ဘင်္ဂလားဒေရှ့်ပြည်သူများက အစိုးရအဖွဲ့ကို ရန်သူလိုမျိုး ထင်မြင်နေကြောင်း ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပြော

 448

ဂျန်ဇက် (NP News) - ဇွန် ၁၄

ဘင်္ဂလားဒေရှ့်ပြည်သူများသည် အစိုးရအဖွဲ့ကို ရန်သူသဖွယ် ရှုမြင်နေကြောင်း ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရ အဖွဲ့ဝန်ကြီးချုပ် မိုဟာမက်ယူနွတ်က ထုတ်ပြောဆိုလိုက်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရာထူးမှ ဖြုတ်ချခံရကာ ပြည်ပထွက်ပြေးခဲ့ရကြောင်း သိရသည်။
ရှိတ်ဟာစီနာ ဦးဆောင်သည့် အစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယူနွတ်က အိမ်စောင့်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် အကျင့်ပျက် လာဘ်စားမှုများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ရာ ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့အသစ်ကို ယုံကြည်မှုပြန်လည်ရရှိ ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ယူနွတ်က ပြောသည်။
ပျံ့နှံ့နေသော အဂတိလိုက်စားမှုတွင် အစိုးရအဖွဲ့ဝင်များ၏ ငွေကြေးများကို ခိုးယူခြင်းနှင့် နိုင်ငံကူးလက်မှတ် ရယူခြင်းမှ လုပ်ငန်းပါမစ်လျှောက်ထားခြင်းအထိ အရောင်းအဝယ်ပြုလုပ်ခြင်းတိုင်းတွင် လာဘ်ပေးလာဘ်ယူမှုများ၊ ငွေကြေးတောင်းဆိုခြင်းများပါဝင်နေကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က “လူ့အဖွဲ့အစည်းဟာ ပျက်စီးနေသော စီးပွားရေး၊ ပျက်စီးယိုယွင်းနေခဲ့တယ်။ အုပ်ချုပ်ရေးမှာ လုံးဝပြိုလဲသွားတယ်။ အကျင့်ပျက်လာဘ်စားမှုကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ပြည်သူတွေရဲ့ ယုံကြည်မှုပြန်လည်ရရှိမှာဖြစ်တယ်။’ ဟု ပြောသည်။
ကြားဖြတ်အစိုးရမှ ဖွဲ့စည်းထားသောပြုပြင်ပြောင်းလဲရေးကော်မရှင်များသည် ရွေးကောက်ပွဲများ၊ အကျင့်ပျက် ခြစားမှု နှင့် သက်သာချောင်ချိရေးဆိုင်ရာ ဇန်နဝါရီလတွင် အကြံပြုချက်များ ပြုလုပ်ခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေးပါတီ များကြားတွင် အဆိုပါပြုပြင်ပြောင်းလဲရေးဆိုင်ရာသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အာရုံစိုက်လျက် ရှိနေကြောင်း ဝန်ကြီးချုပ်ယူနွတ်က ပြောသည်။
ဝန်ကြီးချုပ်ယူနွတ်က “ကော်မရှင်ရဲ့အကြံပြုချက်တွေဟာ အခြေခံကျတဲ့အကြံပြုချက်တွေ၊ ပေါ့ပါးတဲ့ အရာတွေ မဟုတ်ဘဲ၊ နည်းနည်း ပိုကောင်းအောင်လုပ်ဖို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့အလုပ်က တိုင်းပြည်ကို အကောင် အထည်ဖော်ဖို့နဲ့ပြင်ဆင်ဖို့၊ ကောင်းမွန်မှန်ကန်တဲ့ လည်ပတ်မှုစနစ်တစ်ခုဆီ ဦးတည်သွားဖို့ပါနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို စတင်ဖို့ အခြေအနေမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်” ဟု ပြောသည်။

Zawgyi Version:
ဘဂၤလားေဒရွ႕္ျပည္သူမ်ားက အစိုးရအဖြဲ႕ကို ရန္သူလိုမ်ိဳး ထင္ျမင္ေနေၾကာင္း ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၃
ဘဂၤလားေဒရွ႕္ျပည္သူမ်ားသည္ အစိုးရအဖြဲ႕ကို ရန္သူသဖြယ္ ရႈျမင္ေနေၾကာင္း ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရ အဖြဲ႕ဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏြတ္က ထုတ္ေျပာဆိုလိုက္သည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္သည့္ ဆႏၵျပပြဲျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာသည္ ရာထူးမွ ျဖဳတ္ခ်ခံရကာ ျပည္ပထြက္ေျပးခဲ့ရေၾကာင္း သိရသည္။
ရွိတ္ဟာစီနာ ဦးေဆာင္သည့္ အစိုးရအဖြဲ႕ ျဖဳတ္ခ်ခံရၿပီးေနာက္ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕ ဖြဲ႕စည္းခဲ့ၿပီး ယူႏြတ္က အိမ္ေစာင့္အစိုးရအဖြဲ႕တြင္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့သည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ အက်င့္ပ်က္ လာဘ္စားမႈမ်ားကို အျမစ္ျပတ္ေခ်မႈန္းသြားမည္ျဖစ္ရာ ဘဂၤလားေဒရွ႕္အစိုးရအဖြဲ႕အသစ္ကို ယုံၾကည္မႈျပန္လည္ရရွိ ရန္ တစ္ခုတည္းေသာနည္းလမ္းျဖစ္ေၾကာင္း ယူႏြတ္က ေျပာသည္။
ပ်ံ႕ႏွံ႔ေနေသာ အဂတိလိုက္စားမႈတြင္ အစိုးရအဖြဲ႕ဝင္မ်ား၏ ေငြေၾကးမ်ားကို ခိုးယူျခင္းႏွင့္ ႏိုင္ငံကူးလက္မွတ္ ရယူျခင္းမွ လုပ္ငန္းပါမစ္ေလွ်ာက္ထားျခင္းအထိ အေရာင္းအဝယ္ျပဳလုပ္ျခင္းတိုင္းတြင္ လာဘ္ေပးလာဘ္ယူမႈမ်ား၊ ေငြေၾကးေတာင္းဆိုျခင္းမ်ားပါဝင္ေနေၾကာင္း သိရသည္။
ဘဂၤလားေဒရွ႕္ဝန္ႀကီးခ်ဳပ္က “လူ႔အဖြဲ႕အစည္းဟာ ပ်က္စီးေနေသာ စီးပြားေရး၊ ပ်က္စီးယိုယြင္းေနခဲ့တယ္။ အုပ္ခ်ဳပ္ေရးမွာ လုံးဝၿပိဳလဲသြားတယ္။ အက်င့္ပ်က္လာဘ္စားမႈကို အျမစ္ျပတ္ေခ်မႈန္းႏိုင္မွသာ ျပည္သူေတြရဲ႕ ယုံၾကည္မႈျပန္လည္ရရွိမွာျဖစ္တယ္။’ ဟု ေျပာသည္။
ၾကားျဖတ္အစိုးရမွ ဖြဲ႕စည္းထားေသာျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္မ်ားသည္ ေ႐ြးေကာက္ပြဲမ်ား၊ အက်င့္ပ်က္ ျခစားမႈ ႏွင့္ သက္သာေခ်ာင္ခ်ိေရးဆိုင္ရာ ဇန္နဝါရီလတြင္ အႀကံျပဳခ်က္မ်ား ျပဳလုပ္ခဲ့သည္။ ႏိုင္ငံ၏ ႏိုင္ငံေရးပါတီ မ်ားၾကားတြင္ အဆိုပါျပဳျပင္ေျပာင္းလဲေရးဆိုင္ရာသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ရန္ အာ႐ုံစိုက္လ်က္ ရွိေနေၾကာင္း ဝန္ႀကီးခ်ဳပ္ယူႏြတ္က ေျပာသည္။
ဝန္ႀကီးခ်ဳပ္ယူႏြတ္က “ေကာ္မရွင္ရဲ႕အႀကံျပဳခ်က္ေတြဟာ အေျခခံက်တဲ့အႀကံျပဳခ်က္ေတြ၊ ေပါ့ပါးတဲ့ အရာေတြ မဟုတ္ဘဲ၊ နည္းနည္း ပိုေကာင္းေအာင္လုပ္ဖို႔ပဲ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ရဲ႕အလုပ္က တိုင္းျပည္ကို အေကာင္ အထည္ေဖာ္ဖို႔နဲ႔ျပင္ဆင္ဖို႔၊ ေကာင္းမြန္မွန္ကန္တဲ့ လည္ပတ္မႈစနစ္တစ္ခုဆီ ဦးတည္သြားဖို႔ပါေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသစ္ကို စတင္ဖို႔ အေျခအေနမွာ ရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ ဝမ္းသာပါတယ္” ဟု ေျပာသည္။

© 2021. All rights reserved.