အမေရိကန် - အိန္ဒိယ ဆက်ဆံရေး နေညိုချိန်ရောက်နေပြီလား

599

သန်းထိုက်စိုး (NP News) - ဇွန် ၁၁
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးရရှိရန် ဝင်ရောက်ညှိနှိုင်းပေးခဲ့သည်ဆိုသည့်ပြောဆိုချက် အပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က မေလ(၁၃)ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပယ်ချခဲ့သည်။
အဆိုပါ သဘောတူညီချက်မှာ နှစ်နိုင်ငံ ညှိနှိုင်း၍ရရှိခဲ့ခြင်းဖြစ်သည်ဟု Dr. S. Jaishankar က တုံ့ပြန်ခဲ့သည်။ ပါကစ္စတန်နှင့် ဆက်ဆံရေးအားလုံးအပေါ် အိန္ဒိယနိုင်ငံ၏ ကာလရှည်ကြာ ရပ်တည်ချက် မှာ လုံးဝအပြောင်းအလဲမရှိဘဲ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။
အိန္ဒိယ-ပါကစ္စတန် အပစ်အခတ်ရပ်စဲရေးတွင် အမေရိကန်နိုင်ငံက မေလ(၁၀) ရက်တွင် ဝင် ရောက်ညှိနှိုင်းခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ ထိုသို့ပြောဆိုအပြီး ခဏချင်းအ တွင်းမှာပင် ပါကစ္စတန်စစ်ဆင်ရေး òန်ကြားရေးမှူး ချုပ်က ၎င်းနှင့်ဘက်တူ အိန္ဒိယစစ်ဆင်ရေးညွှန် ကြားရေးမှူးချုပ်ထံ စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံတို့သည် ကြည်း ကြောင်း၊ ရေကြောင်း၊ လေ ကြောင်း အားလုံးတွင် စစ်ဆင်ရေးပြုလုပ်ခြင်းနှင့် ပစ်ခတ်မှုအားလုံးရပ်တန့်ရန် သဘောတူညီခဲ့ခြင်းဖြစ် ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ၎င်းသည် အမေရိ ကန်နိုင်ငံ၏ အခန်းကဏ္ဍကို တစ်လုံးတစ်ပါဒမျှပင် ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။
သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင်ရေးသားခဲ့ပြီး ငြိမ်းချမ်းရေးပွဲစားကြီး ဂိုက်ဖမ်းပြီး ရေးသားခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က သမ္မတဒေါ်နယ်ထရမ့်၏ မှတ်ချက်ကို အမြတ်ထုတ်ရန်ကြိုးပမ်းမှုအဖြစ် ပယ်ချခဲ့သည့်တိုင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘော ထားမှာ အိန္ဒိယနိုင်ငံ၏ တရားဝင်ရပ်တည်ချက်နှင့်ကွဲလွဲကြောင်း ပြဆိုလိုခြင်းဖြစ်သည်။ မေလ (၁၀) ရက် သတင်းထုတ်ပြန်ချက်ခေါင်းစဉ်တွင် Announcing a U.S-Brokered Ceasefire between India and Pakistan ဟု ပေးထားပြီး အမေရိကန် ဒုတိယသမ္မတ J.D Vance နှင့် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး Marco Rubio တို့သည် အိန္ဒိယနှင့်ပါကစ္စတန်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန်အစိုးရတို့ သည် ကြားခံနေရာတွင် ကိစ္စရပ်အများအပြားကို စတင်ဆွေးနွေးရန် သဘောတူခဲ့ကြခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ၎င်း၏တွစ်တာတွင် ရေးသားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း နိုင်ငံတစ်ဝန်းသို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်းတစ်ခုတွင် အိန္ဒိယနိုင်ငံ၏ ကာလရှည်ကြာကိုင်စွဲလာသည့် ရပ်တည်ချက်နှင့် နိုင်ငံတော်ကိုယ်တိုင်က (State Sponsored Terrorism) အကြမ်းဖက်မှုကို အားပေးသည့်ဝါဒတို့သည် လက်တွဲရန်မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပြောဆိုချက်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံက တုံ့ပြန်ခဲ့ခြင်း မှာ ပြည်တွင်းမကျေနပ်မှုများကို ချွေး သိပ်ရန်၊ ယာယီအားဖြင့် ပြဿနာကို အချိန်ရွှေ့ထားနိုင်ရန်နှင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး မပျက်ပြားစေရန်ဖြစ်သည်။
အိန္ဒိယနှင့်ပါကစ္စတန် နှစ်ဖက်တိုက်ခိုက်မှုမဖြစ်မီ ရက်ပိုင်းအလိုတွင် အိန္ဒိယနိုင်ငံသည် အမေရိ ကန်နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန်နီးစပ်နေသည့် နိုင်ငံအနည်းစုထဲတွင် တစ်နိုင်ငံဖြစ် သည်ဟု အိမ်ဖြူတော်အရာရှိများက ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ အမေရိကန်ဒုသမ္မတ J.D Vance မှာ လည်း ဝန်ကြီးချုပ်မိုဒီနှင့် ကုန်သွယ်ရေး ကိစ္စဆွေးနွေးရန် ဧပြီလအတွင်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့ကလည်း နှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက်၏ ပထမ အဆင့်တွင် သိသာသည့်တိုးတက်မှုများရရှိခဲ့သည့်အတွက် ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
မကြာသေးမီက ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကျင်းပခဲ့သည့် စီးပွားရေးခေါင်းဆောင်များ တွေ့ဆုံပွဲ တွင်လည်း အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန် ကုန်စည်များအပေါ်တွင် အခွန်လုံးဝမကောက်ရေး သဘောတူညီချက်တစ်ရပ် ကမ်းလှမ်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သေး သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က သမ္မတ ဒေါ်နယ်ထရမ့်၏ပြောဆိုချက်ကို ချက်ချင်းပယ်ချခဲ့ပြီး ဆွေးနွေးမှုများမှာ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း၊ မည်သည့်ဆုံးဖြတ်ချက်မှ မချရသေးကြောင်း၊ အထူးသဖြင့် အခွန်အကောက်နှင့် ပတ်သက်သည့်ကိစ္စမှာ ကနဦးအဆင့်တွင်သာ ရှိကြောင်း တုံ့ပြန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal ၏ အမေရိကန် သို့သွားရောက်သည့် လေးရက်ခရီးစဉ် အပေါ် သက်ရောက်ခဲ့ခြင်းမရှိပါ။ အိန္ဒိယနိုင်ငံ အနေဖြင့် အပြန်အ လှန်ကုန်သွယ်မှု ဆိုင်းငံ့စဉ်ကာလအတွင်း ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိရန် စိတ်အားထက် သန်နေခြင်းဖြစ်သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် အမေရိကန်နှင့်သဘောတူညီချက် တစ်ရပ်ရရှိရန်လိုအပ် သည်။ သို့မှသာ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် GDP တိုးတက်မှု (၆ ဒသမ ၅) ရာခိုင်နှုန်းတိုးတက်မှုရရှိ ထားသည့် အလျင်မြန်ဆုံး တိုးတက်နေသည့်အိန္ဒိယနိုင်ငံ၏အဆင့်အတန်းကို ဆက်လက်ထိန်းထားနိုင် မည်ဖြစ်သည်။ အိန္ဒိယအတွက် သက်သောင့်သက်သာမဖြစ်ရသည့် အကြောင်း အရာမှာ သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ကုန်သွယ်ရေးကိစ္စ သဘောတူညီချက်ရရှိရန်အတွက် ပါကစ္စတန်နှင့်ပါ လှည့်ပတ်ချိတ် ဆက်ထားခြင်းပင်ဖြစ်သည်။
ကုန်သွယ်ရေးမက်လုံးများရှိနေသော်လည်း ဝန်ကြီးချုပ်မိုဒီကို သူ၏မူလပုံရိပ်ကောင်း ပြန်လည် ရရှိစေရေး ဖိအားများရှိနေသည်။ သမ္မတ ဒေါ်နယ်ထရမ့်လိုချင်သည့် ကုန်သွယ်ရေးသဘောတူညီချက်ဆို သည်မှာ အိန္ဒိယနိုင်ငံကို အမေရိကန်တို့တောင်းဆိုသည့်အတိုင်း လိုက်လျောရန် ဖြစ်သည်။ အဆိုပါ သဘောထားမှာ အိန္ဒိယနိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေးအခင်းအကျင်းကို အကန့်အသတ်ဖြစ်စေ နိုင်ပါသည်။ အိန္ဒိယ-ပါကစ္စတန် အပြန်အလှန်ပစ် ခတ်မှုများဖြစ်ပွားပြီးနောက် Quad အဖွဲ့က နှုတ်ဆိတ်နေခြင်းအ ပေါ် အိန္ဒိယနိုင်ငံက မဆိုင်းမတွပင် မေးခွန်းထုတ်ခဲ့သည်။ အကျပ်အတည်းကာလအတွင်း Quad အဖွဲ့ အပေါ် မှီခိုနိုင်ခြင်းရှိမရှိဆိုသည်ကို သံသယဖြစ်လာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း အမေရိကန် ဆန့်ကျင်ရေး စိတ်ခံစားချက်များ အတော်မြင့်တက်လာခဲ့ပြီဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီ၏ အပစ် အခတ်ရပ် စဲရေး သဘောတူညီချက်သည် အမေရိကန်၏ ဖိအားပေးမှုအပေါ် ဦးညွတ်ခဲ့ခြင်းဟု လူသိရှင်ကြား ဝေဖန် မှုများလည်း ထွက်လာခဲ့သည်။ ကတ်ရှ်မီးယားဒေသသည် အိန္ဒိယနိုင်ငံအတွက် ထိလွယ်ရှလွယ် ကိစ္စတစ် ခုဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံ၏ အရွေ့ကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ အမေရိကန် သမ္မတဘုရှ်သည် အိန္ဒိယနှင့် ပါကစ္စတန် ကိုတစ်တန်းတည်းထားသည့်မူဝါဒ (dehyphenation) ကို ကျင့် သုံးခဲ့ရာ သမ္မတဒေါ်နယ်ထရမ့်သည် အဆိုပါ မူဝါဒကို ပြောင်းပြန်လှန်ပြီး အိန္ဒိယနှင့် ပါကစ္စတန်ကို ခွဲခြား ဆက်ဆံလာခြင်းဖြစ်သည်။ ယင်းမှာ အိန္ဒိယ-ပါကစ္စတန် မိတ်ဖက်ဆက်ဆံရေးအတွက် နောက်ဆုတ် သွားခြင်းလားဟု သံသယဝင်စရာ ဖြစ်လာခဲ့ သည်။ သို့ဖြစ်ရာ အမေရိကန်-အိန္ဒိယဆက်ဆံရေး နေညိုချိန် ရောက်လာပြီလားဟု မေးစရာရှိသည်။ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ် ဒေသတွင် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို တန်ပြန်ရာတွင် အရေးကြီးဆုံးမိတ်ဖက်ဖြစ်သည့် အိန္ဒိယ နိုင်ငံ ကို အထီးကျန်ထား၍မရနိုင်ဟု ယူဆရသည်။ ဆွေးနွေးမှုနှင့် ဒီပလိုမေစီနည်းလမ်း နှစ်ရပ်သည် နှစ်နိုင်ငံ ဆက်ဆံရေးအကျပိုင်းကို ထိန်းထားကောင်း ထိန်းထားနိုင်ပါသည်။
zawgyi version
အေမရိကန္ - အိႏၵိယ ဆက္ဆံေရး ေနညိဳခ်ိန္ေရာက္ေနၿပီလား
သန္းထိုက္စိုး (NP News) - ဇြန္ ၁၁
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံတို႔ၾကား ျဖစ္ပြားေနသည့္ ပဋိပကၡႏွင့္ပတ္သက္၍ အပစ္အခတ္ရပ္စဲေရးရရွိရန္ ဝင္ေရာက္ညႇိႏႈိင္းေပးခဲ့သည္ဆိုသည့္ေျပာဆိုခ်က္ အေပၚ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Dr. S. Jaishankar က ေမလ(၁၃)ရက္တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ၌ ပယ္ခ်ခဲ့သည္။
အဆိုပါ သေဘာတူညီခ်က္မွာ ႏွစ္ႏိုင္ငံ ညႇိႏႈိင္း၍ရရွိခဲ့ျခင္းျဖစ္သည္ဟု Dr. S. Jaishankar က တုံ႔ျပန္ခဲ့သည္။ ပါကစၥတန္ႏွင့္ ဆက္ဆံေရးအားလုံးအေပၚ အိႏၵိယႏိုင္ငံ၏ ကာလရွည္ၾကာ ရပ္တည္ခ်က္ မွာ လုံးဝအေျပာင္းအလဲမရွိဘဲ ႏွစ္ႏိုင္ငံညႇိႏႈိင္းေဆာင္႐ြက္မည္ဟု ေျပာဆိုခဲ့သည္။
အိႏၵိယ-ပါကစၥတန္ အပစ္အခတ္ရပ္စဲေရးတြင္ အေမရိကန္ႏိုင္ငံက ေမလ(၁၀) ရက္တြင္ ဝင္ ေရာက္ညႇိႏႈိင္းခဲ့ေၾကာင္း သမၼတေဒၚနယ္ထရမ့္က ေၾကညာခဲ့သည္။ ထိုသို႔ေျပာဆိုအၿပီး ခဏခ်င္းအ တြင္းမွာပင္ ပါကစၥတန္စစ္ဆင္ေရး òန္ၾကားေရးမႉး ခ်ဳပ္က ၎ႏွင့္ဘက္တူ အိႏၵိယစစ္ဆင္ေရးၫႊန္ ၾကားေရးမႉးခ်ဳပ္ထံ စတင္ဆက္သြယ္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံတို႔သည္ ၾကည္း ေၾကာင္း၊ ေရေၾကာင္း၊ ေလ ေၾကာင္း အားလုံးတြင္ စစ္ဆင္ေရးျပဳလုပ္ျခင္းႏွင့္ ပစ္ခတ္မႈအားလုံးရပ္တန႔္ရန္ သေဘာတူညီခဲ့ျခင္းျဖစ္ ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။ ၎သည္ အေမရိ ကန္ႏိုင္ငံ၏ အခန္းက႑ကို တစ္လုံးတစ္ပါဒမွ်ပင္ ထည့္သြင္းေျပာဆိုျခင္း မရွိခဲ့ေပ။
သမၼတေဒၚနယ္ထရမ့္သည္ အိႏၵိယႏွင့္ ပါကစၥတန္တို႔ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီ ခ်က္ရရွိခဲ့ျခင္းႏွင့္ပတ္သက္၍ လူမႈကြန္ရက္ေပၚတြင္ေရးသားခဲ့ၿပီး ၿငိမ္းခ်မ္းေရးပြဲစားႀကီး ဂိုက္ဖမ္းၿပီး ေရးသားခဲ့ျခင္းျဖစ္သည္။ အကယ္၍ တစ္ဦးတစ္ေယာက္က သမၼတေဒၚနယ္ထရမ့္၏ မွတ္ခ်က္ကို အျမတ္ထုတ္ရန္ႀကိဳးပမ္းမႈအျဖစ္ ပယ္ခ်ခဲ့သည့္တိုင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ သေဘာ ထားမွာ အိႏၵိယႏိုင္ငံ၏ တရားဝင္ရပ္တည္ခ်က္ႏွင့္ကြဲလြဲေၾကာင္း ျပဆိုလိုျခင္းျဖစ္သည္။ ေမလ (၁၀) ရက္ သတင္းထုတ္ျပန္ခ်က္ေခါင္းစဥ္တြင္ Announcing a U.S-Brokered Ceasefire between India and Pakistan ဟု ေပးထားၿပီး အေမရိကန္ ဒုတိယသမၼတ J.D Vance ႏွင့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ ႀကီး Marco Rubio တို႔သည္ အိႏၵိယႏွင့္ပါကစၥတန္အဆင့္ျမင့္အရာရွိမ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း အေမရိ ကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။ ထို႔ေနာက္ အိႏၵိယႏွင့္ ပါကစၥတန္အစိုးရတို႔ သည္ ၾကားခံေနရာတြင္ ကိစၥရပ္အမ်ားအျပားကို စတင္ေဆြးေႏြးရန္ သေဘာတူခဲ့ၾကျခင္းျဖစ္သည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Marco Rubio က ၎၏တြစ္တာတြင္ ေရးသားခဲ့သည္။
အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီကလည္း ႏိုင္ငံတစ္ဝန္းသို႔ ေျပာၾကားသည့္ ႐ုပ္သံမိန႔္ခြန္းတစ္ခုတြင္ အိႏၵိယႏိုင္ငံ၏ ကာလရွည္ၾကာကိုင္စြဲလာသည့္ ရပ္တည္ခ်က္ႏွင့္ ႏိုင္ငံေတာ္ကိုယ္တိုင္က (State Sponsored Terrorism) အၾကမ္းဖက္မႈကို အားေပးသည့္ဝါဒတို႔သည္ လက္တြဲရန္မျဖစ္ႏိုင္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။ အေမရိကန္ႏိုင္ငံ၏ ေျပာဆိုခ်က္ႏွင့္ပတ္သက္၍ အိႏၵိယႏိုင္ငံက တုံ႔ျပန္ခဲ့ျခင္း မွာ ျပည္တြင္းမေက်နပ္မႈမ်ားကို ေခြၽး သိပ္ရန္၊ ယာယီအားျဖင့္ ျပႆနာကို အခ်ိန္ေ႐ႊ႕ထားႏိုင္ရန္ႏွင့္ အေမရိကန္ႏိုင္ငံႏွင့္ ဆက္ဆံေရး မပ်က္ျပားေစရန္ျဖစ္သည္။
အိႏၵိယႏွင့္ပါကစၥတန္ ႏွစ္ဖက္တိုက္ခိုက္မႈမျဖစ္မီ ရက္ပိုင္းအလိုတြင္ အိႏၵိယႏိုင္ငံသည္ အေမရိ ကန္ႏိုင္ငံႏွင့္ ကုန္သြယ္ေရး သေဘာတူညီခ်က္ရရွိရန္နီးစပ္ေနသည့္ ႏိုင္ငံအနည္းစုထဲတြင္ တစ္ႏိုင္ငံျဖစ္ သည္ဟု အိမ္ျဖဴေတာ္အရာရွိမ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့ေသးသည္။ အေမရိကန္ဒုသမၼတ J.D Vance မွာ လည္း ဝန္ႀကီးခ်ဳပ္မိုဒီႏွင့္ ကုန္သြယ္ေရး ကိစၥေဆြးေႏြးရန္ ဧၿပီလအတြင္းက အိႏၵိယႏိုင္ငံသို႔ ေရာက္ရွိ လာခဲ့သည္။ ႏွစ္ႏိုင္ငံေခါင္းေဆာင္တို႔ကလည္း ႏွစ္ဖက္ကုန္သြယ္ေရး သေဘာတူညီခ်က္၏ ပထမ အဆင့္တြင္ သိသာသည့္တိုးတက္မႈမ်ားရရွိခဲ့သည့္အတြက္ ႀကိဳဆိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။
မၾကာေသးမီက ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕တြင္က်င္းပခဲ့သည့္ စီးပြားေရးေခါင္းေဆာင္မ်ား ေတြ႕ဆုံပြဲ တြင္လည္း အိႏၵိယႏိုင္ငံအေနျဖင့္ အေမရိကန္ ကုန္စည္မ်ားအေပၚတြင္ အခြန္လုံးဝမေကာက္ေရး သေဘာတူညီခ်က္တစ္ရပ္ ကမ္းလွမ္းခဲ့ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ေသး သည္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Dr. S. Jaishankar က သမၼတ ေဒၚနယ္ထရမ့္၏ေျပာဆိုခ်က္ကို ခ်က္ခ်င္းပယ္ခ်ခဲ့ၿပီး ေဆြးေႏြးမႈမ်ားမွာ ဆက္လက္ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း၊ မည္သည့္ဆုံးျဖတ္ခ်က္မွ မခ်ရေသးေၾကာင္း၊ အထူးသျဖင့္ အခြန္အေကာက္ႏွင့္ ပတ္သက္သည့္ကိစၥမွာ ကနဦးအဆင့္တြင္သာ ရွိေၾကာင္း တုံ႔ျပန္ခဲ့သည္။ မည္သို႔ပင္ျဖစ္ေစ အိႏၵိယကုန္သြယ္ေရးဝန္ႀကီး Piyush Goyal ၏ အေမရိကန္ သို႔သြားေရာက္သည့္ ေလးရက္ခရီးစဥ္ အေပၚ သက္ေရာက္ခဲ့ျခင္းမရွိပါ။ အိႏၵိယႏိုင္ငံ အေနျဖင့္ အျပန္အ လွန္ကုန္သြယ္မႈ ဆိုင္းငံ့စဥ္ကာလအတြင္း ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုရရွိရန္ စိတ္အားထက္ သန္ေနျခင္းျဖစ္သည္။ အိႏၵိယ ႏိုင္ငံအေနျဖင့္ အေမရိကန္ႏွင့္သေဘာတူညီခ်က္ တစ္ရပ္ရရွိရန္လိုအပ္ သည္။ သို႔မွသာ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ GDP တိုးတက္မႈ (၆ ဒသမ ၅) ရာခိုင္ႏႈန္းတိုးတက္မႈရရွိ ထားသည့္ အလ်င္ျမန္ဆုံး တိုးတက္ေနသည့္အိႏၵိယႏိုင္ငံ၏အဆင့္အတန္းကို ဆက္လက္ထိန္းထားႏိုင္ မည္ျဖစ္သည္။ အိႏၵိယအတြက္ သက္ေသာင့္သက္သာမျဖစ္ရသည့္ အေၾကာင္း အရာမွာ သမၼတ ေဒၚနယ္ ထရမ့္အေနျဖင့္ ကုန္သြယ္ေရးကိစၥ သေဘာတူညီခ်က္ရရွိရန္အတြက္ ပါကစၥတန္ႏွင့္ပါ လွည့္ပတ္ခ်ိတ္ ဆက္ထားျခင္းပင္ျဖစ္သည္။
ကုန္သြယ္ေရးမက္လုံးမ်ားရွိေနေသာ္လည္း ဝန္ႀကီးခ်ဳပ္မိုဒီကို သူ၏မူလပုံရိပ္ေကာင္း ျပန္လည္ ရရွိေစေရး ဖိအားမ်ားရွိေနသည္။ သမၼတ ေဒၚနယ္ထရမ့္လိုခ်င္သည့္ ကုန္သြယ္ေရးသေဘာတူညီခ်က္ဆို သည္မွာ အိႏၵိယႏိုင္ငံကို အေမရိကန္တို႔ေတာင္းဆိုသည့္အတိုင္း လိုက္ေလ်ာရန္ ျဖစ္သည္။ အဆိုပါ သေဘာထားမွာ အိႏၵိယႏိုင္ငံ၏ ေစ့စပ္ညႇိႏႈိင္းေရးအခင္းအက်င္းကို အကန႔္အသတ္ျဖစ္ေစ ႏိုင္ပါသည္။ အိႏၵိယ-ပါကစၥတန္ အျပန္အလွန္ပစ္ ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ Quad အဖြဲ႕က ႏႈတ္ဆိတ္ေနျခင္းအ ေပၚ အိႏၵိယႏိုင္ငံက မဆိုင္းမတြပင္ ေမးခြန္းထုတ္ခဲ့သည္။ အက်ပ္အတည္းကာလအတြင္း Quad အဖြဲ႕ အေပၚ မွီခိုႏိုင္ျခင္းရွိမရွိဆိုသည္ကို သံသယျဖစ္လာခဲ့ျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံတြင္လည္း အေမရိကန္ ဆန႔္က်င္ေရး စိတ္ခံစားခ်က္မ်ား အေတာ္ျမင့္တက္လာခဲ့ၿပီျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီ၏ အပစ္ အခတ္ရပ္ စဲေရး သေဘာတူညီခ်က္သည္ အေမရိကန္၏ ဖိအားေပးမႈအေပၚ ဦးၫြတ္ခဲ့ျခင္းဟု လူသိရွင္ၾကား ေဝဖန္ မႈမ်ားလည္း ထြက္လာခဲ့သည္။ ကတ္ရွ္မီးယားေဒသသည္ အိႏၵိယႏိုင္ငံအတြက္ ထိလြယ္ရွလြယ္ ကိစၥတစ္ ခုျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ၏ အေ႐ြ႕ကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိသည္။ အေမရိကန္ သမၼတဘုရွ္သည္ အိႏၵိယႏွင့္ ပါကစၥတန္ ကိုတစ္တန္းတည္းထားသည့္မူဝါဒ (dehyphenation) ကို က်င့္ သုံးခဲ့ရာ သမၼတေဒၚနယ္ထရမ့္သည္ အဆိုပါ မူဝါဒကို ေျပာင္းျပန္လွန္ၿပီး အိႏၵိယႏွင့္ ပါကစၥတန္ကို ခြဲျခား ဆက္ဆံလာျခင္းျဖစ္သည္။ ယင္းမွာ အိႏၵိယ-ပါကစၥတန္ မိတ္ဖက္ဆက္ဆံေရးအတြက္ ေနာက္ဆုတ္ သြားျခင္းလားဟု သံသယဝင္စရာ ျဖစ္လာခဲ့ သည္။ သို႔ျဖစ္ရာ အေမရိကန္-အိႏၵိယဆက္ဆံေရး ေနညိဳခ်ိန္ ေရာက္လာၿပီလားဟု ေမးစရာရွိသည္။ သို႔ေသာ္ အေမရိကန္ႏိုင္ငံအေနျဖင့္ အင္ဒို-ပစိဖိတ္ ေဒသတြင္ တ႐ုတ္ႏိုင္ငံ၏ အင္အားႀကီးထြားလာမႈကို တန္ျပန္ရာတြင္ အေရးႀကီးဆုံးမိတ္ဖက္ျဖစ္သည့္ အိႏၵိယ ႏိုင္ငံ ကို အထီးက်န္ထား၍မရႏိုင္ဟု ယူဆရသည္။ ေဆြးေႏြးမႈႏွင့္ ဒီပလိုေမစီနည္းလမ္း ႏွစ္ရပ္သည္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးအက်ပိုင္းကို ထိန္းထားေကာင္း ထိန္းထားႏိုင္ပါသည္။