အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို စတေးရန်ကြိုးပမ်းနေကြောင်း Republika Srpska ဒေသခေါင်းဆောင် ဝေဖန်

 352

Pika (NP News) - ဇွန် ၁၄

အနောက်အုပ်စုနိုင်ငံများသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားရန်အတွက် ယူကရိန်းကိုအသုံးပြုနေကြောင်း Bosnia and Herzegovina နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော Republika Srpska ၏ သမ္မတ Milorad Dodik က ထုတ်ဖော်ပြောဆိုခဲ့သည်။ Milorad Dodik သည် ယူကရိန်းနိုင်ငံပိုင် Mirotvorets (Peacemaker) ဝက်ဘ်ဆိုက် တွင် ရန်သူစာရင်းသို့ မကြာသေးမီက ထည့်သွင်းခံခဲ့ရကြောင်းလည်း သိရသည်။
အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ နှင့် အခြားအနောက်အုပ်စုနိုင်ငံများသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားရန်အတွက် ယူကရိန်းကို စတေးရန်ကြိုးပမ်းနေကြောင်း Milorad Dodik က ပြောခဲ့သည်။
ထို့ပြင် လက်ရှိပဋိပက္ခကိုဖြစ်ပွားစေခဲ့သည့် ရုရှားစကားပြောလူနည်းစုကို နှိပ်စက်ညှင်းပန်းမှုများ အပါအဝင် အမှားများစွာကို ယူကရိန်းဘက်က လုပ်ဆောင်ခဲ့ကြောင်း Milorad Dodik က ဝေဖန်ပြောဆိုခဲ့သည်။ Milorad Dodik က “ယူကရိန်းနိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေဟာ ၎င်းတို့ရဲ့ပိုင်နက်မှာ ရုရှားနိုင်ငံသားတွေရဲ့ ဘာသာ စကား နဲ့ ယုံကြည်မှုဆိုင်ရာအခွင့်အရေးတွေကို ငြင်းပယ်ဖို့ ကြိုးပမ်းပြီး ရုရှားကိုရန်စဖို့လမ်းကို ရွေးချယ်ခဲ့ ကြပါတယ်။ အဲဒါကြောင့်မလို့ ရုရှားစစ်တပ်ရဲ့စစ်ဆင်ရေးက လုံးဝကို မျှတပါတယ်။ ရုရှားနိုင်ငံဟာ ၎င်းရဲ့ ပြည်သူတွေကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် လက်ရှိအချိန်တွင် ယူကရိန်းပြည်သူများအတွက် အရေးအကြီးဆုံးအရာမှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိရန် ဖြစ်ကြောင်း Milorad Dodik က ပြောကြားခဲ့သည်။

Zawgyi Version:
အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းကို စေတးရန္ႀကိဳးပမ္းေနေၾကာင္း Republika Srpska ေဒသေခါင္းေဆာင္ ေဝဖန္
Pika (NP News) - ဇြန္ ၁၄
အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္ပြားရန္အတြက္ ယူကရိန္းကိုအသုံးျပဳေနေၾကာင္း Bosnia and Herzegovina ႏိုင္ငံအတြင္းရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္ေသာ Republika Srpska ၏ သမၼတ Milorad Dodik က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Milorad Dodik သည္ ယူကရိန္းႏိုင္ငံပိုင္ Mirotvorets (Peacemaker) ဝက္ဘ္ဆိုက္ တြင္ ရန္သူစာရင္းသို႔ မၾကာေသးမီက ထည့္သြင္းခံခဲ့ရေၾကာင္းလည္း သိရသည္။
အေမရိကန္၊ ၿဗိတိန္၊ ဂ်ာမနီ ႏွင့္ အျခားအေနာက္အုပ္စုႏိုင္ငံမ်ားသည္ ႐ုရွားႏွင့္စစ္ပြဲျဖစ္ပြားရန္အတြက္ ယူကရိန္းကို စေတးရန္ႀကိဳးပမ္းေနေၾကာင္း Milorad Dodik က ေျပာခဲ့သည္။
ထို႔ျပင္ လက္ရွိပဋိပကၡကိုျဖစ္ပြားေစခဲ့သည့္ ႐ုရွားစကားေျပာလူနည္းစုကို ႏွိပ္စက္ညႇင္းပန္းမႈမ်ား အပါအဝင္ အမွားမ်ားစြာကို ယူကရိန္းဘက္က လုပ္ေဆာင္ခဲ့ေၾကာင္း Milorad Dodik က ေဝဖန္ေျပာဆိုခဲ့သည္။ Milorad Dodik က “ယူကရိန္းႏိုင္ငံေရးထိပ္သီးေခါင္းေဆာင္ေတြဟာ ၎တို႔ရဲ႕ပိုင္နက္မွာ ႐ုရွားႏိုင္ငံသားေတြရဲ႕ ဘာသာ စကား နဲ႔ ယုံၾကည္မႈဆိုင္ရာအခြင့္အေရးေတြကို ျငင္းပယ္ဖို႔ ႀကိဳးပမ္းၿပီး ႐ုရွားကိုရန္စဖို႔လမ္းကို ေ႐ြးခ်ယ္ခဲ့ ၾကပါတယ္။ အဲဒါေၾကာင့္မလို႔ ႐ုရွားစစ္တပ္ရဲ႕စစ္ဆင္ေရးက လုံးဝကို မွ်တပါတယ္။ ႐ုရွားႏိုင္ငံဟာ ၎ရဲ႕ ျပည္သူေတြကို ကာကြယ္ပိုင္ခြင့္ရွိပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ လက္ရွိအခ်ိန္တြင္ ယူကရိန္းျပည္သူမ်ားအတြက္ အေရးအႀကီးဆုံးအရာမွာ ၿငိမ္းခ်မ္းေရးကို အျမန္ဆုံးရရွိရန္ ျဖစ္ေၾကာင္း Milorad Dodik က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.