္စစ္သားေတြေရာက္ရွိလာ
Pika (NP News) - ဇြန္ ၁ဝ

အေမရိကန္စစ္သားေတြဟာ ပနားမားတူးေျမာင္းကိုကာကြယ္ဖို႔ ရည္႐ြယ္တဲ့ စစ္ေရးေလ့က်င့္မႈလုပ္ေဆာင္ဖို႔ ပနားမားႏိုင္ငံကို ေရာက္ရွိလာခဲ့တယ္လို႔ အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ပနားမားတူးေျမာင္းတစ္ဝိုက္မွာ အေမရိကန္တပ္ဖြဲ႕ေတြကို ျဖန႔္က်က္ခ်ထားခြင့္ျပဳမယ့္ အျပန္အလွန္သေဘာတူညီခ်က္ေၾကာင့္ ပနားမားႏိုင္ငံကို ဆႏၵျပပြဲေတြေပၚေပါက္လာခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလက လက္မွတ္ေရးထိုးခဲ့တဲ့သေဘာတူညီခ်က္အရ ပနားမားတူးေျမာင္းတစ္ေလွ်ာက္ အေမရိကန္ စစ္သားေတြကို ျဖန႔္က်က္ခ်ထားခြင့္ျပဳထားေပမယ့္လည္း အေျခစိုက္စခန္းေတြ တည္ေထာင္တာမ်ိဳးကိုေတာ့ ခြင့္ျပဳထားတာမ်ိဳးမရွိဘူးလို႔ ပနားမားအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္စစ္တပ္ဟာ ပနားမားလုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔အတူ သစ္ေတာစစ္ဆင္ေရးေတြမွာ ေလ့က်င့္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ စစ္ေရးေလ့က်င့္မႈေတြအတြက္ အေမရိကန္တပ္ဖြဲ႕ေတြ ဝင္ေရာက္ခြင့္ကို ပနားမားႏိုင္ငံက အတည္ျပဳသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပနားမားတူးေျမာင္းကို ျပန္လည္သိမ္းပိုက္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ လုံၿခဳံေရးသေဘာတူညီခ်က္ကို ပနားမားႏိုင္ငံက လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.