ဂါဇာနဲ့ဆိုင်တဲ့ဆွေးနွေးပွဲတွေမှာ အီရန် ပါဝင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

241
Pika (NP News) - ဇွန် ၁၁
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့ ရည်ရွယ်တဲ့စေ့စပ်ညှိနှိုင်းမှုတွေမှာ အီရန်နိုင်ငံက ပါဝင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အခုဂါဇာကမ်းမြောင်ဒေသဟာ ကျွန်တော်တို့၊ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ကြား ကြီးမားတဲ့စေ့စပ်ညှိနှိုင်းမှု အလယ်မှာရှိနေပါတယ်။ ပြီးတော့ အဲဒီဆွေးနွေးပွဲတွေမှာ အီရန်ကလည်း အမှန်တကယ် ပါဝင်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့တွေ့ရမှာပါ။ ဖမ်းဆီး ခံထားရတဲ့ ဓါးစာခံတွေ ပြန်လွတ်လာတာကို ကျွန်တော်တို့လိုချင်ပါတယ်” လို့ ထုတ်ပြန်ပြောခဲ့ပါတယ်။ အီရန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေအတွက် တောင်းဆိုမှုတွေကို ဒေါ်နယ်ထရမ့်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အီရန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုရရှိဖို့ သီးခြားဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာနဲ႔ဆိုင္တဲ့ေဆြးေႏြးပြဲေတြမွာ အီရန္ ပါဝင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁၁
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အေကာင္အထည္ ေဖာ္ဖို႔ ရည္႐ြယ္တဲ့ေစ့စပ္ညႇိႏႈိင္းမႈေတြမွာ အီရန္ႏိုင္ငံက ပါဝင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အခုဂါဇာကမ္းေျမာင္ေဒသဟာ ကြၽန္ေတာ္တို႔၊ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ အစၥေရးတို႔ၾကား ႀကီးမားတဲ့ေစ့စပ္ညႇိႏႈိင္းမႈ အလယ္မွာရွိေနပါတယ္။ ၿပီးေတာ့ အဲဒီေဆြးေႏြးပြဲေတြမွာ အီရန္ကလည္း အမွန္တကယ္ ပါဝင္ခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္တို႔ေတြ႕ရမွာပါ။ ဖမ္းဆီး ခံထားရတဲ့ ဓါးစာခံေတြ ျပန္လြတ္လာတာကို ကြၽန္ေတာ္တို႔လိုခ်င္ပါတယ္” လို႔ ထုတ္ျပန္ေျပာခဲ့ပါတယ္။ အီရန္ရဲ႕ ပါဝင္ပတ္သက္မႈနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြအတြက္ ေတာင္းဆိုမႈေတြကို ေဒၚနယ္ထရမ့္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အီရန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုရရွိဖို႔ သီးျခားေဆြးေႏြးမႈေတြကို လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။