သြစတြီးယားနိုင်ငံ၊ အလယ်တန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် ၉ ဦးထက်မနည်း သေဆုံး

 346

ရောင်နီ (NP News) - ဇွန် ၁၁

သြစတြီးယားနိုင်ငံ၊ တောင်ပိုင်း ဂရက်ဇ်မြို့မှာ ဇွန်လ ၁၀ ရက်က အလယ်တန်းကျောင်း တစ်ကျောင်းမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် လူ ၉ ဦးထက်အနည်း သေဆုံးခဲ့ပါတယ်။

အမျိုးသမီး ၆ ဦး၊ အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂါဟက်ကာနာ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
သေနတ်သမားရဲ့ ရုပ်အလောင်းကိုတော့ ရေချိုးခန်းတစ်ခုမှာ တွေ့ရပြီး လူ အယောက် ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူအများစုကတော့ ကျောင်းသားတွေဖြစ်တယ်လို့ သြစတြီးယားမီဒီယာတွေက ဆိုပါတယ်။ သေနတ်သမားလို့ သံသယရှိသူကတော့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ လူသတ်သမားကို လူသိရှင်ကြား ဖော်ထုတ်ပြောကြားခြင်း မရှိပါဘူး။ ဒီအဖြစ်အပျက်အတွက် နိုင်ငံတော်က ၃ ရက်တာထိ ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
သြစတြီးယားဟာ ဥရောပမှာ အရပ်သား လက်နက်ကိုင်ဆောင်မှု အများဆုံးထဲက တစ်ခုဖြစ်ပြီး လူ ၁၀၀ မှာ သေနတ် ၃၀ ခန့် ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

Zawgyi Version:
ၾသစႀတီးယားႏိုင္ငံ၊ အလယ္တန္းေက်ာင္းမွာ ပစ္ခတ္မႈေၾကာင့္ ၉ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၁၁

ၾသစႀတီးယားႏိုင္ငံ၊ ေတာင္ပိုင္း ဂရက္ဇ္ၿမိဳ႕မွာ ဇြန္လ ၁၀ ရက္က အလယ္တန္းေက်ာင္း တစ္ေက်ာင္းမွာ ေသနတ္သမားတစ္ဦးက ပစ္ခတ္မႈ ျပဳလုပ္ခဲ့တာေၾကာင့္ လူ ၉ ဦးထက္အနည္း ေသဆုံးခဲ့ပါတယ္။

အမ်ိဳးသမီး ၆ ဦး၊ အမ်ိဳးသား ၃ ဦး ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီး ဂါဟက္ကာနာ က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။
ေသနတ္သမားရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ေရခ်ိဳးခန္းတစ္ခုမွာ ေတြ႕ရၿပီး လူ အေယာက္ ၃၀ ခန႔္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးသူအမ်ားစုကေတာ့ ေက်ာင္းသားေတြျဖစ္တယ္လို႔ ၾသစႀတီးယားမီဒီယာေတြက ဆိုပါတယ္။ ေသနတ္သမားလို႔ သံသယရွိသူကေတာ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ရဲတပ္ဖြဲ႕ကေတာ့ လူသတ္သမားကို လူသိရွင္ၾကား ေဖာ္ထုတ္ေျပာၾကားျခင္း မရွိပါဘူး။ ဒီအျဖစ္အပ်က္အတြက္ ႏိုင္ငံေတာ္က ၃ ရက္တာထိ ဝမ္းနည္းျခင္းေန႔အျဖစ္ သတ္မွတ္ခဲ့ပါတယ္။
ၾသစႀတီးယားဟာ ဥေရာပမွာ အရပ္သား လက္နက္ကိုင္ေဆာင္မႈ အမ်ားဆုံးထဲက တစ္ခုျဖစ္ၿပီး လူ ၁၀၀ မွာ ေသနတ္ ၃၀ ခန႔္ ရွိတယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.