အိန္ဒိယဝန်ကြီးချုပ်က ကတ်ရှ်မီးယားပြည်နယ်မှာ မဟာဗျူဟာမြောက်မီးရထားလိုင်းတစ်ခုကို သွားရောက်ဖွင့်လှစ်

 195

Pika (NP News) - ဇွန် ၁ဝ

အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ပါကစ္စတန်နိုင်ငံနဲ့ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ကတ်ရှ်မီးယားပြည်နယ်ကို သွားရောက် လည်ပတ်ခဲ့ပြီး မဟာဗျူဟာမြောက်မီးရထားလိုင်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ နဲ့ ပါကစ္စတန်ကြား ပြိုင်ဆိုင်မှုဗဟိုချက်တစ်ခုဖြစ်တဲ့ မွတ်ဆလင်အများစုနေထိုင်ရာနယ်မြေအတွက် အမေရိကန်ဒေါ်လာဘီလျံချီ တန်ဖိုးရှိတဲ့ပရောဂျက်တွေကို မိုဒီက စတင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လတုန်းက အိန္ဒိယ နဲ့ ပါကစ္စတန်တို့ဟာ အငြင်းပွားကတ်ရှ်မီးယားပြည်နယ်မှာ တိုက်ခိုက်မှုတွေကို လေးရက်ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့မေလ(၁၀)ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်တုန်းက ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကို သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မိုဒီ က “ဒီနေ့ပွဲတော်ဟာ အိန္ဒိယရဲ့စည်းလုံးညီညွတ်မှုနဲ့ ခိုင်မာတဲ့ ဖြေရှင်းမှုတွေကိုပြသတဲ့ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ဒါက အိန္ဒိယနိုင်ငံတိုးတက်လာခြင်းရဲ့ သင်္ကေတနဲ့ ဂုဏ်ပြုမှုတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယဝန္ႀကီးခ်ဳပ္က ကတ္ရွ္မီးယားျပည္နယ္မွာ မဟာဗ်ဴဟာေျမာက္မီးရထားလိုင္းတစ္ခုကို သြားေရာက္ဖြင့္လွစ္
Pika (NP News) - ဇြန္ ၁ဝ
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ပါကစၥတန္ႏိုင္ငံနဲ႔ပဋိပကၡေတြျဖစ္ပြားခဲ့တဲ့ ကတ္ရွ္မီးယားျပည္နယ္ကို သြားေရာက္ လည္ပတ္ခဲ့ၿပီး မဟာဗ်ဴဟာေျမာက္မီးရထားလိုင္းကို ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယ နဲ႔ ပါကစၥတန္ၾကား ၿပိဳင္ဆိုင္မႈဗဟိုခ်က္တစ္ခုျဖစ္တဲ့ မြတ္ဆလင္အမ်ားစုေနထိုင္ရာနယ္ေျမအတြက္ အေမရိကန္ေဒၚလာဘီလ်ံခ်ီ တန္ဖိုးရွိတဲ့ပေရာဂ်က္ေတြကို မိုဒီက စတင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့လတုန္းက အိႏၵိယ နဲ႔ ပါကစၥတန္တို႔ဟာ အျငင္းပြားကတ္ရွ္မီးယားျပည္နယ္မွာ တိုက္ခိုက္မႈေတြကို ေလးရက္ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ ၿပီးခဲ့တဲ့ေမလ(၁၀)ရက္မွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလ(၂၂)ရက္တုန္းက ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကို ေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈ တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ပါကစၥတန္ၾကား တင္းမာမႈေတြျမင့္တက္လာခဲ့ၿပီး တိုက္ပြဲေတြ စတင္ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ မိုဒီ က “ဒီေန႔ပြဲေတာ္ဟာ အိႏၵိယရဲ႕စည္းလုံးညီၫြတ္မႈနဲ႔ ခိုင္မာတဲ့ ေျဖရွင္းမႈေတြကိုျပသတဲ့ ပြဲေတာ္တစ္ခုပဲျဖစ္ပါတယ္။ ဒါက အိႏၵိယႏိုင္ငံတိုးတက္လာျခင္းရဲ႕ သေကၤတနဲ႔ ဂုဏ္ျပဳမႈတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.