မလှိုင်မြို့နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ဘဏ်စာရေးတစ်ဦးအပါအဝင် (၃)ဦး ဖမ်းဆီးသွား

 915

သန့်ဇင် (NP News) - ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ယမန်နေ့(ဇွန်လ ၁၁ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦးကို PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်ကာ ဘဏ်စာရေးတစ်ဦး အပါအဝင် လူ(၃)ဦး ဖမ်းဆီးသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာတွင်နေထိုင်သည့် အက်(၄၇)နှစ်အရွယ် ဦးဇော်မျိုးသက် (ခ) ကိုသက်သည် ရွှေမုဌောဘုရားအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ၎င်းပိုင်ကွမ်းဆိုင်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၂၀)ဦးခန့်က 4WD အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်(၅)စီးတို့ဖြင့် နွားထိုးကြီးမြို့နယ်ဘက်မှ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးဇော်မျိုးသက် (ခ) ကိုသက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF အဖွဲ့ဝင်များသည် ရွှေမုဌောဘုရားမြောက်ဘက်မုခ်အနီးနေထိုင်သူများဖြစ်သည့် ဦးကျော်သက် (၅၅) နှစ်၊ ဦးသက်နိုင်ဦး (ခ) ငသက် (၄၇) နှစ်နှင့် မလှိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်းစာရေး ဒေါ်ခင်မြင့်ထွေး (၄၀) နှစ်တို့ (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ တောင်သာမြို့နယ်၊ သံဘို-သန်းတန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထို့ကြောင့် PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်း(၁)ဦး နှင့် အပြစ်မဲ့ပြည်သူ(၂)ဦးအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မလႈိင္ၿမိဳ႕နယ္တြင္ PDF အဖြဲ႕က အမ်ိဳးသားတစ္ဦးကို ပစ္ခတ္သတ္ျဖတ္ကာ ဘဏ္စာေရးတစ္ဦးအပါအဝင္ (၃)ဦး ဖမ္းဆီးသြား
သန႔္ဇင္ (NP News) - ဇြန္ ၁၂

မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္တြင္ ယမန္ေန႔(ဇြန္လ ၁၁ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္ခန႔္က အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ပစ္ခတ္သတ္ျဖတ္ကာ ဘဏ္စာေရးတစ္ဦး အပါအဝင္ လူ(၃)ဦး ဖမ္းဆီးသြားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မလႈိင္ၿမိဳ႕နယ္၊ ပန္းအိုင္ေက်း႐ြာတြင္ေနထိုင္သည့္ အက္(၄၇)ႏွစ္အ႐ြယ္ ဦးေဇာ္မ်ိဳးသက္ (ခ) ကိုသက္သည္ ေ႐ႊမုေဌာဘုရားအနီးတြင္ ဖြင့္လွစ္ေရာင္းခ်လ်က္ရွိသည့္ ၎ပိုင္ကြမ္းဆိုင္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၂၀)ဦးခန႔္က 4WD အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီး၊ ဆိုင္ကယ္(၅)စီးတို႔ျဖင့္ ႏြားထိုးႀကီးၿမိဳ႕နယ္ဘက္မွ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဦးေဇာ္မ်ိဳးသက္ (ခ) ကိုသက္အား ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ PDF အဖြဲ႕ဝင္မ်ားသည္ ေ႐ႊမုေဌာဘုရားေျမာက္ဘက္မုခ္အနီးေနထိုင္သူမ်ားျဖစ္သည့္ ဦးေက်ာ္သက္ (၅၅) ႏွစ္၊ ဦးသက္ႏိုင္ဦး (ခ) ငသက္ (၄၇) ႏွစ္ႏွင့္ မလႈိင္ၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ အႀကီးတန္းစာေရး ေဒၚခင္ျမင့္ေထြး (၄၀) ႏွစ္တို႔ (၃)ဦးအား ဖမ္းဆီးေခၚေဆာင္ကာ ေတာင္သာၿမိဳ႕နယ္၊ သံဘို-သန္းတန္းေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံရသည့္ ႏိုင္ငံ့ဝန္ထမ္း(၁)ဦး ႏွင့္ အျပစ္မဲ့ျပည္သူ(၂)ဦးအား အျမန္ဆုံးျပန္လည္ကယ္တင္ႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.