ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်မနေဘူးလို့ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

 121

Pika (NP News) - ဇွန် ၁၂

ယူကရိန်းနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေပုံမပေါ်ဘူးလို့ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လက်ခံဖို့ ယူကရိန်းအစိုးရရဲ့ ငြင်းဆန်မှုကို Maksim Ryzhenkov က ပြစ်တင် ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့တွေ့ဆုံမှုမတိုင်ခင် Maksim Ryzhenkov ရဲ့ မှတ်ချက်ပြု ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စတန်ဘူလ်မြို့မှာ လုပ်ဆောင်ခဲ့ တဲ့‌ဆွေးနွေးပွဲအပြီး ယူကရိန်းစစ်သားရုပ်အလောင်း(၆၀၀၀)ကို ပြန်လည်ပေးအပ်မယ်လို့ ရုရှားဘက်က ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် ရုရှားအစိုးရဟာ ပထမအသုတ်အနေနဲ့ ယူကရိန်းစစ်သားရုပ်အလောင်း(၁၂၁၂)လောင်းကို ပြန်လည် လွှဲပြောင်းပေးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ယူကရိန်းဘက်က ငြင်းဆန်ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Maksim Ryzhenkov က “ယူကရိန်းရဲ့အပြုအမူတွေက ၎င်းတို့ဟာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်အဆင်သင့် ဖြစ်မနေဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက ၿငိမ္းခ်မ္းေရးအတြက္ အဆင္သင့္ျဖစ္မေနဘူးလို႔ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး ေဝဖန္
Pika (NP News) - ဇြန္ ၁၂

ယူကရိန္းႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးအတြက္ အဆင္သင့္ျဖစ္ေနပုံမေပၚဘူးလို႔ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီး Maksim Ryzhenkov က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္း က်ဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံဖို႔ ယူကရိန္းအစိုးရရဲ႕ ျငင္းဆန္မႈကို Maksim Ryzhenkov က ျပစ္တင္ ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ေတြ႕ဆုံမႈမတိုင္ခင္ Maksim Ryzhenkov ရဲ႕ မွတ္ခ်က္ျပဳ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က အစၥတန္ဘူလ္ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့ တဲ့‌ေဆြးေႏြးပြဲအၿပီး ယူကရိန္းစစ္သား႐ုပ္အေလာင္း(၆၀၀၀)ကို ျပန္လည္ေပးအပ္မယ္လို႔ ႐ုရွားဘက္က ထုတ္ျပန္ ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။
ဒါ့ျပင္ ႐ုရွားအစိုးရဟာ ပထမအသုတ္အေနနဲ႔ ယူကရိန္းစစ္သား႐ုပ္အေလာင္း(၁၂၁၂)ေလာင္းကို ျပန္လည္ လႊဲေျပာင္းေပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ယူကရိန္းဘက္က ျငင္းဆန္ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Maksim Ryzhenkov က “ယူကရိန္းရဲ႕အျပဳအမူေတြက ၎တို႔ဟာ ၿငိမ္းခ်မ္းေရးအတြက္ အမွန္တကယ္အဆင္သင့္ ျဖစ္မေနဘူးဆိုတာကို ျပသေနတာပဲျဖစ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.