အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား နှစ်ရှည်ထောင်ဒဏ်ချမှတ်

 3003

ချယ်ရီ (NP News) - ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ် စီစဉ်၊ ပို့ဆောင် ရောင်းစားခဲ့သူများအား အလုပ်နှင့်နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နောင်ချိုမြို့နယ်တွင်နေထိုင်သော အသက် (၁၅)နှစ်အရွယ်ရှိ မ--- ၏ အလုပ်အကိုင်နှင့် ဝင်ငွေအခက်အခဲဖြစ်ပေါ်နေမှုအပေါ်မူတည်၍ ငွေကြေးမက်လုံးပေး စည်းရုံးခေါ်ဆောင်ပြီး တရုတ်နိုင်ငံရှိ လူပွဲစားထံပို့ဆောင်ကာ တရုတ်ယောက်ျားထံ ပေးစား၊ ရောင်းစားရန် စီစဉ်လုပ်ဆောင်ခဲ့ကြသူများဖြစ်သည့် မူဆယ်မြို့ ၊ ကောင်းမူးတုံရပ်ကွက်၊ အမှတ်(၈)၊ ပန်လုံ(၁)လမ်းတွင် နေထိုင်ကြသည့် မခမ်းအိန်၊ စိုင်းမြင့်ဦး(ခ) အိုက်မြင့်ဦး၊ မမှီခေး(ခ) အိုက်လောင်နှင့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ကြည်ဝင်း(ခ)ခေးလျန်း(ခ)ကိုစိုင်းတို့အား မူဆယ် မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၇/၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် မူဆယ်ခရိုင်တရားရုံးမှ ပြီးခဲ့သည့် (ဇွန်လ ၅ ရက်)က ပြစ်မှုကျူးလွန်သူ မခမ်းအိန်၊ စိုင်းမြင့်ဦး(ခ)အိုက်မြင့်ဦး နှင့် မမှီခေး (ခ) အိုက်လောင်တို့ (၃)ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၀ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) ကျခံစေပြီး ကြည်ဝင်း (ခ) ခေးလျန်း (ခ) ကိုစိုင်းကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၇ အရ ထောင်ဒဏ် (၅)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမိုးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အမိန့်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
အသက္မျပည့္ေသးသည့္အမ်ိဳးသမီးငယ္တစ္ဦးကို တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္
ခ်ယ္ရီ (NP News) - ဇြန္ ၁၀

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ အသက္မျပည့္ေသးသည့္အမ်ိဳးသမီးငယ္တစ္ဦးကို တ႐ုတ္မယားအျဖစ္ စီစဥ္၊ ပို႔ေဆာင္ ေရာင္းစားခဲ့သူမ်ားအား အလုပ္ႏွင့္ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၁၅)ႏွစ္အ႐ြယ္ရွိ မ--- ၏ အလုပ္အကိုင္ႏွင့္ ဝင္ေငြအခက္အခဲျဖစ္ေပၚေနမႈအေပၚမူတည္၍ ေငြေၾကးမက္လုံးေပး စည္း႐ုံးေခၚေဆာင္ၿပီး တ႐ုတ္ႏိုင္ငံရွိ လူပြဲစားထံပို႔ေဆာင္ကာ တ႐ုတ္ေယာက္်ားထံ ေပးစား၊ ေရာင္းစားရန္ စီစဥ္လုပ္ေဆာင္ခဲ့ၾကသူမ်ားျဖစ္သည့္ မူဆယ္ၿမိဳ႕ ၊ ေကာင္းမူးတုံရပ္ကြက္၊ အမွတ္(၈)၊ ပန္လုံ(၁)လမ္းတြင္ ေနထိုင္ၾကသည့္ မခမ္းအိန္၊ စိုင္းျမင့္ဦး(ခ) အိုက္ျမင့္ဦး၊ မမွီေခး(ခ) အိုက္ေလာင္ႏွင့္ မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ကြက္၊ ၾကည္ဝင္း(ခ)ေခးလ်န္း(ခ)ကိုစိုင္းတို႔အား မူဆယ္ ၿမိဳ႕မရဲစခန္းက လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ-၃၇/၃၈(က)/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေနာက္ မူဆယ္ခ႐ိုင္တရား႐ုံးမွ ၿပီးခဲ့သည့္ (ဇြန္လ ၅ ရက္)က ျပစ္မႈက်ဴးလြန္သူ မခမ္းအိန္၊ စိုင္းျမင့္ဦး(ခ)အိုက္ျမင့္ဦး ႏွင့္ မမွီေခး (ခ) အိုက္ေလာင္တို႔ (၃)ဦးကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၀ (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ (၂၀) က်ခံေစၿပီး ၾကည္ဝင္း (ခ) ေခးလ်န္း (ခ) ကိုစိုင္းကို လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၇ အရ ေထာင္ဒဏ္ (၅)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ မမိုးကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇/၈၈ ထုတ္ဆင့္အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.