မြောက်ကိုရီးယားနိုင်ငံ အလေးချိန်တန်ချိန် ၅၀၀၀ ရှိဖျက်သင်္ဘောတစ်စီးကို အောင်မြင်စွာရေချနိုင်ခဲ့ဟုဆို

194

ဂျန်ဇက် (NP News) - ဇွန် ၁၃
မြောက်ကိုရီးယားအစိုးရသည် တန်ချိန် ၅၀၀၀ ရေတပ်သုံး ဖျက်သင်္ဘောအသစ်ကို ပြန်လည်ရေချခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားအစိုးရသည် ပြီးခဲ့သည့် လအတွင်း တန်ချိန် ၅၀၀၀ ရေတပ်သုံး ဖျက်သင်္ဘောအသစ်ကို ပထမဆုံးအကြိမ် ရေချရန် ကြိုးပမ်းခဲ့ပြီးနောက် တစ်လနီးပါးအတွင်း ပြန်လည်ရေချခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် မေလအတွင်း ဖျက်သင်္ဘောကို ရေချရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ပြီးနောက် လျင်မြန်စွာပြန်လည် ပြင်ဆင်ခဲ့ပြီး ဇွန်လအတွင်း ပြန်လည် ရေချခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားအစိုးရသည် ဖျက်သင်္ဘောကို အလုံးစုံ ပြန်လည် ပြင်ဆင်ခဲ့ပြီးနောက် ရေချခဲ့ခြင်းဖြစ်ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖျက်သင်္ဘောကို ပြီးခဲ့သည့်နှစ်အတွင်း စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်ဧပြီလနောက်ပိုင်း ကတည်းက ရေချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားအစိုးရသည် အကြီးမားဆုံးသင်္ဘောကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး နျူကလီးယားလက်နက်များ တပ်ဆင်အသုံးပြုနိုင်ရန် အလားလာများနေကြောင်း သိရသည်။
မြောက်ကိုရီးယားအစိုးရသည် လာမည့်နှစ်အတွင်း နျူကလီးယားလက်နက်များတပ်ဆင်နိုင်မည့် ဖျက်သင်္ဘော နှစ်စီး ထပ်မံတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ မြောက်ကိုရီးယားအစိုးရက ‘’အချုပ်အခြာအာဏာပိုင် တဲ့ရေပြင်အစွန်းမှာ သောင်းကျန်းနေတဲ့ ရန်သူရဲ့သင်္ဘောတွေကို ထိုင်ပြီး ကြည့်ရတာ ဘယ်လောက် ဒေါသနဲ့ မနှစ်မြို့ဖွယ် ကောင်းသလဲ၊လက်ရှိအချိန်မှာတော့ အဲဒီရန်သူတွေကို တုံ့ပြန်သွားမယ်” ဟု ပြောသည်။

Zawgyi Version:
ဂျန်ဇက် (NP News) - ဇွန် ၁၃