ဗိုလ်ချုပ်အောင်ဆန်းနှင့် ရခိုင်ခေါင်းဆောင်တို့ကြိုးပမ်းမှုကြောင့် “မောင်တောခရိုင်” အရှေ့ ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့် ပူးပေါင်းရေး ပျက်သွားရခြင်း

811

မောင်ကျော်ဖိုး(လေးထောင်) (NP News) - ဇွန် ၁ဝ
ကုလသမဂ္ဂ၏အဆိုပြုချက်အတိုင်း ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေး ရေးစင်္ကြံတစ်ခု တည်ဆောက်ဖို့ကို မူအားဖြင့် သဘောတူပါသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး Md Touhid-Hossain က (၂၆-၄-၂၀၂၅) နေ့က ပြောကြားသည်။
ကုလသမဂ္ဂလမ်းညွှန်မှု၊ OICအကူ အညီဖြင့် နယ်စပ်စင်္ကြံတစ်ခုကို မြန်မာအစိုးရကိုတောင် အသိမပေးဘဲ AA နှင့်လုပ်ဆောင်ရန် ပြင်ဆင်ကြသည်။ အစိုးရရှိလာခါမှာလည်း အစိုးရနှင့် ဆက်လက်လုပ်ဆောင်မည်ဟု လူလည်ကျသော ကြံဆောင်မှုဖြစ်ပါ၏။ ဒုတိယကမ္ဘာစစ်အချိန်က ပိုလန်စင်္ကြံကဲ့သို့ ထွက်ပြေးသူများ လွတ်လွတ် လပ်လပ်ပြေး၊ ဝင်လာသူများ လွတ်လွတ်လပ်လပ်ဝင်နိုင်ရန် မောင်တောခရိုင် နှင့် ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်တွင် စင်္ကြံလမ်းတစ်ခုလုပ်ဆောင်ဖို့ ကြံရွယ်ခြင်းဖြစ်သည်။ ဤလုပ်ရပ်ကို မည်သည့်နိုင်ငံ အစိုးရကမှ စွက်ဖတ် မရအောင် ကြံဆောင်ထားဦးမည်။
မောင်တောခရိုင်သည် မြေကြီးကမြန်မာ မြေကြီးဖြစ်သော်လည်း လူများကဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်နေကြခြင်းကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်။ စစ်ဦးစီးချုပ်ကြီး အမြော်အမြင်ရှိ၍ တားထားနိုင်သည်ဟု ဆိုရမည်။ လိုရင်းကိုပြောရလျှင် မောင်တောခရိုင် မွတ်စလင်ပြည်နယ်ထူထောင်ရေး (သို့) ဘင်္ဂလားဒေ့ရှ်နှင့်ပူးပေါင်းရေးကြံစည်မှုများပင်ဖြစ်သည်။ ဤကြံစည်မှုမျိုး ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်းပေါ်ပေါက်ခဲ့ပါ၍ ဗိုလ်ချုပ်ကိုယ်တိုင် ပါကစ္စတန်သို့သွားရောက်ကာ ဖြေရှင်းခဲ့ရသည်များ ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်မဖြစ်မီ ရခိုင်သို့ဝင်လာသော စစ်တကောင်းသား ဘင်္ဂါလီများမှာ စီးပွားရှာရန် ရည်ရွယ်ချက်တစ်ခုတည်းသာရှိခဲ့သည်။ ဧည့်သည်အဖြစ် ရိုးသားစွာလုပ်ကိုင်စားသောက်ခဲ့ကြသည်။ ဆူးအက် တူးမြောင်းဖွင့်ပြီးချိန်မှာ မောင်တောခရိုင်တွင် စစ်တကောင်းသား ဘင်္ဂါလီဦးရေ ဒီရေအလား တိုး ပွားလာခဲ့သည်။ ထိုသို့ လူဦးရေတိုးပွားလာခဲ့သော်လည်း မွတ်စလင်ပြည်နယ်ထူထောင်ရန် စိတ်ကူးမရှိကြသေး။ ကုလားရခိုင် အဓိကရုဏ်းကြောင့် ရခိုင်များ ထွက်ပြေးသွားသောအခါ မောင်တောခရိုင်ကို မွတ်စလင်ပြည်နယ် ထူထောင်ရန် စိတ်ကူးလာကြတော့လည်း ထိုစိတ်ကူးကို ဗြိတိသျှအရာရှိတို့က နှိုးဆွပေးခဲ့သည်။
စစ်တကောင်းသား(ဘင်္ဂါလီ)တို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ထံ သစ္စာရှိရှိ အမှုထမ်းခဲ့ကြ သည်။ ဤကြိုးပမ်းမှုအတွက် ၎င်းတို့ အပေါ် စစ်တကောင်းသား(ဘင်္ဂါလီ)တို့ အကူအညီမပါခဲ့လျှင် ဗြိတိသျှတို့မှာ မျက်မမြင်၊ နားမကြားသူနှင့် တူနေမည်။ သည်ကြိုးပမ်းမှုအတွက် ၎င်းတို့၏ ရှေ့ရေးကို ကျွန်ုပ်တို့ဖန်တီးနိုင်သည်။ ၎င်းတို့ဘဝ သာယာရေးအတွက် ရခိုင်ပြည်နယ်မှာ သင့်တော် သောပြည် နယ်တစ်ခုထူထောင်ပေးရန် ကျွနု်ပ်တို့ ကူညီလုပ်ဆောင်ပေးရမည်ဟု ရေးထားသည်။
သုတေသီ “မိရှေယေဝါ” ကလည်း ဘင်္ဂါလီ (မွတ်စလင်)တို့သည် ဗြိတိသျှကို လိုလားထောက်ခံသူများဖြစ် ကြသည်။ သူတို့သည် ရခိုင်ဘက်ကမ်း နယ်စပ်ဒေသ၌ ကင်းထောက်ခြင်း၊ သူလျှိုလုပ်ခြင်း နှင့် မြေအောက် လှုပ်ရှားခြင်းတို့ကို လုပ်ကြသည်။ ဗြိတိသျှတို့သည် မောင်တောခရိုင်၌ ၎င်းတို့ဩဇာညောင်းရန် ကြိုးပမ်းဖန်တီး ပေးသူ ဘင်္ဂါလီ(မွတ်စလင်အဖွဲ့၏ သစ္စာရှိမှုကို ထောက်ထား၍ မွတ်စလင်သီးခြား ပြည်နယ်ထူထောင် ခွင့်ပြုမည်ဟုမှတ်တမ်းတင်ထားသည်။
ဗြိတိသျှစစ်အရာရှိတို့ ဘင်္ဂါလီ(မွတ်စလင်)ပြည်နယ် ထူထောင်ပေးမည်ဆိုသော စကားသံသည် မောင်တောခရိုင်အတွင်း ပဋိပက္ခဖြစ်ပွားရေးအတွက် မီးမွှေးပေးခြင်းဖြစ်သည်။ လူဦးရေ အသာရမှုကလည်း ထိုမီးအတွက် မကုန်ခန်းနိုင်သော လောင်စာပင်ဖြစ်သည်။ မွတ်စလင်ပြည်နယ်ထူထောင်ရေးအတွက် ဘင်္ဂါလီ ပညာတတ်များ နှင့် မော်လဝီတို့က ဦးဆောင်ခဲ့ကြသည်။ ထိုအကြောင်းအရာကို ဆရာကြီးဦးမောင်ထင်က ဤသို့ မှတ်တမ်းတင်ခဲ့သည်။
စစ်ပြီးခေတ် စစ်တကောင်းသား(ဘင်္ဂါလီ)တို့သည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင် တန်းဒေသနှင့် ကုလားတန်မြစ်ဝှမ်းဒေသတို့ကို နယ်မြေသစ်အဖြစ် အခြေချနေထိုင်ရန် ကြံရွယ် ကြသည်။ ၎င်းတို့ကြံရွယ်ချက်ကို အစပျိုးပေးသူမှာ ရခိုင်တိုင်းတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော စစ်တ ကောင်းသား “ကာဆင်း” ဆိုသူဖြစ်သည်။ ၎င်းသည် စစ်တကောင်းသား (ဘင်္ဂါလီ) တစ်မျိုးသားလုံး အခြေစိုက်နေထိုင်ရန် ပြင်ဆင်ထားခဲ့သည်။ မြန်မာ အစိုးရက လူဝင်လူထွက်ကို အထူးသတိထား စောင့် ကြည့်လာသည့်အခါ စစ်တကောင်းသား (ဘင်္ဂါလီ)တို့ အလွယ်တကူ ဝင်ထွက်သွားလာမရတော့၍ ဒက္ကားမြို့ကနေပြီး မြန်မာအစိုးရကိုဆန့်ကျင်သည့် သတင်းများ သတင်းစာများ၌ လှုံ့ဆော်ဝါဒ ဖြန့်ခဲ့ကြ သည်။ မူဂျာဟစ်လှုပ်ရှားမှုများ တဖြည်းဖြည်း ကြီးထွားလာကာ “ကာဆင်း” လည်း နာမည်ကြီးလာ လေသည်။
စာရေးဆရာမောင်ထင် (ဦးထင်ဖတ်)သည် လွတ်လပ်ရေးရခါစတွင် ရခိုင်တိုင်း (ပြည်နယ်) မင်းကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ စစ်တကောင်း သား(ဘင်္ဂါလီ)တို့၏ မတရားအချောင်ရလိုသည့် လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်နိုင်၍ ယင်းတို့၏ နယ်မြေချဲ့တွင်ရေးကြံစည်မှုများကို ကောင်းစွာသိရှိကာ အစိုးရအဖွဲ့သို့ အသေးစိတ် အစီရင်ခံနိုင်ခဲ့သည်။ ဖဆပလအစိုးရသည် ကုလားရခိုင် အဓိကရုဏ်းကြောင့် ပျက်စီးခဲ့သော ဒေသခံကျေးရွာများကို ပြန်လည်ထူထောင်ပေးခဲ့ကြသည်။ ထိုတာဝန်များကို ဦးစံထွန်းအောင်နှင့် ရခိုင်ခေါင်းဆောင်များက ထမ်းဆောင်ခဲ့ကြသည်။ ဗြိတိသျှ ခေတ် တွင် အရာရှိ ဖြစ်ခဲ့သော စစ်တကောင်းသား(ဘင်္ဂါလီ)တို့နေရာတွင် ရခိုင်အရာရှိများကို ခန့်ထားပေးခဲ့ သည်။ ရခိုင်အရာရှိ တို့ကို မိမိတို့ရွာသို့ပြန်လာသော ဒေသခံရခိုင်တို့အား ယင်းတို့ပိုင်ခဲ့သော နယ်မြေများကို ဘင်္ဂါလီ (မွတ်စလင်)တို့ထံမှ ပြန်သိမ်းယူပြီး ဒေသခံများသို့ ပြန်လည်ပေးခဲ့ကြသည်။ ထိုကိစ္စကို ဘင်္ဂါလီ (မွတ်စလင်)တို့ မကျေနပ်ကြသည်အထိ အတင့်ရဲလာခဲ့သည်။ ဗြိတိသျှတို့ ကတိပေး ခဲ့ဖူးသော မွတ်စလင် ပြည်နယ် ထူထောင်ခွင့်ရရေးကို ပို၍သတိရလာဟန်တူ သည်။ ပထမတွင် ဖဆပလ အစိုးရကို အကြမ်းမဖက် သည့်နည်းဖြင့် ဆန့်ကျင်ကြသည်။ မိမိပိုင်လယ်မြေကို လုပ်ဆောင်ရန်လာကြ သော ဒေသခံရခိုင်များကို နည်းမျိုးစုံသုံး၍ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့ကြသည်။ မျက်မှောက်ကာလမှာ လည်း ထိုအပြုအမူများ ဆက် လက်ရှိနေသေးသည်။ အစိုးရအဆက်ဆက်နှင့် ပြည်သူများက ထိုကိစ္စကို ထိရောက်စွာ မဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် နယ်စပ်ဒေသတွင် ရခိုင်ရွာများ ပျောက်ဆုံးသွား ရပြီး ဘင်္ဂါလီ (မွတ်စလင်)ရွာများသာ ကြီးစိုးသွားရခြင်းမှာ မောင်တောခရိုင်၏ အချုပ် အခြာအာဏာ ကျဆင်း သွားရသည်မည်ပေ၏။
ဘူးသီးတောင်ပါလီမန်အမတ်ဟောင်း “အဘူခိုက်”က “ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက် ပြီး နောက်မှာ မောင်တောခရိုင်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော မွတ်စလင်ပြည်နယ် ပြန်လည်ထူထောင် ပေးမည်ဟု ပြောဖူးသည်။ ထိုအဆိုအစွဲရှိခြင်း၊ ကုလားရခိုင် အဓိကရုဏ်း ဖြစ်ဖူးခြင်းများကြောင့် မွတ်စ လင်ပြည်နယ် ထူထောင်ရေးဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဦးစံထွန်းအောင်မှတ်တမ်းအရ သိရသည်။
စစ်တကောင်းသားများ မွတ်စလင်ပြည်နယ် ထူထောင်ထောင်ရန်လှုပ်ရှားချိန် အိန္ဒိယမွတ်စလင် များလည်း မွတ်စလင်သီးခြားနယ်ထူထောင်ရေး (ပါကစ္စတန်နိုင်ငံ) ထူထောင်ရေးကို ဗြိတိသျှအစိုးရထံ တင်ပြကြသည်။ ဗြိတိသျှအစိုးရကိုယ်စား မောင့် ဘက်တန် (Mountbatten) က အိန္ဒိယတိုက်ငယ်၏ ဆိန်း (sind) ဒေသ၊ ပန်ဂျပ် (Punjat)နယ်အချို့နှင့် ဘင်္ဂလား (Bangla)နယ် အချို့အစိတ်အပိုင်းများကို ပါကစ္စတန်နိုင်ငံအဖြစ်သတ်မှတ်ပြီး ကျန်အပိုင်းများကို အိန္ဒိယနိုင်ငံအဖြစ် သတ်မှတ်ပေးလိုက်သည်။ ပါကစ္စတန်နိုင်ငံကို မစ္စတာဂျင်နာ (Jinnah) အား ခေါင်းဆောင်အဖြစ်သတ်မှတ်ပေး၍ အိန္ဒိယကို မဟတ္တ မဂန္ဒီနှင့် ဝန်ကြီးချုပ်ပဏ္ဍိတ်နေရူးတို့ကို ခေါင်းဆောင်စေသည်။
ပါကစ္စတန်ထူထောင်ရေးလှုပ်ရှားမှုသည် မောင်တောခရိုင်ရှိ ဘင်္ဂါလီများကို ဂယက်ရိုက်ခတ်ခဲ့ သည်။ ကုလားရခိုင် အဓိကရုဏ်းဖြစ်ခြင်း၊ ဘင်္ဂါလီ(မွတ်စလင်)လူဦးရေအရ အသာစီးရရှိနေခြင်း အကြောင်းများကြောင့် မောင်တောခရိုင်ကို မြန်မာ နိုင်ငံမှ ခွဲထုတ်ပြီး ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) နှင့် ပူးပေါင်းရေးကို ဦးတည်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုကို မောင်တောခရိုင်မှ မွတ်စလင်ပညာတတ်တို့က လျှို့ ဝှက်လှုပ်ရှားနေကြသည်။ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်)မှ ဘင်္ဂါလီမွတ်စလင်များနှင့် အဆက် အသွယ်လုပ်ကြသည်။ ထိုအခြေအနေကို ရခိုင်ခေါင်းဆောင် များသိရှိကြ၍ ဗိုလ်ချုပ်အောင်ဆန်းထံ အချိန်မီ တင်ပြနိုင်ခဲ့ကြသည်။ ထိုအကြောင်းကို ရခိုင်တိုင်း ဖဆပလအဖွဲ့ ဥက္ကဋ္ဌ ဦးပညာသီဟ၏တပည့် မင်းပြားမြို့နယ် ဖဆပလအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လှဦးက ၎င်း၏ ကိုယ်တွေ့ နိုင်ငံရေးမှတ်တမ်းတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည်ကို မြန်မာပြန်၍ တင်ပြလိုက်ရသည်။
မစ္စတာလီစ်(Less)မှာ စစ်တွေအရေးပိုင် မင်းဖြစ်၍ တိုင်းမင်းကြီးလည်းဖြစ်သည်။ သူသည် ကြာအင်း တောင်ရွာကို မီးရှို့ရန် သဘောတူထားပြီး အခြားကျေးရွာသုံးရွာကိုလည်း မီးရှို့ရန် အမိန့်ထုတ်ထားပါသည်။ ကျွန်ုပ်နှင့် ဦးလှမောင်တို့သည် ဗိုလ်မှူးကြီးရွှေဇံ၏ ဂျစ်ကားကိုငှားပြီး မစ္စတာလီစ်ကို တွေ့ရန်သွားကြသည်။ ရွာများ ကို မီးရှို့မည့်အမိန့် ရပ်တန့်ထားရေး အမိန့်စာကို ကျွနု်ပ်တို့ရလာကြသည်။ ထိုစဉ် လူမှုဝန်ထမ်းဌာနဝန်ကြီး ဦးအောင်ဇံဝေတို့ မိသားစုရောက်ရှိလာခိုက်နှင့်ကြုံ၍ ကျွန်ုပ်နှင့် ဦးလှမောင်တို့က ၎င်းမိသားစုနှင့်အတူ မောင်တောသို့ လိုက်ပါသွားကြသည်။ မှန်ကန်တိကျသည့်ဖြစ်စဉ် အချက်အလက်များကို လျှို့ဝှက်စုဆောင်းကြ သည်။ မောင်တောမှ ဘင်္ဂါလီတို့သည် ပါကစ္စတန်(ဘင်္ဂလား ဒေ့ရှ်)က ဘင်္ဂါလီတို့နှင့် အဆက်အသွယ်လုပ်နေ သည်။ မောင်တောခရိုင်ကို ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်) နိုင်ငံနှင့်ပူးပေါင်းရန်အတွက်ဖြစ်သည်။ ဦးလှမောင် ရန်ကုန်သို့ပြန်သွားပြီး ရခိုင်နှင့်ပတ်သက်သော ကိစ္စ ရပ်များကို ဗိုလ်ချုပ်အောင်ဆန်းထံ တင်ပြလိုက်သည်။ ဗိုလ်ချုပ်မှာ ဗြိတိန်ဝန်ကြီးအက်တလီ၏ ဖိတ် ကြားချက်အရ လွတ်လပ်ရေးကိစ္စအတွက် လန် ဒန်သို့ သွားရမည့်ဆဲဆဲဖြစ်လေရာ ထိုခရီးစဉ်အတွင်း ကရာချီသို့ဝင်ပြီး မစ္စတာဂျင်နားနှင်တွေ့ကာ မောင် တောခရိုင်ကိစ္စကိုတင်ပြလေသည်။ ပွင့်လင်းဖြောင့် မတ်သော မစ္စတာဂျင်နာက မြန်မာပိုင်နက်တစ် လက်မကိုမျှ ပါကစ္စတန်ကယူမည်မဟုတ်ဟု ပြန် ကြားသည့် စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ပါကစ္စ တန်(ဘင်္ဂလားဒေ့ရှ်)သည် အိမ်နီးချင်း မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ်ရှိနေမည်ဟု ကြေညာခဲ့လေ သည်။ သုတေသီ “မိုရှေယေဂါ” က ဘင်္ဂါလီမွတ်စလင်တို့ မောင်တောခရိုင်ကို မြန်မာမှခွဲထုတ်ရန် မျှော်မှန်းထား ကြသည်။ နတ်မြစ်နှင့် ကုလားတန်မြစ်အကြားတွင် လွတ်လပ်သော ဘင်္ဂါလီမွတ်စလင်ပြည်နယ်ထူထောင်ရန် (သို့) ပါကစ္စတန် နှင့်ပူးပေါင်းရန် ကြံစည်ကြ သည်။ ထိုကြံစည်မှုကို (၁၉၄၆)ခု မေလတွင် မစ္စတာ ဂျာနာအား အသေးစိတ် ရှင်းလင်းတင်ပြဖူးကြသည်။ ပါကစ္စတန်နှင့် ပူးပေါင်းရေးအတွက် ၎င်း၏အကူအညီကို တောင်းခံခဲ့ကြ သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အဖွဲ့ချုပ်ကို ဖွဲ့စည်း၍ ပါကစ္စတန် နှင့်ပူးပေါင်းရေးကို တောင်းဆိုကြသည်။ ထိုတောင်း ဆိုမှုကို စစ်တကောင်းမွတ်စလင်တို့က ထောက်ခံကြသည်။ မစ္စတာ ဂျင်နာကိုယ်တိုင်က ထိုအကြံကို မထောက်ခံကြောင်း ဗိုလ်ချုပ်အောင်ဆန်းထံ သတိ ပေးလိုက်လေသည်။
သုတေသီ ခင်ကြီးပျော်ကလည်း ဤသို့ရေးထားပြန်သည်။ (၁၉၄၂)ခုနှစ် အတွင်း “ဂျာမီယာတူ အူမာလာ” အသင်းဝင်တို့သည် မောင်တောခရိုင်တွင် ဘင်္ဂလားမွတ်စလင်ဦးရေ များလာသည့်အတွက် ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ထဲသို့ ထည့်သွင်းပေးရန် ဗြိတိသျှအစိုးရထံ အသနားခံရန် ကြိုးစားကြသေး သည်။ ကြိုးစားပုံမှာ ဇော်ဟိရ်တိန်း (BA)၊ အုမ္မော်မျာ၊ အဘူဘော်ရှော(BA)၊ ဒူခါလိပ် (မော်လဗီ)၊ နူရာ မောက်(ကုန်သည်)၊ ဟာလီအူလာနှင့် “ဂျမီယာတူအူ မာလာ” အသင်း၏ အကျိုးဆောင်တို့ကို အရှေ့ ပါကစ္စတန်သို့ စေလွှတ်၍ အရှေ့ ပါကစ္စတန်ခေါင်းဆောင် တို့နှင့် ဆွေးနွေးကြသည်။ ထိုအကြောင်းကို စစ်တ ကောင်းနယ်ထုတ် “အော်မြိတ္တဗဇာ”သတင်းစာတွင် ဖော်ပြ၍ သိရှိကြရသည်။
ဦးပညာသီဟနှင့် ရခိုင်ခေါင်းဆောင်တို့ သတိရှိမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင် ကြီးမားမှု၊ ပါကစ္စတန်ခေါင်းဆောင် မစ္စတာဂျင်နာ၏ ရိုးသားပွင့်လင်းမှု၊ သဘောထားပြည့်ဝမှုတို့ကြောင့် စစ်တကောင်းသား ဘင်္ဂါလီမွတ်စလင်တို့၏ မောင်တော ခရိုင်ကို မွတ်စလင်ပြည်နယ်ထူထောင်ရေးနှင့် အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)နှင့် ပူးပေါင်းရေးအကြံ အထမမြောက်ခဲ့ပါ။ သို့သော် ၎င်းတို့၏ နယ်ချဲ့ ထွင်ရေးမှာ ဖွဲမီးပမာ တငွေ့ငွေ့လောင်ကျွမ်းနေဆဲသာဖြစ်သည်။
OIC နှင့် ကုလသမဂ္ဂတို့ ပံ့ပိုးမှုကြောင့် ထိုမီးမှာ ကြီးထွားလာသည်ထက်ကြီးထွားကာ အလွန် စိုးရိမ်ရသည့်အနေအထားသို့ ဆိုက်ရောက် လို့နေပြီဖြစ်သည့် အမေရိကန်အောက်လွှတ်တော် အမတ် မစ္စတာရှာမန်းက မောင်တောခရိုင်ကို ဘင်္ဂလားဒေ့ရှ်ထဲထည့်လိုက်ဟု အသားလွတ် ပြောကြားခဲ့ခြင်း မဟုတ်။ မြေကြီးက မြန်မာပိုင်ဖြစ် သော်လည်း နေထိုင်သူလူများက ဘင်္ဂလားဒေ့ရှ် လူမျိုးဖြစ်နေသည့် ဖြစ်စဉ်ကို သိရှိ၍သာ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဤအန္တရာယ်ကို မည်သို့ကာကွယ်မည်နည်း။ တစ်ချီတည်းဖြင့် အပိုင်ခုတ်မည့်သဘောကို ကြိုတင်ကာကွယ်ခြင်းနည်းကသာ အထိရောက်ဆုံးဟု ထင်မြင်ပါသည်။

Zawgyi Version;
ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရခိုင္ေခါင္းေဆာင္တို႔ႀကိဳးပမ္းမႈေၾကာင့္ “ေမာင္ေတာခ႐ိုင္” အေရွ႕ ပါကစၥတန္ (ဘဂၤလားေဒ့ရွ္) ႏွင့္ ပူးေပါင္းေရး ပ်က္သြားရျခင္း
ေမာင္ေက်ာ္ဖိုး(ေလးေထာင္) (NP News) - ဇြန္ ၁ဝ
ကုလသမဂၢ၏အဆိုျပဳခ်က္အတိုင္း ရခိုင္ျပည္နယ္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပး ေရးစႀကႍတစ္ခု တည္ေဆာက္ဖို႔ကို မူအားျဖင့္ သေဘာတူပါသည္ဟု ဘဂၤလားေဒ့ရွ္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကံေပး Md Touhid-Hossain က (၂၆-၄-၂၀၂၅) ေန႔က ေျပာၾကားသည္။
ကုလသမဂၢလမ္းၫႊန္မႈ၊ OICအကူ အညီျဖင့္ နယ္စပ္စႀကႍတစ္ခုကို ျမန္မာအစိုးရကိုေတာင္ အသိမေပးဘဲ AA ႏွင့္လုပ္ေဆာင္ရန္ ျပင္ဆင္ၾကသည္။ အစိုးရရွိလာခါမွာလည္း အစိုးရႏွင့္ ဆက္လက္လုပ္ေဆာင္မည္ဟု လူလည္က်ေသာ ႀကံေဆာင္မႈျဖစ္ပါ၏။ ဒုတိယကမာၻစစ္အခ်ိန္က ပိုလန္စႀကႍကဲ့သို႔ ထြက္ေျပးသူမ်ား လြတ္လြတ္ လပ္လပ္ေျပး၊ ဝင္လာသူမ်ား လြတ္လြတ္လပ္လပ္ဝင္ႏိုင္ရန္ ေမာင္ေတာခ႐ိုင္ ႏွင့္ ဘဂၤလားေဒ့ရွ္ၾကား နယ္စပ္တြင္ စႀကႍလမ္းတစ္ခုလုပ္ေဆာင္ဖို႔ ႀကံ႐ြယ္ျခင္းျဖစ္သည္။ ဤလုပ္ရပ္ကို မည္သည့္ႏိုင္ငံ အစိုးရကမွ စြက္ဖတ္ မရေအာင္ ႀကံေဆာင္ထားဦးမည္။
ေမာင္ေတာခ႐ိုင္သည္ ေျမႀကီးကျမန္မာ ေျမႀကီးျဖစ္ေသာ္လည္း လူမ်ားကဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ား ျဖစ္ေနၾကျခင္းေၾကာင့္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံက ေျပာင္ေျပာင္တင္းတင္း ဝင္ေရာက္စြက္ဖက္ေနျခင္းျဖစ္သည္။ စစ္ဦးစီးခ်ဳပ္ႀကီး အေျမာ္အျမင္ရွိ၍ တားထားႏိုင္သည္ဟု ဆိုရမည္။ လိုရင္းကိုေျပာရလွ်င္ ေမာင္ေတာခ႐ိုင္ မြတ္စလင္ျပည္နယ္ထူေထာင္ေရး (သို႔) ဘဂၤလားေဒ့ရွ္ႏွင့္ပူးေပါင္းေရးႀကံစည္မႈမ်ားပင္ျဖစ္သည္။ ဤႀကံစည္မႈမ်ိဳး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလက္ထက္ကလည္းေပၚေပါက္ခဲ့ပါ၍ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ ပါကစၥတန္သို႔သြားေရာက္ကာ ေျဖရွင္းခဲ့ရသည္မ်ား ရွိခဲ့သည္။
ဒုတိယကမာၻစစ္မျဖစ္မီ ရခိုင္သို႔ဝင္လာေသာ စစ္တေကာင္းသား ဘဂၤါလီမ်ားမွာ စီးပြားရွာရန္ ရည္႐ြယ္ခ်က္တစ္ခုတည္းသာရွိခဲ့သည္။ ဧည့္သည္အျဖစ္ ႐ိုးသားစြာလုပ္ကိုင္စားေသာက္ခဲ့ၾကသည္။ ဆူးအက္ တူးေျမာင္းဖြင့္ၿပီးခ်ိန္မွာ ေမာင္ေတာခ႐ိုင္တြင္ စစ္တေကာင္းသား ဘဂၤါလီဦးေရ ဒီေရအလား တိုး ပြားလာခဲ့သည္။ ထိုသို႔ လူဦးေရတိုးပြားလာခဲ့ေသာ္လည္း မြတ္စလင္ျပည္နယ္ထူေထာင္ရန္ စိတ္ကူးမရွိၾကေသး။ ကုလားရခိုင္ အဓိက႐ုဏ္းေၾကာင့္ ရခိုင္မ်ား ထြက္ေျပးသြားေသာအခါ ေမာင္ေတာခ႐ိုင္ကို မြတ္စလင္ျပည္နယ္ ထူေထာင္ရန္ စိတ္ကူးလာၾကေတာ့လည္း ထိုစိတ္ကူးကို ၿဗိတိသွ်အရာရွိတို႔က ႏႈိးဆြေပးခဲ့သည္။
စစ္တေကာင္းသား(ဘဂၤါလီ)တို႔သည္ ဒုတိယကမာၻစစ္အတြင္း ၿဗိတိသွ်တို႔ထံ သစၥာရွိရွိ အမႈထမ္းခဲ့ၾက သည္။ ဤႀကိဳးပမ္းမႈအတြက္ ၎တို႔ အေပၚ စစ္တေကာင္းသား(ဘဂၤါလီ)တို႔ အကူအညီမပါခဲ့လွ်င္ ၿဗိတိသွ်တို႔မွာ မ်က္မျမင္၊ နားမၾကားသူႏွင့္ တူေနမည္။ သည္ႀကိဳးပမ္းမႈအတြက္ ၎တို႔၏ ေရွ႕ေရးကို ကြၽႏ္ုပ္တို႔ဖန္တီးႏိုင္သည္။ ၎တို႔ဘဝ သာယာေရးအတြက္ ရခိုင္ျပည္နယ္မွာ သင့္ေတာ္ ေသာျပည္ နယ္တစ္ခုထူေထာင္ေပးရန္ ကြၽႏု္ပ္တို႔ ကူညီလုပ္ေဆာင္ေပးရမည္ဟု ေရးထားသည္။
သုေတသီ “မိေရွေယဝါ” ကလည္း ဘဂၤါလီ (မြတ္စလင္)တို႔သည္ ၿဗိတိသွ်ကို လိုလားေထာက္ခံသူမ်ားျဖစ္ ၾကသည္။ သူတို႔သည္ ရခိုင္ဘက္ကမ္း နယ္စပ္ေဒသ၌ ကင္းေထာက္ျခင္း၊ သူလွ်ိဳလုပ္ျခင္း ႏွင့္ ေျမေအာက္ လႈပ္ရွားျခင္းတို႔ကို လုပ္ၾကသည္။ ၿဗိတိသွ်တို႔သည္ ေမာင္ေတာခ႐ိုင္၌ ၎တို႔ဩဇာေညာင္းရန္ ႀကိဳးပမ္းဖန္တီး ေပးသူ ဘဂၤါလီ(မြတ္စလင္အဖြဲ႕၏ သစၥာရွိမႈကို ေထာက္ထား၍ မြတ္စလင္သီးျခား ျပည္နယ္ထူေထာင္ ခြင့္ျပဳမည္ဟုမွတ္တမ္းတင္ထားသည္။
ၿဗိတိသွ်စစ္အရာရွိတို႔ ဘဂၤါလီ(မြတ္စလင္)ျပည္နယ္ ထူေထာင္ေပးမည္ဆိုေသာ စကားသံသည္ ေမာင္ေတာခ႐ိုင္အတြင္း ပဋိပကၡျဖစ္ပြားေရးအတြက္ မီးေမႊးေပးျခင္းျဖစ္သည္။ လူဦးေရ အသာရမႈကလည္း ထိုမီးအတြက္ မကုန္ခန္းႏိုင္ေသာ ေလာင္စာပင္ျဖစ္သည္။ မြတ္စလင္ျပည္နယ္ထူေထာင္ေရးအတြက္ ဘဂၤါလီ ပညာတတ္မ်ား ႏွင့္ ေမာ္လဝီတို႔က ဦးေဆာင္ခဲ့ၾကသည္။ ထိုအေၾကာင္းအရာကို ဆရာႀကီးဦးေမာင္ထင္က ဤသို႔ မွတ္တမ္းတင္ခဲ့သည္။
စစ္ၿပီးေခတ္ စစ္တေကာင္းသား(ဘဂၤါလီ)တို႔သည္ နတ္ျမစ္တစ္ဖက္ကမ္းရွိ မယူေတာင္ တန္းေဒသႏွင့္ ကုလားတန္ျမစ္ဝွမ္းေဒသတို႔ကို နယ္ေျမသစ္အျဖစ္ အေျခခ်ေနထိုင္ရန္ ႀကံ႐ြယ္ ၾကသည္။ ၎တို႔ႀကံ႐ြယ္ခ်က္ကို အစပ်ိဳးေပးသူမွာ ရခိုင္တိုင္းတြင္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ေသာ စစ္တ ေကာင္းသား “ကာဆင္း” ဆိုသူျဖစ္သည္။ ၎သည္ စစ္တေကာင္းသား (ဘဂၤါလီ) တစ္မ်ိဳးသားလုံး အေျခစိုက္ေနထိုင္ရန္ ျပင္ဆင္ထားခဲ့သည္။ ျမန္မာ အစိုးရက လူဝင္လူထြက္ကို အထူးသတိထား ေစာင့္ ၾကည့္လာသည့္အခါ စစ္တေကာင္းသား (ဘဂၤါလီ)တို႔ အလြယ္တကူ ဝင္ထြက္သြားလာမရေတာ့၍ ဒကၠားၿမိဳ႕ကေနၿပီး ျမန္မာအစိုးရကိုဆန႔္က်င္သည့္ သတင္းမ်ား သတင္းစာမ်ား၌ လႈံ႕ေဆာ္ဝါဒ ျဖန႔္ခဲ့ၾက သည္။ မူဂ်ာဟစ္လႈပ္ရွားမႈမ်ား တျဖည္းျဖည္း ႀကီးထြားလာကာ “ကာဆင္း” လည္း နာမည္ႀကီးလာ ေလသည္။
စာေရးဆရာေမာင္ထင္ (ဦးထင္ဖတ္)သည္ လြတ္လပ္ေရးရခါစတြင္ ရခိုင္တိုင္း (ျပည္နယ္) မင္းႀကီးတာဝန္ကို ထမ္းေဆာင္ခဲ့သည္။ စစ္တေကာင္း သား(ဘဂၤါလီ)တို႔၏ မတရားအေခ်ာင္ရလိုသည့္ လႈပ္ရွားမႈမ်ားကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ႏိုင္၍ ယင္းတို႔၏ နယ္ေျမခ်ဲ႕တြင္ေရးႀကံစည္မႈမ်ားကို ေကာင္းစြာသိရွိကာ အစိုးရအဖြဲ႕သို႔ အေသးစိတ္ အစီရင္ခံႏိုင္ခဲ့သည္။ ဖဆပလအစိုးရသည္ ကုလားရခိုင္ အဓိက႐ုဏ္းေၾကာင့္ ပ်က္စီးခဲ့ေသာ ေဒသခံေက်း႐ြာမ်ားကို ျပန္လည္ထူေထာင္ေပးခဲ့ၾကသည္။ ထိုတာဝန္မ်ားကို ဦးစံထြန္းေအာင္ႏွင့္ ရခိုင္ေခါင္းေဆာင္မ်ားက ထမ္းေဆာင္ခဲ့ၾကသည္။ ၿဗိတိသွ် ေခတ္ တြင္ အရာရွိ ျဖစ္ခဲ့ေသာ စစ္တေကာင္းသား(ဘဂၤါလီ)တို႔ေနရာတြင္ ရခိုင္အရာရွိမ်ားကို ခန႔္ထားေပးခဲ့ သည္။ ရခိုင္အရာရွိ တို႔ကို မိမိတို႔႐ြာသို႔ျပန္လာေသာ ေဒသခံရခိုင္တို႔အား ယင္းတို႔ပိုင္ခဲ့ေသာ နယ္ေျမမ်ားကို ဘဂၤါလီ (မြတ္စလင္)တို႔ထံမွ ျပန္သိမ္းယူၿပီး ေဒသခံမ်ားသို႔ ျပန္လည္ေပးခဲ့ၾကသည္။ ထိုကိစၥကို ဘဂၤါလီ (မြတ္စလင္)တို႔ မေက်နပ္ၾကသည္အထိ အတင့္ရဲလာခဲ့သည္။ ၿဗိတိသွ်တို႔ ကတိေပး ခဲ့ဖူးေသာ မြတ္စလင္ ျပည္နယ္ ထူေထာင္ခြင့္ရေရးကို ပို၍သတိရလာဟန္တူ သည္။ ပထမတြင္ ဖဆပလ အစိုးရကို အၾကမ္းမဖက္ သည့္နည္းျဖင့္ ဆန႔္က်င္ၾကသည္။ မိမိပိုင္လယ္ေျမကို လုပ္ေဆာင္ရန္လာၾက ေသာ ေဒသခံရခိုင္မ်ားကို နည္းမ်ိဳးစုံသုံး၍ ႏိုင္ထက္စီးနင္း ျပဳလုပ္ခဲ့ၾကသည္။ မ်က္ေမွာက္ကာလမွာ လည္း ထိုအျပဳအမူမ်ား ဆက္ လက္ရွိေနေသးသည္။ အစိုးရအဆက္ဆက္ႏွင့္ ျပည္သူမ်ားက ထိုကိစၥကို ထိေရာက္စြာ မေဆာင္ ႐ြက္ႏိုင္ခဲ့ျခင္းေၾကာင့္ နယ္စပ္ေဒသတြင္ ရခိုင္႐ြာမ်ား ေပ်ာက္ဆုံးသြား ရၿပီး ဘဂၤါလီ (မြတ္စလင္)႐ြာမ်ားသာ ႀကီးစိုးသြားရျခင္းမွာ ေမာင္ေတာခ႐ိုင္၏ အခ်ဳပ္ အျခာအာဏာ က်ဆင္း သြားရသည္မည္ေပ၏။
ဘူးသီးေတာင္ပါလီမန္အမတ္ေဟာင္း “အဘူခိုက္”က “ၿဗိတိသွ်တို႔ ျမန္မာႏိုင္ငံကို သိမ္းပိုက္ ၿပီး ေနာက္မွာ ေမာင္ေတာခ႐ိုင္ကို ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေသာ မြတ္စလင္ျပည္နယ္ ျပန္လည္ထူေထာင္ ေပးမည္ဟု ေျပာဖူးသည္။ ထိုအဆိုအစြဲရွိျခင္း၊ ကုလားရခိုင္ အဓိက႐ုဏ္း ျဖစ္ဖူးျခင္းမ်ားေၾကာင့္ မြတ္စ လင္ျပည္နယ္ ထူေထာင္ေရးျဖစ္ေပၚလာရျခင္း ျဖစ္ေၾကာင္း ဦးစံထြန္းေအာင္မွတ္တမ္းအရ သိရသည္။
စစ္တေကာင္းသားမ်ား မြတ္စလင္ျပည္နယ္ ထူေထာင္ေထာင္ရန္လႈပ္ရွားခ်ိန္ အိႏၵိယမြတ္စလင္ မ်ားလည္း မြတ္စလင္သီးျခားနယ္ထူေထာင္ေရး (ပါကစၥတန္ႏိုင္ငံ) ထူေထာင္ေရးကို ၿဗိတိသွ်အစိုးရထံ တင္ျပၾကသည္။ ၿဗိတိသွ်အစိုးရကိုယ္စား ေမာင့္ ဘက္တန္ (Mountbatten) က အိႏၵိယတိုက္ငယ္၏ ဆိန္း (sind) ေဒသ၊ ပန္ဂ်ပ္ (Punjat)နယ္အခ်ိဳ႕ႏွင့္ ဘဂၤလား (Bangla)နယ္ အခ်ိဳ႕အစိတ္အပိုင္းမ်ားကို ပါကစၥတန္ႏိုင္ငံအျဖစ္သတ္မွတ္ၿပီး က်န္အပိုင္းမ်ားကို အိႏၵိယႏိုင္ငံအျဖစ္ သတ္မွတ္ေပးလိုက္သည္။ ပါကစၥတန္ႏိုင္ငံကို မစၥတာဂ်င္နာ (Jinnah) အား ေခါင္းေဆာင္အျဖစ္သတ္မွတ္ေပး၍ အိႏၵိယကို မဟတၱ မဂႏၵီႏွင့္ ဝန္ႀကီးခ်ဳပ္ပ႑ိတ္ေန႐ူးတို႔ကို ေခါင္းေဆာင္ေစသည္။
ပါကစၥတန္ထူေထာင္ေရးလႈပ္ရွားမႈသည္ ေမာင္ေတာခ႐ိုင္ရွိ ဘဂၤါလီမ်ားကို ဂယက္႐ိုက္ခတ္ခဲ့ သည္။ ကုလားရခိုင္ အဓိက႐ုဏ္းျဖစ္ျခင္း၊ ဘဂၤါလီ(မြတ္စလင္)လူဦးေရအရ အသာစီးရရွိေနျခင္း အေၾကာင္းမ်ားေၾကာင့္ ေမာင္ေတာခ႐ိုင္ကို ျမန္မာ ႏိုင္ငံမွ ခြဲထုတ္ၿပီး ပါကစၥတန္ (ဘဂၤလားေဒ့ရွ္) ႏွင့္ ပူးေပါင္းေရးကို ဦးတည္ခဲ့ၾကသည္။ ထိုလႈပ္ရွားမႈကို ေမာင္ေတာခ႐ိုင္မွ မြတ္စလင္ပညာတတ္တို႔က လွ်ိဳ႕ ဝွက္လႈပ္ရွားေနၾကသည္။ အေရွ႕ပါကစၥတန္ (ဘဂၤလားေဒ့ရွ္)မွ ဘဂၤါလီမြတ္စလင္မ်ားႏွင့္ အဆက္ အသြယ္လုပ္ၾကသည္။ ထိုအေျခအေနကို ရခိုင္ေခါင္းေဆာင္ မ်ားသိရွိၾက၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းထံ အခ်ိန္မီ တင္ျပႏိုင္ခဲ့ၾကသည္။ ထိုအေၾကာင္းကို ရခိုင္တိုင္း ဖဆပလအဖြဲ႕ ဥကၠ႒ ဦးပညာသီဟ၏တပည့္ မင္းျပားၿမိဳ႕နယ္ ဖဆပလအဖြဲ႕ဥကၠ႒ ဦးေက်ာ္လွဦးက ၎၏ ကိုယ္ေတြ႕ ႏိုင္ငံေရးမွတ္တမ္းတြင္ အဂၤလိပ္ ဘာသာျဖင့္ ေရးသားထားသည္ကို ျမန္မာျပန္၍ တင္ျပလိုက္ရသည္။
မစၥတာလီစ္(Less)မွာ စစ္ေတြအေရးပိုင္ မင္းျဖစ္၍ တိုင္းမင္းႀကီးလည္းျဖစ္သည္။ သူသည္ ၾကာအင္း ေတာင္႐ြာကို မီးရႈိ႕ရန္ သေဘာတူထားၿပီး အျခားေက်း႐ြာသုံး႐ြာကိုလည္း မီးရႈိ႕ရန္ အမိန႔္ထုတ္ထားပါသည္။ ကြၽႏ္ုပ္ႏွင့္ ဦးလွေမာင္တို႔သည္ ဗိုလ္မႉးႀကီးေ႐ႊဇံ၏ ဂ်စ္ကားကိုငွားၿပီး မစၥတာလီစ္ကို ေတြ႕ရန္သြားၾကသည္။ ႐ြာမ်ား ကို မီးရႈိ႕မည့္အမိန႔္ ရပ္တန႔္ထားေရး အမိန႔္စာကို ကြၽႏု္ပ္တို႔ရလာၾကသည္။ ထိုစဥ္ လူမႈဝန္ထမ္းဌာနဝန္ႀကီး ဦးေအာင္ဇံေဝတို႔ မိသားစုေရာက္ရွိလာခိုက္ႏွင့္ႀကဳံ၍ ကြၽႏ္ုပ္ႏွင့္ ဦးလွေမာင္တို႔က ၎မိသားစုႏွင့္အတူ ေမာင္ေတာသို႔ လိုက္ပါသြားၾကသည္။ မွန္ကန္တိက်သည့္ျဖစ္စဥ္ အခ်က္အလက္မ်ားကို လွ်ိဳ႕ဝွက္စုေဆာင္းၾက သည္။ ေမာင္ေတာမွ ဘဂၤါလီတို႔သည္ ပါကစၥတန္(ဘဂၤလား ေဒ့ရွ္)က ဘဂၤါလီတို႔ႏွင့္ အဆက္အသြယ္လုပ္ေန သည္။ ေမာင္ေတာခ႐ိုင္ကို ပါကစၥတန္(ဘဂၤလားေဒ့ရွ္) ႏိုင္ငံႏွင့္ပူးေပါင္းရန္အတြက္ျဖစ္သည္။ ဦးလွေမာင္ ရန္ကုန္သို႔ျပန္သြားၿပီး ရခိုင္ႏွင့္ပတ္သက္ေသာ ကိစၥ ရပ္မ်ားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းထံ တင္ျပလိုက္သည္။ ဗိုလ္ခ်ဳပ္မွာ ၿဗိတိန္ဝန္ႀကီးအက္တလီ၏ ဖိတ္ ၾကားခ်က္အရ လြတ္လပ္ေရးကိစၥအတြက္ လန္ ဒန္သို႔ သြားရမည့္ဆဲဆဲျဖစ္ေလရာ ထိုခရီးစဥ္အတြင္း ကရာခ်ီသို႔ဝင္ၿပီး မစၥတာဂ်င္နားႏွင္ေတြ႕ကာ ေမာင္ ေတာခ႐ိုင္ကိစၥကိုတင္ျပေလသည္။ ပြင့္လင္းေျဖာင့္ မတ္ေသာ မစၥတာဂ်င္နာက ျမန္မာပိုင္နက္တစ္ လက္မကိုမွ် ပါကစၥတန္ကယူမည္မဟုတ္ဟု ျပန္ ၾကားသည့္ စာတစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။ ပါကစၥ တန္(ဘဂၤလားေဒ့ရွ္)သည္ အိမ္နီးခ်င္း ျမန္မာႏိုင္ငံ၏ မိတ္ေဆြႏိုင္ငံအျဖစ္ရွိေနမည္ဟု ေၾကညာခဲ့ေလ သည္။ သုေတသီ “မိုေရွေယဂါ” က ဘဂၤါလီမြတ္စလင္တို႔ ေမာင္ေတာခ႐ိုင္ကို ျမန္မာမွခြဲထုတ္ရန္ ေမွ်ာ္မွန္းထား ၾကသည္။ နတ္ျမစ္ႏွင့္ ကုလားတန္ျမစ္အၾကားတြင္ လြတ္လပ္ေသာ ဘဂၤါလီမြတ္စလင္ျပည္နယ္ထူေထာင္ရန္ (သို႔) ပါကစၥတန္ ႏွင့္ပူးေပါင္းရန္ ႀကံစည္ၾက သည္။ ထိုႀကံစည္မႈကို (၁၉၄၆)ခု ေမလတြင္ မစၥတာ ဂ်ာနာအား အေသးစိတ္ ရွင္းလင္းတင္ျပဖူးၾကသည္။ ပါကစၥတန္ႏွင့္ ပူးေပါင္းေရးအတြက္ ၎၏အကူအညီကို ေတာင္းခံခဲ့ၾက သည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္း မြတ္စလင္အဖြဲ႕ခ်ဳပ္ကို ဖြဲ႕စည္း၍ ပါကစၥတန္ ႏွင့္ပူးေပါင္းေရးကို ေတာင္းဆိုၾကသည္။ ထိုေတာင္း ဆိုမႈကို စစ္တေကာင္းမြတ္စလင္တို႔က ေထာက္ခံၾကသည္။ မစၥတာ ဂ်င္နာကိုယ္တိုင္က ထိုအႀကံကို မေထာက္ခံေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းထံ သတိ ေပးလိုက္ေလသည္။
သုေတသီ ခင္ႀကီးေပ်ာ္ကလည္း ဤသို႔ေရးထားျပန္သည္။ (၁၉၄၂)ခုႏွစ္ အတြင္း “ဂ်ာမီယာတူ အူမာလာ” အသင္းဝင္တို႔သည္ ေမာင္ေတာခ႐ိုင္တြင္ ဘဂၤလားမြတ္စလင္ဦးေရ မ်ားလာသည့္အတြက္ ပါကစၥတန္(ဘဂၤလားေဒ့ရွ္)ထဲသို႔ ထည့္သြင္းေပးရန္ ၿဗိတိသွ်အစိုးရထံ အသနားခံရန္ ႀကိဳးစားၾကေသး သည္။ ႀကိဳးစားပုံမွာ ေဇာ္ဟိရ္တိန္း (BA)၊ အုေမၼာ္မ်ာ၊ အဘူေဘာ္ေရွာ(BA)၊ ဒူခါလိပ္ (ေမာ္လဗီ)၊ ႏူရာ ေမာက္(ကုန္သည္)၊ ဟာလီအူလာႏွင့္ “ဂ်မီယာတူအူ မာလာ” အသင္း၏ အက်ိဳးေဆာင္တို႔ကို အေရွ႕ ပါကစၥတန္သို႔ ေစလႊတ္၍ အေရွ႕ ပါကစၥတန္ေခါင္းေဆာင္ တို႔ႏွင့္ ေဆြးေႏြးၾကသည္။ ထိုအေၾကာင္းကို စစ္တ ေကာင္းနယ္ထုတ္ “ေအာ္ၿမိတၱဗဇာ”သတင္းစာတြင္ ေဖာ္ျပ၍ သိရွိၾကရသည္။
ဦးပညာသီဟႏွင့္ ရခိုင္ေခါင္းေဆာင္တို႔ သတိရွိမႈ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အေျမာ္အျမင္ ႀကီးမားမႈ၊ ပါကစၥတန္ေခါင္းေဆာင္ မစၥတာဂ်င္နာ၏ ႐ိုးသားပြင့္လင္းမႈ၊ သေဘာထားျပည့္ဝမႈတို႔ေၾကာင့္ စစ္တေကာင္းသား ဘဂၤါလီမြတ္စလင္တို႔၏ ေမာင္ေတာ ခ႐ိုင္ကို မြတ္စလင္ျပည္နယ္ထူေထာင္ေရးႏွင့္ အေရွ႕ပါကစၥတန္(ဘဂၤလားေဒ့ရွ္)ႏွင့္ ပူးေပါင္းေရးအႀကံ အထမေျမာက္ခဲ့ပါ။ သို႔ေသာ္ ၎တို႔၏ နယ္ခ်ဲ႕ ထြင္ေရးမွာ ဖြဲမီးပမာ တေငြ႕ေငြ႕ေလာင္ကြၽမ္းေနဆဲသာျဖစ္သည္။
OIC ႏွင့္ ကုလသမဂၢတို႔ ပံ့ပိုးမႈေၾကာင့္ ထိုမီးမွာ ႀကီးထြားလာသည္ထက္ႀကီးထြားကာ အလြန္ စိုးရိမ္ရသည့္အေနအထားသို႔ ဆိုက္ေရာက္ လို႔ေနၿပီျဖစ္သည့္ အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္ မစၥတာရွာမန္းက ေမာင္ေတာခ႐ိုင္ကို ဘဂၤလားေဒ့ရွ္ထဲထည့္လိုက္ဟု အသားလြတ္ ေျပာၾကားခဲ့ျခင္း မဟုတ္။ ေျမႀကီးက ျမန္မာပိုင္ျဖစ္ ေသာ္လည္း ေနထိုင္သူလူမ်ားက ဘဂၤလားေဒ့ရွ္ လူမ်ိဳးျဖစ္ေနသည့္ ျဖစ္စဥ္ကို သိရွိ၍သာ ေျပာၾကား ခဲ့ျခင္းျဖစ္သည္။ ဤအႏၲရာယ္ကို မည္သို႔ကာကြယ္မည္နည္း။ တစ္ခ်ီတည္းျဖင့္ အပိုင္ခုတ္မည့္သေဘာကို ႀကိဳတင္ကာကြယ္ျခင္းနည္းကသာ အထိေရာက္ဆုံးဟု ထင္ျမင္ပါသည္။