ကော့ကရိတ်တွင် အကြမ်းဖက်အဖွဲ့၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရုံးအကူအပါအဝင် ကျောင်းသား/သူ (၄)ဦးသေဆုံး

 703

ချယ်ရီ (NP News) - ဇွန် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုံးအကူအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၄)ဦးသေဆုံး၍ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇွန်လ ၁၀ ရက်)၊ မွန်းလွဲပိုင်း (၁) နာရီအချိန်ခန့်က ကော့ကရိတ်မြို့ နယ် ပိုင်ရပ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင်ကြမ်းဖက်သမားများသည် ပိုင်ရပ်ကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ပိုင်ရပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့စာသင်ကြားပေးနေသည့် ဦးကုလား၏ နေအိမ်ရှေ့မြေကွက်လပ်သို့ လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ရုံးအကူဝန်ထမ်းဖြစ်သူ ဒေါ်မိသဇင်(၃၆) နှစ်နှင့် ကျောင်းသား၊ ကျောင်းသူ များဖြစ်ကြသည့် မောင်ဝေယံအောင်(၈)နှစ်၊ မလရိပ်ချို (၁၀)နှစ်နှင့် မသူဇာအေး (၆)နှစ်တို့ (၄)ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် လုပ်အားပေးဆရာမဖြစ်သူ မမိုးသူဇာ(၂၅)နှစ်နှင့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မစိုးစိုးစံ (၅)နှစ်၊ မအေးအေးမိုး (၈) နှစ်၊ မောင်အောင်ကျော်သူ(၄)နှစ်၊ မမျိုးစန္ဒာထွန်း(၆)နှစ်၊ မမျိုးသန္တာဦး (၇)နှစ်၊ မောင်လော်ချမ်း (၇)နှစ်၊ စောစံမြင့်အောင်(၇)နှစ်၊ မရွှေဇင်ထက်(၁၀)နှစ်၊ မယဉ်သူအေး (၉)နှစ်၊ မထွန်းရတနာ(၇)နှစ်၊ မောင်ကောင်းစည်သူစိုး (၇)နှစ်၊ မောင်လင်းလက်အောင် (၇)နှစ်၊ မချစ်မြတ်နိုး(၇)နှစ်၊ မငယ်ငယ် (၇)နှစ်၊ မမေလဝန်း(၇)နှစ်၊ မအိနန္ဒာဖြိုး(၇)နှစ်၊ မသွန်းသွန်း အိမ်စည်လင်း(၉)နှစ်၊ မသီသီဖြိုး (၉)နှစ်တို့ ၁၉ ဦး စုစုပေါင်း ဆရာမ (၁)ဦး၊ ကျောင်းသား (၅)ဦး၊ ကျောင်းသူ (၁၃) ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများက ကညင်ကတိုက်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းနှင့် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေကာ့ကရိတ္တြင္ အၾကမ္းဖက္အဖြဲ႕၏လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ႐ုံးအကူအပါအဝင္ ေက်ာင္းသား/သူ (၄)ဦးေသဆုံး
ခ်ယ္ရီ (NP News) - ဇြန္ ၁၂
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏ လက္နက္ႀကီးျဖင့္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ႐ုံးအကူအပါအဝင္ ေက်ာင္းသား၊ ေက်ာင္းသူ (၄)ဦးေသဆုံး၍ (၁၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇြန္လ ၁၀ ရက္)၊ မြန္းလြဲပိုင္း (၁) နာရီအခ်ိန္ခန႔္က ေကာ့ကရိတ္ၿမိဳ႕ နယ္ ပိုင္ရပ္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္နက္ကိုင္ၾကမ္းဖက္သမားမ်ားသည္ ပိုင္ရပ္ေက်း႐ြာသို႔ လက္နက္ႀကီးျဖင့္ပစ္ခတ္ခဲ့ရာ ပိုင္ရပ္ေက်း႐ြာ အေျခခံပညာအလယ္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား လုံၿခဳံေရးအေျခအေနအရ ေခတၱေျပာင္းေ႐ႊ႕စာသင္ၾကားေပးေနသည့္ ဦးကုလား၏ ေနအိမ္ေရွ႕ေျမကြက္လပ္သို႔ လက္နက္ႀကီး ဗုံးသီးတစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ႐ုံးအကူဝန္ထမ္းျဖစ္သူ ေဒၚမိသဇင္(၃၆) ႏွစ္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားျဖစ္ၾကသည့္ ေမာင္ေဝယံေအာင္(၈)ႏွစ္၊ မလရိပ္ခ်ိဳ (၁၀)ႏွစ္ႏွင့္ မသူဇာေအး (၆)ႏွစ္တို႔ (၄)ဦးတြင္ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ လုပ္အားေပးဆရာမျဖစ္သူ မမိုးသူဇာ(၂၅)ႏွစ္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖစ္ၾကသည့္ မစိုးစိုးစံ (၅)ႏွစ္၊ မေအးေအးမိုး (၈) ႏွစ္၊ ေမာင္ေအာင္ေက်ာ္သူ(၄)ႏွစ္၊ မမ်ိဳးစႏၵာထြန္း(၆)ႏွစ္၊ မမ်ိဳးသႏၲာဦး (၇)ႏွစ္၊ ေမာင္ေလာ္ခ်မ္း (၇)ႏွစ္၊ ေစာစံျမင့္ေအာင္(၇)ႏွစ္၊ မေ႐ႊဇင္ထက္(၁၀)ႏွစ္၊ မယဥ္သူေအး (၉)ႏွစ္၊ မထြန္းရတနာ(၇)ႏွစ္၊ ေမာင္ေကာင္းစည္သူစိုး (၇)ႏွစ္၊ ေမာင္လင္းလက္ေအာင္ (၇)ႏွစ္၊ မခ်စ္ျမတ္ႏိုး(၇)ႏွစ္၊ မငယ္ငယ္ (၇)ႏွစ္၊ မေမလဝန္း(၇)ႏွစ္၊ မအိနႏၵာၿဖိဳး(၇)ႏွစ္၊ မသြန္းသြန္း အိမ္စည္လင္း(၉)ႏွစ္၊ မသီသီၿဖိဳး (၉)ႏွစ္တို႔ ၁၉ ဦး စုစုေပါင္း ဆရာမ (၁)ဦး၊ ေက်ာင္းသား (၅)ဦး၊ ေက်ာင္းသူ (၁၃) ဦးတြင္ မိုင္းေပါက္ကြဲစထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ဒဏ္ရာရရွိသူမ်ားကို တာဝန္ရွိသူမ်ားက ကညင္ကတိုက္ေက်း႐ြာရွိ ေက်းလက္ေဆးေပးခန္းႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ ေဆးကုသေပးလ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္း မ်ားကို ျပည္သူလူထုႏွင့္ ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.