ပြုပြင်ပြောင်းလဲရမယ့် ခေတ်သစ်နိုင်ငံရေး ဓလေ့အမှား (၂ )

360

အောင်နိုင်သူ (ဇွဲကပင်) (NP News)
စာရေးသူတို့ မြန်မာ့လူအဖွဲ့အစည်း၏စံပြုနိုင်ငံရေးဓလေ့က လက်နက်ကိုင်လမ်းစဉ်ဖြစ်ခဲ့သည် ကို ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် တွေ့မြင်ရမည်ဖြစ်ပါသည်။ လူမျိုးနွယ်စုတိုင်းက မြန်မာတို့၏ လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းကိုအားကျပြီး လွတ် မြောက်ရေးကိုကြိုးပမ်းဖို့မသင့်ကြသလို ကိုယ်လိုချင်တာ ရရန် လက်နက်ကိုင်မှဖြစ်မည်၊ လက်နက်ကိုင်မှရလိမ့်မည်ဟူသောအယူအဆကို ဆွဲကိုင်မထားသင့်ပါ။ ဤကဲ့သို့ လက်နက်ကိုင်လမ်းစဉ် အယူအဆကို ခေါက်ရိုးကျိုးခဲ့ခြင်းကြောင့်လည်း ခေတ်အဆက်ဆက် အစိုးရတိုင်းရင်ဆိုင်ခဲ့ရသည့် အဓိကပြဿနာသည် လက်နက်ကိုင်လမ်းစဉ် ဖြစ်ခဲ့သကဲ့သို့ ပြည်သူလူထု ကလည်း လက်နက်ကိုင်လမ်းစဉ်၏အကျိုးဆက်ကို ခါးသီးပြီးခံခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၈၀) နားပင် ရောက်လာခဲ့ပြီးဖြစ်ပါသည်။
မြန်မာတို့၏ စံပြုနိုင်ငံရေးဓလေ့ကို ပုံသွင်းလိုက်သည်က ကလေးများကို ငယ်ဘဝတွင် သင်ကြား ခဲ့ရသည့် သမိုင်းသင်ခန်းစာများလည်းပါခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပြန်သည်။ မျိုးချစ်စိတ်ဓာတ် ရှင် သန်ထက်မြက်ရေးဆိုသည့်ခေါင်းစဉ်အောက်က သင်ကြားခဲ့ရသော သမိုင်းသင်ခန်းစာများကလည်း လက် နက်ကိုင်လမ်းစဉ်ကို မသိမသာ တွန်းပို့သကဲ့သို့ ဖြစ်ခဲ့ရသည်။ လိုချင်တာရဖို့အတွက် လက်နက်ကိုင်ပြီး တိုက်ယူရမည်ဆိုသည့် အယူအဆက စာရေးသူတို့ လူ့အဖွဲ့အစည်းကို စတင်ပုံသွင်းပေးခဲ့သည့်နိုင်ငံရေး ဓလေ့အမှားတစ်ခုဖြစ်နေမှန်း ဆန်းစစ်လေ့လာကြည့်တော့မှ တွေ့ရပါတော့သည်။
စာရေးသူ ငယ်ငယ်တုန်းက မြန်မာတို့၏လက်နက်ကိုင်တော်လှန်ခဲ့သည့် လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းကို အားကျခဲ့ဖူးပါသည်။ ဤသည်မှာ (၁၀)တန်းအောင်ပြီးစအထိ ဖြစ်ပေါ်ခဲ့ရသည့် ခံစားချက်၊ ခံယူချက်ဖြစ်ပါသည်။ နောက်ပိုင်း တက္ကသိုလ်တွင် သမိုင်းမေဂျာယူခဲ့ရ၍ သမိုင်းအကြောင်း လေ့လာခွင့် ရခဲ့သလို စစ်သင်တန်းတွေမှာလည်း စာတမ်းတွေပြုစုတော့ မြန်မာ့သမိုင်းအား ထပ်ပြီးလေ့လာခွင့်ရခဲ့ ပြန်ပါသည်။ ပိုပြီးကံကောင်းစေတာက စစ်ဦးစီးတက္ကသိုလ်၊ NDC တို့ တက်ခွင့်မရခဲ့သော်လည်း Opw NDC စာတမ်းတွေကို ဝိုင်းဝန်းကူညီပြုစုပေးရင်းနှင့် ကျမ်းတော်တော်များများကိုဖတ်ခဲ့ဖူးသလို အချို့ ကျမ်းများကိုလည်း ဝိုင်းဝန်းကူညီပြုစုရေးသားခဲ့ရဖူးပါသည်။
ဤတွင် ဂျပန်ဗိုလ်ချုပ်ကြီး အီးဒါးရဲ့ မြန်မာပြည်ထိုးစစ်၊ ဂျပန်ဗိုလ်ချုပ်ကြီး မူဒါဂူချီ၏ အင်ဖာကို ဟီးမား စစ်ဆင်ရေး၊ ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း၏ အမှတ်( ၁ )မြန်မာ တပ်မကြီးခွာ စစ်၊ ဗြိ တိသျှ မဟာမိတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြား၏ မြန်မာပြည်ခွာစစ် စသည့်စာအုပ်များ၊ ကျမ်း များကိုဖတ်လိုက်ရ ပြုစုလိုက်ရသည့်အခါမှ ပင်သဘောပေါက်တော့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန် မာ့မြေပေါ်၌ အင်္ဂလိပ်နှင့်ဂျပန်တို့ အစွမ်းကုန် တိုက်ပွဲဖြစ်ခဲ့ကြရခြင်း၏အကျိုးဆက်အဖြစ် နိုင်ငံရေး၊ စစ် ရေးရလဒ် အပြောင်းအလဲဖြစ်စေခဲ့သည်။ ဂျပန်ပြန်အထွက် အင်္ဂလိပ်ပြန်အဝင်မှာလည်း ထိုနည်းတူပင် ဖြစ်ခဲ့ရသည်။ ဂျပန်နှင့် အင်္ဂလိပ်တို့သည် အဓိကဇာတ်ဆောင်နေရာကပါဝင်ခဲ့ကြသည်။
ဤသို့ရေး၍လည်း မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို မှေးမှိန်စေလိုခြင်းကြောင့် မဟုတ်ပါ။ အဆိုးအကောင်း ဒွန်တွဲနေသည့် သဘောသဘာဝနှင့်အညီ ကောင်းကျိုးက လွတ်လပ်ရေးရခဲ့ သည်မှာ ငြင်း၍မရပါသော်လည်း ဆိုးကျိုးအဖြစ် လက်နက်ကိုင်လမ်းစဉ်ကြီး အမြစ်တွယ် ကျန်ရစ်ခဲ့ရပေ သည်။ ထို့ကြောင့် နန်းရင်းဝန်ဖြစ်ခဲ့ဖူးသော ဂဠုန်ဦးစောက ဗြိတိန်ဝန်ကြီးချုပ်ဝင်စတန် ချာချီထံ မြန်မာ ပြည်ကို လွတ်လပ်ရေးပေးရန်တောင်း ဆိုသည့်အခါ ချာချီက မင်းတို့တိုင်းပြည် လွတ်လပ်ရရင် အချင်း ချင်းလက်နက်ကိုင်ပြီး ချကြလိမ့်မည်ပြောခဲ့ခြင်းဖြစ်ပေလိမ့်မည်။
မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်မြန်မာတို့သည် အဓိကဇာတ်ဆောင်များ ရုပ်လုံး ကြွရန်နှင့် ဇာတ်လမ်း ဇာတ်အိမ်ကောင်းရန် ဇာတ်ပို့နေရာက ပါဝင်ခဲ့ကြသည်ကတော့ သမိုင်း သို့သော် စာရေးသူတို့လူ့အဖွဲ့ အစည်းသည် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည့် အတ္တလန္တိတ်ချာတာကို သိသူ နည်း ပါးကြပါသည်။ ထို့ ကြောင့်ပင် လက်နက်ကိုင်လမ်းစဉ်ကသာ စာရေးသူ တို့အတွက် Hero တွေ ဖြစ်ခဲ့ ကြရသည်။ အကျိုးဆက်ကတော့ လက်နက်ကိုင်လမ်းစဉ်ကသာရနိုင်သည်ဆိုသော နိုင်ငံရေး ဓလေ့ အမှားကြီးက မြန်မာ့လူ့အဖွဲ့အစည်းကို ဝိညာဉ်သဖွယ်ပူးကပ်သွားပါတော့သည်။
ဤတစ်ချက်တည်းနှင့် လက်နက်ကိုင် လမ်းစဉ်ရွေးချယ်ခဲ့သည်ဟု ဆိုပြန်လျှင်လည်း ရာနှုန်း ပြည့်တော့မမှန်နိုင်ပေ။ ဤအချက်က လက် နက်ကိုင်လမ်းစဉ်ပေါ်ပေါက်လာစေရန် ခိုင်လုံသည့် ရေခံ မြေခံ အစပျိုးမှုဖြစ်ပါသည်။ လက်နက်ကိုင် လမ်းစဉ်ဆီကို တွန်းပို့လိုက်သည့် နောက်တစ်ချက်က နိုင်ငံ ရေးပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းမည်ဆိုသည့်ပလက်ဖောင်းပျောက်ခဲ့ခြင်းကလည်း လက်နက်ကိုင် လမ်းစဉ်ကို ကြီးထွားစေခဲ့ပြန်သည်။ (၁၉၈၇၊ ၁၉၈၈၊ ၁၉၈၉ ၊ ၁၉၉၀) ပြည့်နှစ်ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကမ္ဘာကြီးမှာ တတိယလှိုင်း ဒီမိုကရေစီကူးပြောင်းမှု စတင်ခဲ့ကြောင်း ဟယ်တင်တန် (ဟားဗတ် တက္ကသိုလ်) စာအုပ်အရ ဖတ်ရှုခွင့်ရခဲ့ပါသည်။
ထိုကာလ ကမ္ဘာကြီးကို လေ့လာကြည့်လျှင်လည်း(၁၉၈၈)ခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေထွေ သပိတ်ကြီး ဖြစ်ခဲ့ပါသည်။ (၁၉၈၉) ခုနှစ်တွင် တရုတ် နိုင်ငံ၌ တီယမ်နန်ရင်ပြင် ဆန္ဒပြပွဲကြီးဖြစ်ပြန်ပါ သည်။ (၉-၁၁-၁၉၈၉) တွင် ဂျာမနီနိုင်ငံ၌ ဘာလင် တံတိုင်းပြိုကျပြန်သည်။ (၁၉၉၀)ပြည့်နှစ်တွင် ဆိုဗီ ယက်ပြည်ထောင်စုပြိုကွဲသွားပြီး နိုင်ငံပေါင်း (၁၅) နိုင်ငံ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြစ်ခဲ့ခြင်းကို ဆို ရှယ်လစ်ကွန်မြူနစ်ဝါဒကျဆုံးသွားပြီး ဒီမိုကရေစီ နိုင်ငံတွေ အများအပြားဖြစ်ထွန်းလာခဲ့သဖြင့် ထို ကာလကို တတိယလှိုင်း ဒီမိုကရေစီအကူးအပြောင်း ကာလဟု ခေါ်ကြပါသည်။
ထိုအချိန်က ကမ္ဘာ့နိုင်ငံရေးအပြောင်း အလဲနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ နေမကောင်း၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာ နိုင်ငံတွင် (၈၈)အရေးအခင်းသပိတ်ကြီးဖြစ်ပွား ခဲ့ပါသည်။ အရေးအခင်းကာလ ကနဦးအစတွင် စာရေး ဆရာအထောက်တော်လှအောင်က အမေရိကန် သံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့နိုင်ငံ ရေးကို စိတ်ဝင်စားသလား။ ဖခင်သည် အမျိုးသားခေါင်းဆောင်ကြီးဖြစ်သဖြင့် နိုင်ငံရေးလုပ်မလားဟု မေးသည့်အခါ နိုင်ငံရေးကို စိတ်မဝင်စားကြောင်းနှင့် သားနှစ်ယောက် ပညာရေးအတွက် ဗြိတိန်ပြန်မည် ဟု ဖြေခဲ့သည်။ သို့သော်နောက်ပိုင်းတွင် အခြေ အနေက ထိုသို့မဟုတ်တော့ဘဲ (၁၉၈၈) ခုနှစ်၊ စက်တင် ဘာလ (၂၄)ရက်တွင် ဦးအောင်ကြီး ၊ သီရိ ပျံချီ ဦးကြည်မောင် ၊ သရေစည်သူ ဦးအောင်ရွှေ၊ သူရ ဦးတင် ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်ဖွဲ့စည်းခဲ့သည်။ ဤအချိန်ထိ ပြဿနာဟုမဆိုနိုင်သော်လည်း နောက်ပိုင်းတွင်မြန်မာ့လူ့အဖွဲ့အစည်းသို့ နိုင်ငံရေးဓလေ့ အမှား (၂)ရပ် သွတ်သွင်းလာခဲ့ပြန်သည် ။
ဤနိုင်ငံရေးဓလေ့ အမှား(၂)ရပ်မှာ အခြားမဟုတ်ပေ။ လူထုကိုလမ်းပေါ်ဆွဲတင်ပြီး လက်နက် သဖွယ်အသုံးချသည့် ဆန္ဒပြတောင်းဆိုမှု နှင့် တည်ဆဲအစိုးရ ၊ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်လျှင် နိုင်ငံရေးဖြစ်သည်ဟူသော အယူအဆပင် ဖြစ်သည်။ လမ်းပေါ်တက်ဆန္ဒပြသည့် ဓလေ့ (၁၉၈၈)ခုနှစ်တွင် ဈာန်ဝင်ခဲ့သလို ဆန္ဒပြမှုကိုပင် ဒီမိုကရေစီ ဟု ထင်ခဲ့ကြသူများရှိခဲ့သည်။ ထိုနည်းတူ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို ဝေဖန်ဆန့်ကျင်တိုက်ခိုက်ပြီး ထောင်ထဲဝင်ရသည်ကိုလည်း နိုင်ငံရေးဟု ယူဆကြသူများ ရှိခဲ့ကြသည်။ ထိုဓလေ့အမှားကို ထိုခေတ်ကစ၍ ယနေ့တိုင်အရိုးစွဲနေသူများလည်း ရှိကြပေသည်။ ဤ အယူအဆမှားသည် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီနှင့် ကျွဲကူး ရေပါသလို တစ်ပါ တည်း မသိမသာယူဆောင်လာခဲ့ပါသည်။
(၁၉၈၈) ခုနှစ်မှ ယနေ့တိုင် NLD ပါတီဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးမဲဆွယ်မှုများ နှင့် မီဒီယာများထံဖြေကြားမှုများကို ကြည့် လျှင်လည်း တည်ဆဲအစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံး စုံပျက်သုဉ်းရေးကိုသာဦးတည်ခဲ့သည်ကို တွေ့ရသည်။ တပ်မတော်ကို ဆန့်ကျင်ပုတ်ခတ်မှုများ၊ ဝေဖန် တိုက်ခိုက်မှုများကိုသာ တစ်စိုက်မတ်မတ် လုပ်ခဲ့ကြသည်။ အဆိုးဆုံးကာလတစ်ခုကိုပြပါဆိုလျှင် ဦး သိန်းစိန်ခေတ်နှင့် NLD ခေတ် (၁၀)နှစ် တာကာလအတွင်းဖြစ်ခဲ့ပါသည်။ ဒီမိုကရေစီနှင့်အတူ နိုင်ငံရေး လွတ်လပ်ခွင့် အလွန်အမင်းပေးခဲ့ခြင်း ကြောင့်လည်း မီဒီယာစာမျက်နှာများတွင် တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပို၍ဆိုးသထက် ဆိုးလာခဲ့ပါသည်။
သမ္မတကြီးဦးသိန်းစိန်က ဒီမိုကရေစီ စံနှုန်းများနှင့်အညီ စေတနာထားပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပေးခဲ့ပါသည်။ သူ့ခေတ်မှာ (၁၅၀ဝ) တန် ဖုန်းတွေကိုင်ခွင့်နှင့် အင်တာနက်သုံးစွဲခွင့်ပါ ရခဲ့သဖြင့် မြန်မာ ပြည်၏ရွှေခေတ်ဟုတောင် ပြောလျှင်ရမည်ဖြစ်ပါသည်။ ထိုသို့ရွှေခေတ်နှင့်အတူ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးလွတ်လပ်ခွင့်စာပေ လွတ်လပ်ခွင့်မီဒီယာလွတ်လပ်ခွင့်ပေးလိုက်သည့်အခါ နိုင်ငံရေးသမား ကစပြီး စာရေးဆရာအနုပညာ သမားများပါမကျန် အာပေါင်အားရင်းသန်သန်နှင့် တပ် မုန်းတီးရေးကို လက်နက်တစ်ခုသဖွယ် အသုံး ချတိုက်ခိုက်ခဲ့ကြသည်ကိုတွေ့ရသည်။ စနစ်၏ အားနည်းချက်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့်အတိတ်က အဆွေးအဟောင်းဒဏ်ရာများကို ပြန်လည် တူးဆွ ရင်းတပ်နှင့်ပြည်သူကို ဝေးသထက်ဝေးသွားအောင် တွန်းပို့ပစ်လိုက်တာမျိုး NLD ခေတ်အထိ ဆယ်စုနှစ် တစ်စုအထိ တစ်စိုက် မတ်မတ်လုပ်ခဲ့ကြပါသည်။ပိုဆိုးသွားသည်က သမိုင်းကို ကောင်းကောင်းမသိကြ၊ စာကောင်းကောင်း မဖတ်ကြသည့် လူငယ် GZ မျိုးဆက်များသည် သူတို့စကားများတွင်လမ်းဆုံးရင်း တပ်ကို ဆန့်ကျင်ဖို့ သန္ဓေတည်ခဲ့ကြသလို လမ်းမှား ကို ရောက်ဖို့အတွက်လည်း တာစူခဲ့ကြသည်တွေ့ခဲ့ရ သည်။
အဆိုးဆုံးကတော့ ဒီ GZ ဆိုသည့် လူငယ်မျိုးဆက်များသည် နိုင်ငံရေးအပြောင်းအလဲဖြစ်သည့် အခါ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိကြဘဲ ကမူးရှူး ထိုးနှင့် PDF များအဖြစ် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်လိုက်ကြပါသည်။ ဤ GZ လူငယ်များ၏နောက်ကွယ်တွင် ပြည်တွင်း/ပြည်ပ အင် အားစုတွေက လက်မည်းများအဖြစ် ပါဝင်မြှောက်ပေးခဲ့ကြသလို ဤအခွင့်အရေးကိုစောင့်နေကြသည့် EAOs များသည်လည်း PDF တွေကို ကောင်းကောင်း အသုံးချခဲ့ကြ ပါသည်။ ဤသို့ဖြင့် မြန်မာ့နိုင်ငံရေး သည် ယနေ့ကာလတွင် ကြုံတွေ့နေရသည့်အတိုင်း အဆိုးဆုံးအခြေအနေတစ်ခုဆီကို ရောက်ရှိခဲ့ရပါ သည်။
အချုပ်ဆိုရလျှင် မြန်မာ့နိုင်ငံရေးသည် လက်နက်ကိုင်လမ်းစဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားနှင့် သန္ဓေတည်ခဲ့ရသဖြင့် လက်နက်ကိုင်ပဋိပက္ခ များထူပြောခဲ့ရသည်။ တစ်ဖန် လူထုကိုလမ်းပေါ် ဆွဲတင် ခြင်းဖြင့် ပြည်သူလူထုကို လက်နက်သဖွယ် အသုံးချခဲ့ကြသူများကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်ခဲ့ရ သည်။ တည်ဆဲအစိုးရနှင့် တပ်မတော်ကို ဝေဖန်တိုက်ခိုက်လျှင် နိုင်ငံရေးဖြစ်သည်ဟူသော အယူအဆ မှား၊ ဓလေ့အမှားကြောင့် တပ်နှင့် ပြည်သူ ဒဏ်ရာအဟ ကြီးခဲ့ရပြီဖြစ်ပါသည်။ အမျိုးသား စည်းလုံးညီ ညွတ်ရေး Nation building ပြိုကွဲခဲ့ရသည်။
ဤအရာများသည်သမိုင်းတွင် မှားခဲ့ကြသည့်အမှားများဖြစ်သလို ယနေ့တိုင်လည်း ဆက်လက် ရှင်သန်နေဆဲဖြစ်သည်။ ထို့ကြောင့် အတိတ်က သန္ဓေတည်ခဲ့သည့်နိုင်ငံရေး ဓလေ့အမှားများကို ယနေ့ မျိုးဆက်က သင်ခန်းစာယူပြီး ပြင်ဆင်သွားကြရမည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ လျှော့ချရေး၊ ငြိမ်းချမ်းသာယာသောပြည်ထောင်စု တည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါက် ရိုးကျိုးနေသော နိုင်ငံရေးဓလေ့အမှားများကို အမြန်ဆုံးပြင်ဆင်ကြပါဟု အကြံပြုတိုက်တွန်းလိုက်ပါ သည်။

Zawgyi Version:
ျပဳျပင္ေျပာင္းလဲရမယ့္ ေခတ္သစ္ႏိုင္ငံေရး ဓေလ့အမွား (၂ )
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News)
စာေရးသူတို႔ ျမန္မာ့လူအဖြဲ႕အစည္း၏စံျပဳႏိုင္ငံေရးဓေလ့က လက္နက္ကိုင္လမ္းစဥ္ျဖစ္ခဲ့သည္ ကို ထဲထဲဝင္ဝင္ေလ့လာၾကည့္လွ်င္ ေတြ႕ျမင္ရမည္ျဖစ္ပါသည္။ လူမ်ိဳးႏြယ္စုတိုင္းက ျမန္မာတို႔၏ လြတ္ လပ္ေရးႀကိဳးပမ္းမႈသမိုင္းကိုအားက်ၿပီး လြတ္ ေျမာက္ေရးကိုႀကိဳးပမ္းဖို႔မသင့္ၾကသလို ကိုယ္လိုခ်င္တာ ရရန္ လက္နက္ကိုင္မွျဖစ္မည္၊ လက္နက္ကိုင္မွရလိမ့္မည္ဟူေသာအယူအဆကို ဆြဲကိုင္မထားသင့္ပါ။ ဤကဲ့သို႔ လက္နက္ကိုင္လမ္းစဥ္ အယူအဆကို ေခါက္႐ိုးက်ိဳးခဲ့ျခင္းေၾကာင့္လည္း ေခတ္အဆက္ဆက္ အစိုးရတိုင္းရင္ဆိုင္ခဲ့ရသည့္ အဓိကျပႆနာသည္ လက္နက္ကိုင္လမ္းစဥ္ ျဖစ္ခဲ့သကဲ့သို႔ ျပည္သူလူထု ကလည္း လက္နက္ကိုင္လမ္းစဥ္၏အက်ိဳးဆက္ကို ခါးသီးၿပီးခံခဲ့ရသည္မွာ ယေန႔ဆိုလွ်င္ ႏွစ္ေပါင္း (၈၀) နားပင္ ေရာက္လာခဲ့ၿပီးျဖစ္ပါသည္။
ျမန္မာတို႔၏ စံျပဳႏိုင္ငံေရးဓေလ့ကို ပုံသြင္းလိုက္သည္က ကေလးမ်ားကို ငယ္ဘဝတြင္ သင္ၾကား ခဲ့ရသည့္ သမိုင္းသင္ခန္းစာမ်ားလည္းပါခဲ့သည္ကို ေလ့လာေတြ႕ရွိခဲ့ရျပန္သည္။ မ်ိဳးခ်စ္စိတ္ဓာတ္ ရွင္ သန္ထက္ျမက္ေရးဆိုသည့္ေခါင္းစဥ္ေအာက္က သင္ၾကားခဲ့ရေသာ သမိုင္းသင္ခန္းစာမ်ားကလည္း လက္ နက္ကိုင္လမ္းစဥ္ကို မသိမသာ တြန္းပို႔သကဲ့သို႔ ျဖစ္ခဲ့ရသည္။ လိုခ်င္တာရဖို႔အတြက္ လက္နက္ကိုင္ၿပီး တိုက္ယူရမည္ဆိုသည့္ အယူအဆက စာေရးသူတို႔ လူ႔အဖြဲ႕အစည္းကို စတင္ပုံသြင္းေပးခဲ့သည့္ႏိုင္ငံေရး ဓေလ့အမွားတစ္ခုျဖစ္ေနမွန္း ဆန္းစစ္ေလ့လာၾကည့္ေတာ့မွ ေတြ႕ရပါေတာ့သည္။
စာေရးသူ ငယ္ငယ္တုန္းက ျမန္မာတို႔၏လက္နက္ကိုင္ေတာ္လွန္ခဲ့သည့္ လြတ္လပ္ေရးႀကိဳးပမ္း မႈသမိုင္းကို အားက်ခဲ့ဖူးပါသည္။ ဤသည္မွာ (၁၀)တန္းေအာင္ၿပီးစအထိ ျဖစ္ေပၚခဲ့ရသည့္ ခံစားခ်က္၊ ခံယူခ်က္ျဖစ္ပါသည္။ ေနာက္ပိုင္း တကၠသိုလ္တြင္ သမိုင္းေမဂ်ာယူခဲ့ရ၍ သမိုင္းအေၾကာင္း ေလ့လာခြင့္ ရခဲ့သလို စစ္သင္တန္းေတြမွာလည္း စာတမ္းေတြျပဳစုေတာ့ ျမန္မာ့သမိုင္းအား ထပ္ၿပီးေလ့လာခြင့္ရခဲ့ ျပန္ပါသည္။ ပိုၿပီးကံေကာင္းေစတာက စစ္ဦးစီးတကၠသိုလ္၊ NDC တို႔ တက္ခြင့္မရခဲ့ေသာ္လည္း Opw NDC စာတမ္းေတြကို ဝိုင္းဝန္းကူညီျပဳစုေပးရင္းႏွင့္ က်မ္းေတာ္ေတာ္မ်ားမ်ားကိုဖတ္ခဲ့ဖူးသလို အခ်ိဳ႕ က်မ္းမ်ားကိုလည္း ဝိုင္းဝန္းကူညီျပဳစုေရးသားခဲ့ရဖူးပါသည္။
ဤတြင္ ဂ်ပန္ဗိုလ္ခ်ဳပ္ႀကီး အီးဒါးရဲ႕ ျမန္မာျပည္ထိုးစစ္၊ ဂ်ပန္ဗိုလ္ခ်ဳပ္ႀကီး မူဒါဂူခ်ီ၏ အင္ဖာကို ဟီးမား စစ္ဆင္ေရး၊ ၿဗိတိသွ်ဗိုလ္ခ်ဳပ္ႀကီး ဆာဝီလီယံစလင္း၏ အမွတ္( ၁ )ျမန္မာ တပ္မႀကီးခြာ စစ္၊ ၿဗိ တိသွ် မဟာမိတ္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အလက္ဇျႏၵား၏ ျမန္မာျပည္ခြာစစ္ စသည့္စာအုပ္မ်ား၊ က်မ္း မ်ားကိုဖတ္လိုက္ရ ျပဳစုလိုက္ရသည့္အခါမွ ပင္သေဘာေပါက္ေတာ့သည္။ ဒုတိယကမာၻစစ္အတြင္း ျမန္ မာ့ေျမေပၚ၌ အဂၤလိပ္ႏွင့္ဂ်ပန္တို႔ အစြမ္းကုန္ တိုက္ပြဲျဖစ္ခဲ့ၾကရျခင္း၏အက်ိဳးဆက္အျဖစ္ ႏိုင္ငံေရး၊ စစ္ ေရးရလဒ္ အေျပာင္းအလဲျဖစ္ေစခဲ့သည္။ ဂ်ပန္ျပန္အထြက္ အဂၤလိပ္ျပန္အဝင္မွာလည္း ထိုနည္းတူပင္ ျဖစ္ခဲ့ရသည္။ ဂ်ပန္ႏွင့္ အဂၤလိပ္တို႔သည္ အဓိကဇာတ္ေဆာင္ေနရာကပါဝင္ခဲ့ၾကသည္။
ဤသို႔ေရး၍လည္း ျမန္မာတို႔၏ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းကို ေမွးမွိန္ေစလိုျခင္းေၾကာင့္ မဟုတ္ပါ။ အဆိုးအေကာင္း ဒြန္တြဲေနသည့္ သေဘာသဘာဝႏွင့္အညီ ေကာင္းက်ိဳးက လြတ္လပ္ေရးရခဲ့ သည္မွာ ျငင္း၍မရပါေသာ္လည္း ဆိုးက်ိဳးအျဖစ္ လက္နက္ကိုင္လမ္းစဥ္ႀကီး အျမစ္တြယ္ က်န္ရစ္ခဲ့ရေပ သည္။ ထို႔ေၾကာင့္ နန္းရင္းဝန္ျဖစ္ခဲ့ဖူးေသာ ဂဠဳန္ဦးေစာက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဝင္စတန္ ခ်ာခ်ီထံ ျမန္မာ ျပည္ကို လြတ္လပ္ေရးေပးရန္ေတာင္း ဆိုသည့္အခါ ခ်ာခ်ီက မင္းတို႔တိုင္းျပည္ လြတ္လပ္ရရင္ အခ်င္း ခ်င္းလက္နက္ကိုင္ၿပီး ခ်ၾကလိမ့္မည္ေျပာခဲ့ျခင္းျဖစ္ေပလိမ့္မည္။
ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းတြင္ျမန္မာတို႔သည္ အဓိကဇာတ္ေဆာင္မ်ား ႐ုပ္လုံး ႂကြရန္ႏွင့္ ဇာတ္လမ္း ဇာတ္အိမ္ေကာင္းရန္ ဇာတ္ပို႔ေနရာက ပါဝင္ခဲ့ၾကသည္ကေတာ့ သမိုင္း သို႔ေသာ္ စာေရးသူတို႔လူ႔အဖြဲ႕ အစည္းသည္ ကမာၻႀကီးကိုေျပာင္းလဲေစခဲ့သည့္ အတၱလႏၲိတ္ခ်ာတာကို သိသူ နည္း ပါးၾကပါသည္။ ထို႔ ေၾကာင့္ပင္ လက္နက္ကိုင္လမ္းစဥ္ကသာ စာေရးသူ တို႔အတြက္ Hero ေတြ ျဖစ္ခဲ့ ၾကရသည္။ အက်ိဳးဆက္ကေတာ့ လက္နက္ကိုင္လမ္းစဥ္ကသာရႏိုင္သည္ဆိုေသာ ႏိုင္ငံေရး ဓေလ့ အမွားႀကီးက ျမန္မာ့လူ႔အဖြဲ႕အစည္းကို ဝိညာဥ္သဖြယ္ပူးကပ္သြားပါေတာ့သည္။
ဤတစ္ခ်က္တည္းႏွင့္ လက္နက္ကိုင္ လမ္းစဥ္ေ႐ြးခ်ယ္ခဲ့သည္ဟု ဆိုျပန္လွ်င္လည္း ရာႏႈန္း ျပည့္ေတာ့မမွန္ႏိုင္ေပ။ ဤအခ်က္က လက္ နက္ကိုင္လမ္းစဥ္ေပၚေပါက္လာေစရန္ ခိုင္လုံသည့္ ေရခံ ေျမခံ အစပ်ိဳးမႈျဖစ္ပါသည္။ လက္နက္ကိုင္ လမ္းစဥ္ဆီကို တြန္းပို႔လိုက္သည့္ ေနာက္တစ္ခ်က္က ႏိုင္ငံ ေရးပဋိပကၡမ်ားကို ညႇိႏႈိင္းေျဖရွင္းမည္ဆိုသည့္ပလက္ေဖာင္းေပ်ာက္ခဲ့ျခင္းကလည္း လက္နက္ကိုင္ လမ္းစဥ္ကို ႀကီးထြားေစခဲ့ျပန္သည္။ (၁၉၈၇၊ ၁၉၈၈၊ ၁၉၈၉ ၊ ၁၉၉၀) ျပည့္ႏွစ္ပတ္ဝန္းက်င္တစ္ဝိုက္တြင္ ကမာၻႀကီးမွာ တတိယလႈိင္း ဒီမိုကေရစီကူးေျပာင္းမႈ စတင္ခဲ့ေၾကာင္း ဟယ္တင္တန္ (ဟားဗတ္ တကၠသိုလ္) စာအုပ္အရ ဖတ္ရႈခြင့္ရခဲ့ပါသည္။
ထိုကာလ ကမာၻႀကီးကို ေလ့လာၾကည့္လွ်င္လည္း(၁၉၈၈)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ အေထြေထြ သပိတ္ႀကီး ျဖစ္ခဲ့ပါသည္။ (၁၉၈၉) ခုႏွစ္တြင္ တ႐ုတ္ ႏိုင္ငံ၌ တီယမ္နန္ရင္ျပင္ ဆႏၵျပပြဲႀကီးျဖစ္ျပန္ပါ သည္။ (၉-၁၁-၁၉၈၉) တြင္ ဂ်ာမနီႏိုင္ငံ၌ ဘာလင္ တံတိုင္းၿပိဳက်ျပန္သည္။ (၁၉၉၀)ျပည့္ႏွစ္တြင္ ဆိုဗီ ယက္ျပည္ေထာင္စုၿပိဳကြဲသြားၿပီး ႏိုင္ငံေပါင္း (၁၅) ႏိုင္ငံ ေပၚေပါက္လာခဲ့သည္။ ဤသို႔ျဖစ္ခဲ့ျခင္းကို ဆို ရွယ္လစ္ကြန္ျမဴနစ္ဝါဒက်ဆုံးသြားၿပီး ဒီမိုကေရစီ ႏိုင္ငံေတြ အမ်ားအျပားျဖစ္ထြန္းလာခဲ့သျဖင့္ ထို ကာလကို တတိယလႈိင္း ဒီမိုကေရစီအကူးအေျပာင္း ကာလဟု ေခၚၾကပါသည္။
ထိုအခ်ိန္က ကမာၻ႔ႏိုင္ငံေရးအေျပာင္း အလဲႏွင့္အတူ ေဒၚေအာင္ဆန္းစုၾကည္သည္ မိခင္ျဖစ္သူ ေနမေကာင္း၍ ျမန္မာႏိုင္ငံသို႔ ျပန္လည္ ေရာက္ရွိလာခဲ့ပါသည္။ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ျမန္မာ ႏိုင္ငံတြင္ (၈၈)အေရးအခင္းသပိတ္ႀကီးျဖစ္ပြား ခဲ့ပါသည္။ အေရးအခင္းကာလ ကနဦးအစတြင္ စာေရး ဆရာအေထာက္ေတာ္လွေအာင္က အေမရိကန္ သံ႐ုံးေရွ႕တြင္ ေဒၚေအာင္ဆန္းစုၾကည္အား ျမန္မာ့ႏိုင္ငံ ေရးကို စိတ္ဝင္စားသလား။ ဖခင္သည္ အမ်ိဳးသားေခါင္းေဆာင္ႀကီးျဖစ္သျဖင့္ ႏိုင္ငံေရးလုပ္မလားဟု ေမးသည့္အခါ ႏိုင္ငံေရးကို စိတ္မဝင္စားေၾကာင္းႏွင့္ သားႏွစ္ေယာက္ ပညာေရးအတြက္ ၿဗိတိန္ျပန္မည္ ဟု ေျဖခဲ့သည္။ သို႔ေသာ္ေနာက္ပိုင္းတြင္ အေျခ အေနက ထိုသို႔မဟုတ္ေတာ့ဘဲ (၁၉၈၈) ခုႏွစ္၊ စက္တင္ ဘာလ (၂၄)ရက္တြင္ ဦးေအာင္ႀကီး ၊ သီရိ ပ်ံခ်ီ ဦးၾကည္ေမာင္ ၊ သေရစည္သူ ဦးေအာင္ေ႐ႊ၊ သူရ ဦးတင္ ဦး ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကို စတင္ဖြဲ႕စည္းခဲ့သည္။ ဤအခ်ိန္ထိ ျပႆနာဟုမဆိုႏိုင္ေသာ္လည္း ေနာက္ပိုင္းတြင္ျမန္မာ့လူ႔အဖြဲ႕အစည္းသို႔ ႏိုင္ငံေရးဓေလ့ အမွား (၂)ရပ္ သြတ္သြင္းလာခဲ့ျပန္သည္ ။
ဤႏိုင္ငံေရးဓေလ့ အမွား(၂)ရပ္မွာ အျခားမဟုတ္ေပ။ လူထုကိုလမ္းေပၚဆြဲတင္ၿပီး လက္နက္ သဖြယ္အသုံးခ်သည့္ ဆႏၵျပေတာင္းဆိုမႈ ႏွင့္ တည္ဆဲအစိုးရ ၊ တပ္မေတာ္ကို ဆန႔္က်င္တိုက္ခိုက္လွ်င္ ႏိုင္ငံေရးျဖစ္သည္ဟူေသာ အယူအဆပင္ ျဖစ္သည္။ လမ္းေပၚတက္ဆႏၵျပသည့္ ဓေလ့ (၁၉၈၈)ခုႏွစ္တြင္ ဈာန္ဝင္ခဲ့သလို ဆႏၵျပမႈကိုပင္ ဒီမိုကေရစီ ဟု ထင္ခဲ့ၾကသူမ်ားရွိခဲ့သည္။ ထိုနည္းတူ ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္ကို ေဝဖန္ဆန႔္က်င္တိုက္ခိုက္ၿပီး ေထာင္ထဲဝင္ရသည္ကိုလည္း ႏိုင္ငံေရးဟု ယူဆၾကသူမ်ား ရွိခဲ့ၾကသည္။ ထိုဓေလ့အမွားကို ထိုေခတ္ကစ၍ ယေန႔တိုင္အ႐ိုးစြဲေနသူမ်ားလည္း ရွိၾကေပသည္။ ဤ အယူအဆမွားသည္ ေဒၚေအာင္ ဆန္းစုၾကည္ဦးေဆာင္သည့္ NLD ပါတီႏွင့္ ကြၽဲကူး ေရပါသလို တစ္ပါ တည္း မသိမသာယူေဆာင္လာခဲ့ပါသည္။
(၁၉၈၈) ခုႏွစ္မွ ယေန႔တိုင္ NLD ပါတီဝင္မ်ား၏ ႏိုင္ငံေရးလႈပ္ရွားမႈမ်ား၊ ႏိုင္ငံေရးမဲဆြယ္မႈမ်ား ႏွင့္ မီဒီယာမ်ားထံေျဖၾကားမႈမ်ားကို ၾကည့္ လွ်င္လည္း တည္ဆဲအစိုးရႏွင့္ထိပ္တိုက္ရင္ဆိုင္ေရး၊ အလုံး စုံပ်က္သုဥ္းေရးကိုသာဦးတည္ခဲ့သည္ကို ေတြ႕ရသည္။ တပ္မေတာ္ကို ဆန႔္က်င္ပုတ္ခတ္မႈမ်ား၊ ေဝဖန္ တိုက္ခိုက္မႈမ်ားကိုသာ တစ္စိုက္မတ္မတ္ လုပ္ခဲ့ၾကသည္။ အဆိုးဆုံးကာလတစ္ခုကိုျပပါဆိုလွ်င္ ဦး သိန္းစိန္ေခတ္ႏွင့္ NLD ေခတ္ (၁၀)ႏွစ္ တာကာလအတြင္းျဖစ္ခဲ့ပါသည္။ ဒီမိုကေရစီႏွင့္အတူ ႏိုင္ငံေရး လြတ္လပ္ခြင့္ အလြန္အမင္းေပးခဲ့ျခင္း ေၾကာင့္လည္း မီဒီယာစာမ်က္ႏွာမ်ားတြင္ တပ္မေတာ္အေပၚ ေဝဖန္တိုက္ခိုက္မႈမ်ား ပို၍ဆိုးသထက္ ဆိုးလာခဲ့ပါသည္။
သမၼတႀကီးဦးသိန္းစိန္က ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္အညီ ေစတနာထားၿပီး ႏိုင္ငံေရးလြတ္လပ္ခြင့္ ေပးခဲ့ပါသည္။ သူ႔ေခတ္မွာ (၁၅၀ဝ) တန္ ဖုန္းေတြကိုင္ခြင့္ႏွင့္ အင္တာနက္သုံးစြဲခြင့္ပါ ရခဲ့သျဖင့္ ျမန္မာ ျပည္၏ေ႐ႊေခတ္ဟုေတာင္ ေျပာလွ်င္ရမည္ျဖစ္ပါသည္။ ထိုသို႔ေ႐ႊေခတ္ႏွင့္အတူ ဦးသိန္းစိန္ အစိုးရက ႏိုင္ငံေရးလြတ္လပ္ခြင့္စာေပ လြတ္လပ္ခြင့္မီဒီယာလြတ္လပ္ခြင့္ေပးလိုက္သည့္အခါ ႏိုင္ငံေရးသမား ကစၿပီး စာေရးဆရာအႏုပညာ သမားမ်ားပါမက်န္ အာေပါင္အားရင္းသန္သန္ႏွင့္ တပ္ မုန္းတီးေရးကို လက္နက္တစ္ခုသဖြယ္ အသုံး ခ်တိုက္ခိုက္ခဲ့ၾကသည္ကိုေတြ႕ရသည္။ စနစ္၏ အားနည္းခ်က္ေၾကာင့္ ျဖစ္ေပၚခဲ့ရသည့္အတိတ္က အေဆြးအေဟာင္းဒဏ္ရာမ်ားကို ျပန္လည္ တူးဆြ ရင္းတပ္ႏွင့္ျပည္သူကို ေဝးသထက္ေဝးသြားေအာင္ တြန္းပို႔ပစ္လိုက္တာမ်ိဳး NLD ေခတ္အထိ ဆယ္စုႏွစ္ တစ္စုအထိ တစ္စိုက္ မတ္မတ္လုပ္ခဲ့ၾကပါသည္။ပိုဆိုးသြားသည္က သမိုင္းကို ေကာင္းေကာင္းမသိၾက၊ စာေကာင္းေကာင္း မဖတ္ၾကသည့္ လူငယ္ GZ မ်ိဳးဆက္မ်ားသည္ သူတို႔စကားမ်ားတြင္လမ္းဆုံးရင္း တပ္ကို ဆန႔္က်င္ဖို႔ သေႏၶတည္ခဲ့ၾကသလို လမ္းမွား ကို ေရာက္ဖို႔အတြက္လည္း တာစူခဲ့ၾကသည္ေတြ႕ခဲ့ရ သည္။
အဆိုးဆုံးကေတာ့ ဒီ GZ ဆိုသည့္ လူငယ္မ်ိဳးဆက္မ်ားသည္ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္သည့္ အခါ စဥ္းစားဆင္ျခင္ႏိုင္စြမ္းမရွိၾကဘဲ ကမူးရႉး ထိုးႏွင့္ PDF မ်ားအျဖစ္ လက္နက္ကိုင္အၾကမ္းဖက္ လမ္းစဥ္ကို ေ႐ြးခ်ယ္လိုက္ၾကပါသည္။ ဤ GZ လူငယ္မ်ား၏ေနာက္ကြယ္တြင္ ျပည္တြင္း/ျပည္ပ အင္ အားစုေတြက လက္မည္းမ်ားအျဖစ္ ပါဝင္ေျမႇာက္ေပးခဲ့ၾကသလို ဤအခြင့္အေရးကိုေစာင့္ေနၾကသည့္ EAOs မ်ားသည္လည္း PDF ေတြကို ေကာင္းေကာင္း အသုံးခ်ခဲ့ၾက ပါသည္။ ဤသို႔ျဖင့္ ျမန္မာ့ႏိုင္ငံေရး သည္ ယေန႔ကာလတြင္ ႀကဳံေတြ႕ေနရသည့္အတိုင္း အဆိုးဆုံးအေျခအေနတစ္ခုဆီကို ေရာက္ရွိခဲ့ရပါ သည္။
အခ်ဳပ္ဆိုရလွ်င္ ျမန္မာ့ႏိုင္ငံေရးသည္ လက္နက္ကိုင္လမ္းစဥ္ဆိုသည့္ ႏိုင္ငံေရးဓေလ့အမွားႏွင့္ သေႏၶတည္ခဲ့ရသျဖင့္ လက္နက္ကိုင္ပဋိပကၡ မ်ားထူေျပာခဲ့ရသည္။ တစ္ဖန္ လူထုကိုလမ္းေပၚ ဆြဲတင္ ျခင္းျဖင့္ ျပည္သူလူထုကို လက္နက္သဖြယ္ အသုံးခ်ခဲ့ၾကသူမ်ားေၾကာင့္ ပဋိပကၡမ်ား ပိုမိုျပင္းထန္ခဲ့ရ သည္။ တည္ဆဲအစိုးရႏွင့္ တပ္မေတာ္ကို ေဝဖန္တိုက္ခိုက္လွ်င္ ႏိုင္ငံေရးျဖစ္သည္ဟူေသာ အယူအဆ မွား၊ ဓေလ့အမွားေၾကာင့္ တပ္ႏွင့္ ျပည္သူ ဒဏ္ရာအဟ ႀကီးခဲ့ရၿပီျဖစ္ပါသည္။ အမ်ိဳးသား စည္းလုံးညီ ၫြတ္ေရး Nation building ၿပိဳကြဲခဲ့ရသည္။
ဤအရာမ်ားသည္သမိုင္းတြင္ မွားခဲ့ၾကသည့္အမွားမ်ားျဖစ္သလို ယေန႔တိုင္လည္း ဆက္လက္ ရွင္သန္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ အတိတ္က သေႏၶတည္ခဲ့သည့္ႏိုင္ငံေရး ဓေလ့အမွားမ်ားကို ယေန႔ မ်ိဳးဆက္က သင္ခန္းစာယူၿပီး ျပင္ဆင္သြားၾကရမည္။ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡ ေလွ်ာ့ခ်ေရး၊ ၿငိမ္းခ်မ္းသာယာေသာျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေခါက္ ႐ိုးက်ိဳးေနေသာ ႏိုင္ငံေရးဓေလ့အမွားမ်ားကို အျမန္ဆုံးျပင္ဆင္ၾကပါဟု အႀကံျပဳတိုက္တြန္းလိုက္ပါ သည္။